Tag: မွန်ပြည်နယ်

  • နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က (၂) ယောက်သေ၊ ရဲဘော် (၅) ဦးဖမ်းဆီးခံရ

    နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က (၂) ယောက်သေ၊ ရဲဘော် (၅) ဦးဖမ်းဆီးခံရ

    RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။
     
    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာ (၃) နယ်မြေအတွင်း စစ်ကောင်စီတပ် အင်အားအများအပြားနှင့် မော်လမြိုင်အခြေစိိုက် အထူးမြေအောက်လှုပ်ရှားမှုအင်အားစု – SUMF ရဲဘော် (၅) ဦးတို့ အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က (၂) ဦးသေဆုံးပြီး ရဲဘော် (၅) ဦး ဖမ်းဆီးခံလိုက်ရသည်။
     
    မော်လမြိုင်မြို့၊ ဇေယျာ (၃) နယ်မြေအတွင်း ယမန်နေ့ ( နိုဝင်ဘာ ၁၄ ရက်) ညနေ ၅ နာရီ ၃၀ မိနစ် ဝန်းကျင် Special Underground Movement Force – အထူးမြေအောက်လှုပ်ရှားမှုအင်အားစု ရဲဘော် (၅) ဦးကို ဝင်ဖမ်းရန်ပြုလုပ်သည့်အတွက် ည ၇ နာရီ ၃၀ မိနစ်အထိ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုအတွင်း ရပ်ကွက်အုပ်ကြီးသား ဒလန် ၁ ဦးနှင့် ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီဘက်က အင်အား ၃၀၀ ဝန်းကျင်က ရပ်ကွက်ကို ပိတ်ဆို့ကာ လက်နက်ကြီး လက်နက်ငယ်များစွာဖြင့် ပစ်ခတ်သဖြင့် အမျိုးသမီး ရဲဘော် ၁ ဦးပါအဝင် (၅) ဦးမှာ ဖမ်းဆီးခံလိုက်ရသည်ဟု SUMF က ထုတ်ပြန်ထားသည်။
     
    စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေး ရဲဘော် (၅) ဦးဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး “ အစဉ်လေးစားလျှက်ပါ ရဲဘော်တို့ မကြာခင်အကြွေးပြန်ယူမယ်” ဆက်လက်တော်လှန်သွားမည်ဟု Special Underground Movement Force က ပြောကြားထားပြီး၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့ကလည်း မော်လမြိုင်မြို့၊ ဒိုက်ဝန်ကွင်းနယ်မြေရဲစခန်းအတွင်းကို လက်ပစ်ဗုံးပစ်သွင်းခဲ့ကြသည်။
     
    #RedNewsAgency

  • ချောင်းနှစ်ခွရဲစခန်းကို KNLAနှင့်နဂါးနီစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်၊ ရဲ၃ဦးသေပြီး ၄ ဦးအရှင်ဖမ်းမိ

    ချောင်းနှစ်ခွရဲစခန်းကို KNLAနှင့်နဂါးနီစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်၊ ရဲ၃ဦးသေပြီး ၄ ဦးအရှင်ဖမ်းမိ

    RNA_နိုဝင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။

    မွန်ပြည်နည်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းကို KNLAပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတို့ ယမန်နေ့ ( နိုဝင်ဘာ ၁၂ ရက်) နံနက် ၆ နာရီဝန်းကျင်က တိုက်ခိုက်ခဲ့ခဒ့သည့်အတွက် ရဲ (၃)ဦး သေဆုံးပြီး၊ ၂ဦးထွက်ပြေးကာ ၄ ဦးအရှင်ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

    ” KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းမှ ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာတွင် စခန်းမှူး လှကျော်ဦး၊ဒုတပ်ကြပ် စိုးငြိမ်းဦး၊တပ်သား အောင်နန်းဇွန်တို့ သေဆုံးပြီး၊ရဲဘော်တလာကိုနှင့်ဒုရဲအုပ်နန္ဒစိုးတို့ထွက်ပြေး၊ တပ်ကြပ်ကြီး အေးကို၊ရဲတပ်သား လွင်ကိုဟိန်း၊ ဒုတပ်ကြပ် မျိုးအေး၊ရဲတပ်သား ကိုလင်းတို့ကို အရှင်ဖမ်းဆီးရမိခဲ့ပါသည်” ဟု နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ် ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် (၃) ဦး တိုက်ခိုက်ခံရပြီး သေဆုံး

