MSFC

မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ပြန်လည်ဖွဲ့စည်း

မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ပြန်လည်ဖွဲ့စည်း

RNA_မေ(၂၇)၊၂၀၂၄ခုနှစ်။ မွန်ပြည်ကြားကာလ (တော်လှန်ရေးကာလ) အုပ်ချုပ်ရေး အစီအမံများအား ဆောင်ရွက်ရန်် မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ဒုတိယကြိမ် ညီလာခံပြီးသည့် နောက်ပိုင်း မွန်ပြည်(နယ်) တွင် အာဏာ (၃) ရပ်အား ကျင့်သုံးနိုင်ရန် (က) ဥပဒေပြုရေး ကော်မတီ (ခ) တရားရေး ကော်မတီနှင့် (ဂ) အုပ်ချုပ်ရေး ကော်မတီတို့ကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ ပြန်လည်ဖွဲ့စည်းသည့် ပြည်ဖက်ဒရယ်ကောင်စီတွင် ဥက္ကဋ္ဌ နိုင်မွန်ဆိုင်း၊ ဒု-ဥက္ကဋ္ဌ၊ ကာကွယ်ရေးဌာန ဌာနမှူး နိုင်ဒင်းပလဟံသာ၊ ပြည်ထဲရေးဌာန ဌာနမှူး နိုင်ပညာမာန်၊ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာန ဌာနမှူး မိသုတဂျော်၊ ပညာရေးဌာန ဌာနမှူး မိမူဘဲ့၊ ကျန်းမာရေးဌာန ဌာနမှူး မိမငေးသဇင်၊…
Read More
မွန်ပြည်တော်လှန်ရေးတပ် နှင့် မွန်ပြည်ကာကွယ်ရေးတပ်တို့ ပူးပေါင်း တိုက်ပွဲဝင်မည်

မွန်ပြည်တော်လှန်ရေးတပ် နှင့် မွန်ပြည်ကာကွယ်ရေးတပ်တို့ ပူးပေါင်း တိုက်ပွဲဝင်မည်

RNA_ဧပြီ(၇)၊၂၀၂၄ ခုနှစ်။ မွန်ပြည်သူများ၏ သဘောဆန္ဒကို ဦးထိပ်ထားပြီး၊ မွန်နိုင်ငံရေး အင်အားစုများအကြား ညီညွတ်ရေးကို ဦးတည်သည့်အတွက် မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲများကို မဟာမိတ်အသွင်ဖြင့် အတူတကွ ပူးပေါင်းတိုက်ပွဲဝင်မည်ဖြစ်ကြောင်း သိရသည်။ MSRFမှ နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီ တာဝန်ရှိသူတချို့သည် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)တွင် ပါဝင်ပြီး နိုင်ငံရေးတာဝန်များကို ပူးပေါင်း တာဝန်ယူသွားမည်ဖြစ်ကြောင်း၊ MSRF နှင့် MSDF တို့သည် စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်အမျိုးမျိုးကို အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားပြီး အချုပ်အခြာအာဏာနှင့် ပြည့်ဝသော မွန်ပြည် ထူထောင်နိုင်သည်အထိ မဟာမိတ်တပ်များအဖြစ် အတူတကွပူးပေါင်း တိုက်ပွဲဝင်သွားရန်စသည့် သဘောတူညီမှုများ ရရှိခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။…
Read More