မွန်တော်လှန်ရေးတပ်

မွန်-ကရင်အစပ် ထိတွေ့တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မွန်-ကရင်အစပ် ထိတွေ့တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

RNA_အောက်တိုဘာ(၁၇)၊၂၀၂၆ခုနှစ်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပုလိန်ကျေးရွာအနီး၌ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း ရာမညမွန်တပ်တော် (RMA) က အောက်တိုဘာ (၁၆) ရက်တွင် ထုတ်ပြန်ထားသည်။ မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ကျေးရွာအခြေစိုက် စစ်အုပ်စု အမှတ် (၃၁၈) အမြောက်တပ်ရင်းမှ စစ်အုပ်စုတပ်ဖွဲ့များသည် အဘစ်ကျေးရွာနှင့် တံခွန်တိုင်ကျေးရွာကို ဆက်သွယ်ထားသည့် ကားလမ်းမတစ်လျှောက် စစ်ကြောင်းထိုးလာချိန် ပုလိန်မြို့နယ်အနီး၌ ထိတွေ့တိုက်ပွဲ (၃) ရက်ဆက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မွန်နှင့် ကရင်ပြည်နယ်အစပ် ပုလိန်ကျေးရွာအနီး၌ အောက်တိုဘာ (၁၂) ရက်မှ (၁၄) ရက်နေ့အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုဘက်မှ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူများလည်း လုပ်ဆောင်ခဲ့ကြောင်း၊…
Read More
မွန်လက်နက်ကိုင် (၂) ဖွဲ့ပေါင်းပြီး ရာမညမွန်တပ်တော်ဖွဲ့စည်း 

မွန်လက်နက်ကိုင် (၂) ဖွဲ့ပေါင်းပြီး ရာမညမွန်တပ်တော်ဖွဲ့စည်း 

RNA_မေ(၂၅)၊၂၀၂၅ခုနှစ်။ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA တို့ပေါင်းစည်းပြီး ရာမညမွန်တပ်တော် - Ramonnya Mon Army (RMA) ကို မေလ ၂၄ ရက်နေ့က ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ NMSP (AD) နိုင်ငံရေး စစ်ရေးကော်မတီဦးဆောင်မှုဖြင့် ရာမညမွန်တပ်တော်၏ စစ်ရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ရန် အဖွဲ့ဝင် (၇) ဦးပါဝင်သော စစ်ကော်မတီကို ဖွဲ့စည်းပြီး စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထော၊ ဒုစစ်ဦးစီးချုပ် (၁) ဗိုလ်မှူးကြီးစိုးဝင်းနှင့် ဒုစစ်ဦးစီးချုပ် (၂) ဗိုလ်မှူးကြီးကျည်ဆံတို့အား ခန့်အပ်တာဝန်ပေးထားသည်ဟု ပူးပေါင်းထားသည့် (၂) ဖွဲ့က ပူးတွဲကြေညာချက်ကို ထုတ်ပြန်ထားသည်။ (more…)
Read More
မွန်တိုင်းရင်းသားတော်လှန်ရေးတပ် (၄) တပ်ပေါင်းပြီး ပူးတွဲစစ်ရေးလှုပ်ရှားမည်

မွန်တိုင်းရင်းသားတော်လှန်ရေးတပ် (၄) တပ်ပေါင်းပြီး ပူးတွဲစစ်ရေးလှုပ်ရှားမည်

RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။ မွန်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များဖြစ်သော မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF) နှင့် မွန်ပြည် တော်လှန်ရေးတပ် (MSRF) တို့၏ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ (more…)
Read More