    စစ်ကောင်စီတပ် ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် (၃) ဦး တိုက်ခိုက်ခံရပြီး သေဆုံး

    RNA_နိုဝင်ဘာ(၁၀)၊၂၀၂၂ ခုနှစ်။
     
    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာအနီးတွင် ယနေ့နံနက် (၅) နာရီ (၃၀) မိနစ်ဝန်းကျင်က ပြည်သူများကို မတရားဖမ်းဆီးလာသည့်ယာဉ်ကို သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ခဲ့ရာတွင် ဖမ်းဆီးခံရသူများကိုလည်း ကယ်ထုတ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေ့ကျင့်ရေး (၉) ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် (၃) သုံးဦးသေဆုံးပြီး (၁) ဦးဒဏ်ရာရကာထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
     
    “ကားပေါ်မှ လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ပါသည်။ မတရားဖမ်းဆီးခံရသူကိုလည်း ကယ်ထုတ်နိုင်ခဲ့ပါသည်။ ဗိုလ်မှူး ချစ်ဝင်းသူသည် ထုံးဘိုလေးကျေးရွာ မီးရှို့မှုတွင် အဓိကပါဝင်သူဖြစ်ပြီး သထုံမြို့တွင်း တက်ကြွလှုပ်ရှားသူများအား မတရားဖမ်းစီးချင်း ဝီယော်ကျေးရွာ ရေတံခွန်လာသော လူငယ်များအား မတရားဖမ်းစီးချင်း မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချချင်း ကားမှောင်ခိုလုပ်ငန်းများ လုပ်ကိုင်ချင်းများကို အဓိကလုပ်ဆောင်နေသူလည်း ဖြစ်ပါသည်” ဟု သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
     
    သထုံမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သားများ အသေအဆုံးများနေကြောင်း သိရသည်။
    Red News Agency

  • ရဲစခန်းအား တိုက်ခိုက်ခြေမှုန်းအပြန် တိုက်ပွဲဖြစ်ပြီး MSRO တာဝန်ခံ ရဲဘော် သီဟနေစိုး ကျဆုံး 

    ရဲစခန်းအား တိုက်ခိုက်ခြေမှုန်းအပြန် တိုက်ပွဲဖြစ်ပြီး MSRO တာဝန်ခံ ရဲဘော် သီဟနေစိုး ကျဆုံး 

    RNA_အောက်တိုဘာ(၁၈)၊၂၀၂၂ခုနှစ်။

    မွန်ပြည်နယ်၊ ရေးမြို့အနောက်ဘက် (၇) မိုင်ခန့် အကွာရှိ အစင်ကျေးရွာအုပ်စု၊ဇီးဖြူသောင်ကျေးရွာ နယ်မြေရဲစခန်းအား အောက်တိုဘာလ (၁၇) ရက်နေ့က သွား ရောက်တိုက်ခိုက် ခြေမှုန်းပြီးအပြန် တိုက်ပွဲဖြစ်ကာ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့စည်း (MSRO) မှ တာဝန်ခံရဲဘော် ကိုသီဟနေစိုး (ခ) တိုဘီ (ခ) ကိုအဂ္ဂ သည် မြင့်မြတ်စွာကျဆုံးခဲ့ပါကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ထောင်နိုင်ရန် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်အဖွဲ့အား ဖယ်ရှားပြီးမှသာ ပြုလုပ်နိုင်မည်

    ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ထောင်နိုင်ရန် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်အဖွဲ့အား ဖယ်ရှားပြီးမှသာ ပြုလုပ်နိုင်မည်

