ပင်လောင်းမြို့နယ်

မိုးဗြဲ PDF တပ်ရင်းတိုးချဲ့တည်ထောင်ခြင်း (၁) နှစ်ပြည့် အခမ်းအနားကျင်းပ 

မိုးဗြဲ PDF တပ်ရင်းတိုးချဲ့တည်ထောင်ခြင်း (၁) နှစ်ပြည့် အခမ်းအနားကျင်းပ 

RNA_ဇွန်(၇)၊၂၀၂၃ ခုနှစ်။ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်းအမှတ် ၁၀၀၇ (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၂) တိုးချဲ့ တည်ထောင်ခြင်း ( ၁) နှစ်ပြည့်အခမ်းအနား ယနေ့ ကျင်းပခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့သည် စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံသည့်တွန်းလှန်ခြင်း ၂ နှစ်ပြည့်နှင့် မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်ရင်း ၂တိုးချဲ့တည်ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနားကို အခြေအနေအရ အကျဥ်းချုပ်ပြုလုပ်ခဲ့ရကြောင်း၊ တပ်ရင်းအမှတ် ၁၀၀၁ ( ယမိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၁) မှအဖြစ်မှ စစ်မြေပြင်တည်နေရာ အနေအထားအရ ခွဲထွက်ကာ တိုးချဲ့ဖွဲ့စည်းခဲ့ရခြင်း ဖြစ်သည်ဟု MOBYE PDF ၂ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ” ဖြစ်ပွား စေရန် စစ်ကောင်စီဖန်တီးနေ

”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ” ဖြစ်ပွား စေရန် စစ်ကောင်စီဖန်တီးနေ

RNA_မတ်(၁၅)၊၂၀၂၃ ခုနှစ်။ ပအိုဝ်းပြည်သူများနှင့် ကရင်နီပြည်သူများအကြား အမုန်းတရားကြီးထွားလာစေရန် လုပ်ကြံဖန်တီးပြီး ”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ" ရည်ရွယ်ချက်ရှိရှိဖြင့် သွေးထိုးလှုံ့ဆော်နေသော အကြမ်း ဖက်စစ်ကောင် စီ၏လုပ်ရပ်များအား ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC က ပြင်းပြင်း ထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်းရွာဘုန်းကြီးကျောင်းအတွင်းတွင် ကျောင်းထိုင် ဆရာတော်အပါအဝင် သံဃာတော်(၃)ပါး၊ အမျိုးသမီး (၁)ဦးနှင့်အမျိုးသား(၁၈)ဦးတို့ကိုစစ်ကောင်စီတပ်က ရက်စက်ကြမ်းကြုတ်စွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းသည် “လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှု” နှင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုကြောင့် “စစ်ရာဇဝတ်မှု” မြောက်ကြောင်း သိရသည်။ (more…)
Read More
နမ့်နိန်းကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအတွင်း ပျောက်ဆုံးနေသည့် ၁၁ ဦးရှာမတွေ့သေး

နမ့်နိန်းကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအတွင်း ပျောက်ဆုံးနေသည့် ၁၁ ဦးရှာမတွေ့သေး

RNA_မတ်(၁၅)၊၂၀၂၃ ခုနှစ်။   ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ စစ်ကောင်စီတပ်ဝင်စီးပြီး ဘုန်းတော်ကြီးကျောင်းအတွင်း သံဃာ(၃) ပါးနှင့် အမျိုးသမီး (၁)ဦး၊ အမျိုးသား (၁၈)ဦးတို့ကို သတ်ဖြတ်သွားသည့်အပြင် ပျောက်ဆုံးနေသည့် ကျေးရွာသား (၁၁) ဦးယနေ့အထိ မတွေ့ရှိသေးကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ခမ်းကောင်)မှ တာဝန်ရှိသူတဦးကပြောသည်။   စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ (၁၁) ရက်နေ့ညနေက လက်နက်ကြီးပစ်ကူများ၊ လေကြောင်းပစ်ကူများယူကာ နမ့်နိန်းကျေးရွာအတွင်း ဝင်စီးပြီး သံဃာတော် (၃)ပါးနှင့် အရပ်သား (၁၉) ဦးကို ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေရာမှ ဆွဲထုတ်ပြီး ဓား၊သေနတ်တို့အသုံးပြုကာ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ကို သက်ဆိုင်ရာအဖွဲ့အစည်းများက အတည်ပြုထားသည်။ (more…)
Read More
ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများနှင့် အရပ်သားများကို စစ်ကောင်စီတပ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပြုလုပ်

ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများနှင့် အရပ်သားများကို စစ်ကောင်စီတပ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပြုလုပ်

RNA_မတ်(၁၃)၊၂၀၂၃ခုနှစ်။ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နမ်းနှိမ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် ဘုန်းတော်ကြီး (၃) ပါးနှင့် အရပ်သား (၂၅) ဦးတို့ကိုစစ်ကောင်စီတပ်သားများကိုပစ်သတ်ခဲ့သည့်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည်။ စစ်ကောင်စီတပ်သည် မတ်လ (၁၁) ရက်နေ့က နမ်းနှိမ်ကျေးရွာအနီးကို တိုက်လေယာဉ်ပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကျေးရွာကို ဝင်စီးပြီး ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသူများကို ဖမ်းဆီးကာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးနေသူ (၃၀) ကျော်မှ သေဆုံးရုပ်အလောင်း (၂၈) လောင်းတွေ့ရှိခဲ့သည်ဟု KNDF ကထုတ်ပြန်ထားသည်။ (more…)
Read More