MSRF

မွန်ပြည်တော်လှန်ရေးတပ်အနေဖြင့် စစ်ဆင်ရေးမှာ အရှိန်မြှင့်ဖော်ဆောင်နေ

မွန်ပြည်တော်လှန်ရေးတပ်အနေဖြင့် စစ်ဆင်ရေးမှာ အရှိန်မြှင့်ဖော်ဆောင်နေ

RNA_စက်တင်ဘာ(၂)၊၂၀၂၅ခုနှစ်။ မွန်ပြည်တော်လှန်ရေးတပ် - MSRF အနေဖြင့် မွန်ပြည်နယ်အတွင်းရှိ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်( တောင်ပိုင်းနှင့်မြောက်ပိုင်း)၊ တနင်္သာရီတိုင်းအတွင်းရှိ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲနှင့် သရက်ချောင်းမြို့နယ်အထိ ဖြန့်ကျက်ကာ တော်လှန်ရေးပူးပေါင်းမဟာမိတ်အဖွဲ့များနှင့် စစ်ဆင်ရေးများကို အရှိန်မြှင့်ဖော်ဆောင်နေသည်ဟု သိရသည်။ မွန်ပြည်တော်လှန်ရေးတပ် စစ်ဆင်ရေးသုံးနှစ်ပြည့် ( ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်) အစီရင်ခံစာတွင် စစ်ဆင်ရေးများ အရှန်မြှင့်ဖော်ဆောင်လျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ ၃၃ နှင့် ညီနောင်တပ်ဖွဲ့ အဖြစ် ဖွဲ့နိုင်ခြင်းများ၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ အထိ…
Read More
မွန်ပြည်တော်လှန်ရေးတပ် နှင့် မွန်ပြည်ကာကွယ်ရေးတပ်တို့ ပူးပေါင်း တိုက်ပွဲဝင်မည်

မွန်ပြည်တော်လှန်ရေးတပ် နှင့် မွန်ပြည်ကာကွယ်ရေးတပ်တို့ ပူးပေါင်း တိုက်ပွဲဝင်မည်

RNA_ဧပြီ(၇)၊၂၀၂၄ ခုနှစ်။ မွန်ပြည်သူများ၏ သဘောဆန္ဒကို ဦးထိပ်ထားပြီး၊ မွန်နိုင်ငံရေး အင်အားစုများအကြား ညီညွတ်ရေးကို ဦးတည်သည့်အတွက် မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲများကို မဟာမိတ်အသွင်ဖြင့် အတူတကွ ပူးပေါင်းတိုက်ပွဲဝင်မည်ဖြစ်ကြောင်း သိရသည်။ MSRFမှ နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီ တာဝန်ရှိသူတချို့သည် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)တွင် ပါဝင်ပြီး နိုင်ငံရေးတာဝန်များကို ပူးပေါင်း တာဝန်ယူသွားမည်ဖြစ်ကြောင်း၊ MSRF နှင့် MSDF တို့သည် စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်အမျိုးမျိုးကို အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားပြီး အချုပ်အခြာအာဏာနှင့် ပြည့်ဝသော မွန်ပြည် ထူထောင်နိုင်သည်အထိ မဟာမိတ်တပ်များအဖြစ် အတူတကွပူးပေါင်း တိုက်ပွဲဝင်သွားရန်စသည့် သဘောတူညီမှုများ ရရှိခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။…
Read More