    RNA_ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။

    မွန်ပြည်နယ်အတိုင်ပင်ခံ ကောင်စီက ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ထောင်နိုင်ရန် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီအား ဖယ်ရှားပြီးမှသာလျှင် ပြုလုပ်နိုင် မည်ဖြစ်ကြောင်း (၇၅)ကြိမ်‌မြောက် စိန်ရတုမွန်အမျိုးသားနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ယခုနှစ် ကျရောက်သည့် (၇၅)ကြိမ်‌မြောက် စိန်ရတုမွန်အမျိုးသားနေ့သည် တပို့တွဲလပြည့်ကျော် ၁ ရက် (ဖေဖော်ဝါရီလ ၁၆ ရက်) ဖြစ်ကြောင်း၊ သမိုင်းမှတ်တမ်းများအရ အေဒီ ၅၇၃ ခုနှစ်၊ သာသနာနှစ် ၁၁၁၆ ခု၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့တွင် သုဝဏ္ဏဘူမိ နေပြည်တော်မှ မွန်မင်းသား နှစ်ပါးဖြစ်သော သမလ နှင့် ဝိမလ ညီနောင်မှ ဟံသာဝတီ (ပဲခူး) တိုင်းနိုင်ငံအသစ်ကို စတင်တည်ထောင်ခဲ့သည့် လ/ရက်ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ကာ ၁၉၄၇ ခုနှစ်မှ စတင်ကျင်းပခဲ့ကြကြောင်း သိရသည်။ (more…)

  • ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခရီးသွားပြည်သူများနှင့် တွေ့ဆုံနှုတ်ဆက်

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခရီးသွားပြည်သူများနှင့် တွေ့ဆုံနှုတ်ဆက်

    RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။

    မွန်ပြည်နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် MSRU /ရေးဘီးလူး /YSTF တပ်ဖွဲ့ ၃ ဖွဲ့က ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ဝန်းကျင်က ရေးမြို့နယ် စံပြကျေးရွာအနီး အာရှလမ်းမကြီး ရေး မော်လမြိုင် ထားဝယ် ကားလမ်း​မ​ပေါ်တွင် ပြည်သူနှင့်တိုက်ရိုက်မိတ်ဆက်ခြင်း လက်သုံးချောင်းထောင်ကာ တော်လှန်ရေးအတွက်အသင့်ရှိနေမည်ဖစ်ကြောင်းပြသခဲ့ပီး ပြည်သူနဲ့အတူ ခေတ္တမျှ တွေ့ဆုံခြင်းပြုလုပ်ခဲ့ကြသည်။

    ခရီးသွားပြည်သူများနှင့်တွေ့ဆုံ နှုတ်ဆက်သည့်နေရာသည် စစ်ကောင်စီတပ်ရင်း ၁၀၆/၅၈၈ တပ်ရင်းနှင့် ၃၄၃ / ၅၈၇ တပ်ရင်းကြားတွင်ဖြစ်ကြောင်း MSRU က ထုတ်ပြန်ထားသည်။

    Red News Agency

  • စစ်တပ်က ဗိုလ်မှူးအဆင့်အငြိမ်းစား၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း သေနတ်ပစ်ခံရပြီး သေဆုံး

    စစ်တပ်က ဗိုလ်မှူးအဆင့်အငြိမ်းစား၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း သေနတ်ပစ်ခံရပြီး သေဆုံး

    RNA_ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၂ ခုနှစ်။

    မွန်ပြည်နယ်၊ ရေးမြို့နယ် တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်လောင်းအဖြစ် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စစ်တပ်က ဗိုလ်မှူးအဆင့် (ဒုတပ်ရင်းမှူး) အငြိမ်းစား ဦးအောင်နိုင်ဝင်း ယနေ့ နံနက်ပိုင်းက သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    ဦးအောင်နိုင်ဝင်းသည် စစ်တက္ကသိုလ် အမှတ်စဥ် (၃၈) ဗိုလ်လောင်းသင်တန်း းကို ၁၉၉၃ ခုနှစ်မှာ တက်ရောက်ခွင့်ရရှိခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ သင်တန်းပြီးကာ ဒုတိယဗိုလ် အဆင့်မှ ဗိုလ်မှူးအဆင့်၊ ဒုတိယတပ်ရင်းမှူးရာထူးအထိ တာဝန်ကျရာ တပ်အသီးသီးမှာ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ရာမှ အငြိမ်းစားယူခဲ့ကြောင်း သိရသည်။ (more…)