Tag: နိုင်/ကျဉ်း

  • မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသူတချို့ ရိုက်နှက်ခံနေရ 

    မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသူတချို့ ရိုက်နှက်ခံနေရ 

    RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။

    မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးအမျိုးသားနှင့် အမျိုးသမီး ဝန်ထမ်းတချို့က နိုင်ငံရေးအကျဉ်းသူတချို့ကို ဆဲဆို ရိုက်နှက်မှုများရှိကြောင်း သိရသည်။

    ပြီးခဲ့သည့် ရက်ပိုင်းက အမျိုးသမီးအဆောင်တွင် သာမန်အကျဉ်းသူတချို့နှင့် စကားအခြေအတင်ဖြစ်ရာတွင် မြင်းခြံထောင် ဝန်ထမ်း (၂) ပွင့် နှင့် ဒေါ်မြင့်ဇော်မှ အမျိုးသား ဝန်ထမ်းများကိုခေါ်ကာ နိုင်ငံရေးအကျဉ်းသူ တချို့ကို ဒုတ်ဖြင့်ရိုက်ခြင်း၊ ဆဲဆိုခြင်းစသည်တို့ ပြုလုပ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုအသိုင်းအဝန်းမှ သိရသည်။

    (more…)

  • နိုင်ငံရေးအကျဉ်းသားဟောင်း ကိုတင်ထွဋ်ပိုင် ထောက်ဒဏ် (၇) နှစ်ချမှတ်ခံရ 

    နိုင်ငံရေးအကျဉ်းသားဟောင်း ကိုတင်ထွဋ်ပိုင် ထောက်ဒဏ် (၇) နှစ်ချမှတ်ခံရ 

    RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။

    အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံများက မတရားဖမ်းဆီးပြီး အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မြောက်ဥက္ကလာပမြို့နယ်မှ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုတင်ထွဋ်ပိုင်ကို အင်းစိန်ထောင် အထူးတရားရုံးမှ ယနေ့ ထောင်ဒဏ် (၄) နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

    ယနေ့ အင်းစိန်ထောင်အထူးတရားရုံးမှ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများအက်ဥပဒေပုဒ်မ ၅ ဖြင့် စွဲဆိုခံထားရသည့်အမှုအတွက် ထောင်ဒဏ် (၄) နှစ်ချမှတ်လိုက်သည့်အတွက် ယခင်က ချမှတ်ခံထားရသည့် ထောင်ဒဏ် (၃) နှစ်ရှိသည့်အတွက် စုစုပေါင်း ထောင်ဒဏ် (၇) နှစ်ချမှတ်ခံထားရကြောင်း သိရသည်။

    (more…)

  • ကျိုက်မရောထောင်မှာ နိုင်ကျဉ်းများနှင့် ထောင်အာဏာပိုင်များအခြေအနေတင်းမာနေ

    ကျိုက်မရောထောင်မှာ နိုင်ကျဉ်းများနှင့် ထောင်အာဏာပိုင်များအခြေအနေတင်းမာနေ

    RNA_နိုဝင်ဘာ(၂၆)၊၂၀၂၂ ခုနှစ်။
     
    ကရင်ပြည်နယ် ဖားအံထောင်မှ ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် ကျိုက်မရောထောင် ပြောင်းရွေ့ခံလိုက်ရသည့် အကျဉ်းသား (၁၅၀) ထဲမှ နိုင်ငံရေးအကျဉ်းသား အမျိုးသား (၃၀) နှင့် သာမန်အကျဉ်းသား (၇၀) နေရာချထားမှုနှင့် ပတ်သက်ပြီး ထောင်အာဏာပိုင်များနှင့် ကျိုက်မရောထောင်မှ နိုင်ငံရေးအကျဉ်းသားတို့အကြား အခြေအနေတင်းမာနေပြီးထောင်အာဏာပိုင်များက အကြမ်းဖက်ရန် ပြင်ဆင်နေသည်ဟု သိရသည်။
     
    “ ထောင်ပြောင်းတာက ပြဿနာမဟုတ်ပါဘူး၊ အခုက ပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ ကို ၁၅ ယောက်စီခွဲပြီး သာမန်အကျဉ်းသားတွေနဲ့ရောထားပြီးတော့ သာမန်အကျဉ်းသား (၇၀) ကိုနိုင်ငံရေးအကျဉ်းသားတွေနဲ့ထားတယ်၊ အဲဒါကို နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးအကျဉ်းသားချင်းထားဖို့ ပြောရင်း အခြေအနေတင်းမာကုန်တာ၊ အရင်ကလည်း သာမန်အကျဉ်းသားတွေပြောင်းလာရင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ထားတာ လက်ခံတယ်၊ ဒါပေမဲ့ သာမန်အကျဉ်းသားတွေထဲမှာ ဆေးသုံးစွဲသူတွေပါတယ်၊ ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အဆင်မပြေတာတွေရှိလို့ အခုလို တောင်းဆိုနေကြတာဖြစ်တယ်၊ ဒါကို ထောင်အာဏာပိုင်တွေက သေနတ်များပါ ထုတ်သုံးဖို့ အသင့်ပြင်ထားတယ်လို့ ကြားနေရတယ် ” ဟု ကျိုက်မရောထောင်ရောက် နိုင်ငံရေးအကျဉ်းသား မိသားစုနှင့် နီးစပ်သူ တဦးက ပြောသည်။

    (more…)