မွန်တိုင်းရင်းသားတော်လှန်ရေးတပ် (၄) တပ်ပေါင်းပြီး ပူးတွဲစစ်ရေးလှုပ်ရှားမည်

RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။

မွန်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များဖြစ်သော မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF) နှင့် မွန်ပြည် တော်လှန်ရေးတပ် (MSRF) တို့၏ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မွန်တော်လှန်ရေးတပ်ဖွဲ့ (၄) ဖွဲ့ပေါင်းပြီး ဒီဇင်ဘာ ၁၈ ရက်နေ့က စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးပြုလုပ်ခဲ့ကြောင်း၊ ထိုအစည်အးဝေးတွင် မွန်တော်လှန်ရေးတပ်များအားလုံး တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းလာရေး အကောင်အထည်ဖော်ရန် သဘောတူခဲ့ပြီး ပထမအဆင့်အနေဖြင့် တပ်ဖွဲ့ (၄) ဖွဲ့မှ ပူးတွဲစစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု သဘောတူခဲ့ကြောင်း ထုတ်ပြန်ကြေညာထားသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor