KNLA၊ PDF ပူးပေါင်းစစ်ကြောင်းက မော်လမြိုင်-ရေး- ထားဝယ်လမ်းမပေါ်မှာ ၃ နေရာခွဲပြီး စစ်ဆေး

RNA_ဇွန်(၁၉)၊၂၀၂၃ ခုနှစ်။

မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမပေါ်တွင် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့က ၃ နေရာခွဲကာ စစ်ဆေးခြင်းနှင့်လုံခြုံရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။

ဇွန်လ ၁၈ ရက်နေ့ နံနက် ၇ နာရီမှ ၁၁ နာရီထိ KNLA တပ်ရင်း ၂၇ တပ်ဖွဲ့ဝင်များနှင့် PDF ပူးပေါင်းစစ်ကြောင်းဟာ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမကြီးတစ်လျှောက် နေရာ ၃ နေရာခွဲပြီး စစ်ဆေးစဉ် စစ်​ကောင်စီနှင့်ဆက်စပ်သူဟု ယူဆရသူ ၄ ဦးကို ထိန်းသိမ်းခဲ့ပြီး စစ်ဆေးမှုပြုလုပ်နေကြောင်း သိရသည်။


KNLA တပ်ရင်း ၂၇ က မော်လမြိုင်-ထားဝယ်-မြိတ် အမှတ် (၈) လမ်းပိုင်းတွင် သွားလာကြမည့် ကားများတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းပါအဝင် စစ်အင်အားတိုးချဲ့ခြင်းအတွက် လူတင်မှုများပြုလုပ်မည်ဆိုပါက အရေးယူမည်ဖြစ်ကြောင်း ဇွန်လ ၁၀ ရက်နေ့ကတည်းက ထုတ်ပြန်ထားသည်။

မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေသည့် ယာဉ်များအနေဖြင့် KNLA တပ်ဖွဲ့ဝင်များ စစ်ဆေးချိန် ကြည်ဖြူစွာလက်ခံရန်၊ စစ်ကောင်စီနှင့်ပတ်သက်သည့် ပစ္စည်း၊ လူ စသည်တို့ကို မတင်ဆောင်ရန် စသဖြင့် မှတ် ၈ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် အမိန့်ထုတ်ပြန်ချက်အတိုင်း စစ်ဆေးသွားမည်ဟု ကြေညာထားသည်။

#RedNewsAgency

By Editor