စစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့ ဝင်တိုက်

RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။

ယနေ့ နံနက် (၇) နာရီ (၁၅) မိနစ်ဝန်းကျင်က မွန်ပြည်နယ် (တောင်ပိုင်း)၊ ရေး -ထားဝယ် ကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်သားများ စခန်းချစစ်ဆေးနေသည့် ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို ရေးဘီးဘူးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အပြန်လှန်ပစ်ခတ်မှု (၁) နာရီဝန်းကျင်အတွင်း စစ်ကောင်စီဘက်မှ အကျအဆုံးများကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတဦး သေဆုံးခဲ့ကြောင်း၊ ရေးဘီလူးတပ်ဖွဲ့ဝင် (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ (၂၅) ရက်နေကလည်း ရေးဘီလူးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

#RedNewsAgency

By Editor