Tag: လက်နက်ကိုင်

  • NUG အဖြေရှာရမယ့် ပုစ္ဆာများ

    NUG အဖြေရှာရမယ့် ပုစ္ဆာများ

    “လက်နက်ရှိတဲ့သူတွေ လက်နက်ကိုင်ပြီး ရန်သူနဲ့ရင်ဆိုင်ရသူတွေက အာဏာရှင်ဆန်ဆန်ဖြစ်လာတဲ့ အခြေနေမှာ အထက်က မကြည်ပြာကိစ္စမှာလည်း လက်နက်မရှိပေမယ့်လက်နက်ကိုင်တပ် အားကိုးနဲ့ အာဏာရှင် ဆန်လာတာကလည်း တော်လှန်ရေးပုံရိပ်ကို အရောင်ဆိုးသွားစေတယ်”

    ရန်နိုင်

    အရှုပ်တော်ပုံတွေ ခဏခဏပေါ်ပြီး ရှင်းလို့မပြီးသေးတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရာထူးကြီး ပိုင်းတွေထဲ အခုတခါအလှည့်ကျလာတာတော့ အမြဲတမ်းအတွင်းဝန်တယောက်ဖြစ်တဲ့ ဒေါ်ကြည်ပြာ နဲ့ သူမအမျိုးသား ဦးညီညီမင်း ဆိုသူပါ။ နှုတ်ထွက်သွားတဲ့ ဝန်ထမ်း ဆယ်ယောက်ကျော်က အချက်အလက်ခိုင်ခိုင်မာမာနဲ့ တိုင်ကြားထားတာတွေ့ရ တယ်။ ဓါတ်ပုံသက်သေ၊ ရုပ်သံသက်သေ၊ စကရင်ရှော့သက်သေ တွေပြည့်ပြည့်စုံစုံနဲ့ တိုင်ကြားထားကြတယ်။

    “လူ့အခွင့်ရေးချိုးဖောက်မှု၊ အလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှု၊ ဝန်ထမ်းများအပေါ်နှင့် တော်လှန်ရေးအစိုးရ အတွင်း မလျှော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်ဆောင်ရွက်နေမှု” ဆိုတဲ့ အလွန်ရဲတင်းတဲ့စွပ်ဆွဲချက်တွေနဲ့ တိုင်ထားတာကို တွေ့ရပါတယ်။

    ဒီအကြောင်းအရာတွေကို မှန်ခြင်း/မှားခြင်းဆိုပြီး မဝေဖန်ပဲ ဒီလိုအဖြစ်မျိုးတွေ ဖြစ်နေတယ်ဆိုတဲ့ အကြောင်းအရာတွေ၊ ဒီလိုအဖြစ်တွေကြောင့် တော်လှန်ရေးအပေါ် လူထုရဲ့ယုံကြည်မှုထိခိုက်ရတဲ့ အကြောင်းတွေနဲ့ လိပ်မူခံရတဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားစီရင်ရေးယန္တရားက ဘယ်လောက်ထိ အလုပ်လုပ်နိုင်မလဲဆိုတဲ့ ရှု့ထောင့်ကနေ အနည်းငယ်လေ့လာကြည့်ရအောင်ပါ။

    (more…)

  • မြန်မာ့မူးယစ်လောကနဲ့ သစ္စာရှင် သစ္စာခံများ၏ နောက်ကွယ်မှ ဇာတ်ရှုပ်များ

    မြန်မာ့မူးယစ်လောကနဲ့ သစ္စာရှင် သစ္စာခံများ၏ နောက်ကွယ်မှ ဇာတ်ရှုပ်များ

    “မူးယစ်ဆေးဝါး ပြဿနာသည် သာမန်ရာဇဝတ်မှုတစ်ခု (သို့မဟုတ်) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပြဿနာသက်သက် မဟုတ်ဘဲ၊ နိုင်ငံတော်၏ အာဏာတည်ဆောက်မှု ဗိသုကာနှင့် ဆက်စပ်နေသည်။ တပ်မတော်နှင့်၎င်းတို့၏ မဟာမိတ်များ (ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များ)သည် နယ်မြေထိန်းချုပ်ရေး၊ စစ်ရေး ရန်ပုံငွေနှင့်ကိုယ်ပိုင်အကျိုး အမြတ်တို့အတွက် မူးယစ်ဆေးဝါးထုတ်လုပ်မှု၏ ဗဟိုချက်အဖြစ် ရပ်တည်နေသည်”

    ရန်နိုင်

    မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းဖြူ/ဘိန်းစိမ်း (Opium/Heroin) ထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည့်အပြင်၊ မက်သာဖက်တမင်း (Methamphetamine) ကဲ့သို့သော ဓာတုမူးယစ်ဆေးဝါး ထုတ်လုပ်မှုတွင် ကမ္ဘာ့အကြီးဆုံး ထုတ်လုပ်သူအဖြစ် သတ်မှတ်ခံထားရသည်။ အဆိုပါ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းကြီးများသည် မြန်မာနိုင်ငံ၏ တရားမဝင် စီးပွားရေးစနစ်၏ အချက်အချာတွင် ရှိနေပြီး၊ နိုင်ငံ၏ စစ်ရေးပဋိပက္ခများနှင့် နိုင်ငံရေး အာဏာတည်ဆောက်မှုတို့ကို ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ထောက်ပံ့နေခဲ့သည်။

    ဝေဖန်သူများနှင့် ကျွမ်းကျင်သူများ၏ အဆိုအရ၊ ဤကဲ့သို့ ကြီးမားသော မူးယစ်ဆေးဝါး လုပ်ငန်းကြီးများ လည်ပတ်နေခြင်းသည် တိုင်းပြည်ကို အုပ်ချုပ်နေသော စစ်တပ် (တပ်မတော်)နှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၏ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော ပတ်သက်မှု၊ အဂတိလိုက်စားမှုနှင့် မဟာဗျူဟာမြောက် ထိန်းချုပ်မှုများကြောင့်သာ ဖြစ်သည်ဟု ခိုင်မာစွာ ယူဆကြသည်။

    (more…)

  • လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ထုတ်ဖော်ဖို့ လိုအပ်နေတဲ့ အညာ

    လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ထုတ်ဖော်ဖို့ လိုအပ်နေတဲ့ အညာ

    RNA_နိုဝင်ဘာ(၁၀)၊၂၀၂၄ခုနှစ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် အညာဒေသအတွင်းမှ ပြည်သူများသည် လူ့အခွင့်အရေး​ချိုးဖောက်ခံရမှုမျိုးစုံ ကြုံတွေ့နေကြရသည့်အတွက် ကျူးလွန်ခဲ့ရသည့်ပြည်သူများအပါအဝင် အရပ်ဖက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများက ထုတ်ဖော်ဖို့ လိုအပ်နေကြောင်း တင်ပြလိုက်ရပါသည်။

    [embedyt] https://www.youtube.com/watch?v=hpeV6pxPYVg[/embedyt]

    Red News Agency

  • လမ်းမပေါ်က အလှူခံမဏ္ဍပ်များ

    လမ်းမပေါ်က အလှူခံမဏ္ဍပ်များ

    လမ်းမပေါ်တက် အလှူခံပြီး ရံပုံငွေရှာတာကို ