ဖားအံထောင်

ကျိုက်မရောထောင်မှာ နိုင်ကျဉ်းများနှင့် ထောင်အာဏာပိုင်များအခြေအနေတင်းမာနေ

ကျိုက်မရောထောင်မှာ နိုင်ကျဉ်းများနှင့် ထောင်အာဏာပိုင်များအခြေအနေတင်းမာနေ

RNA_နိုဝင်ဘာ(၂၆)၊၂၀၂၂ ခုနှစ်။   ကရင်ပြည်နယ် ဖားအံထောင်မှ ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် ကျိုက်မရောထောင် ပြောင်းရွေ့ခံလိုက်ရသည့် အကျဉ်းသား (၁၅၀) ထဲမှ နိုင်ငံရေးအကျဉ်းသား အမျိုးသား (၃၀) နှင့် သာမန်အကျဉ်းသား (၇၀) နေရာချထားမှုနှင့် ပတ်သက်ပြီး ထောင်အာဏာပိုင်များနှင့် ကျိုက်မရောထောင်မှ နိုင်ငံရေးအကျဉ်းသားတို့အကြား အခြေအနေတင်းမာနေပြီးထောင်အာဏာပိုင်များက အကြမ်းဖက်ရန် ပြင်ဆင်နေသည်ဟု သိရသည်။   “ ထောင်ပြောင်းတာက ပြဿနာမဟုတ်ပါဘူး၊ အခုက ပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ ကို ၁၅ ယောက်စီခွဲပြီး သာမန်အကျဉ်းသားတွေနဲ့ရောထားပြီးတော့ သာမန်အကျဉ်းသား (၇၀) ကိုနိုင်ငံရေးအကျဉ်းသားတွေနဲ့ထားတယ်၊ အဲဒါကို နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးအကျဉ်းသားချင်းထားဖို့ ပြောရင်း အခြေအနေတင်းမာကုန်တာ၊ အရင်ကလည်း သာမန်အကျဉ်းသားတွေပြောင်းလာရင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ထားတာ…
Read More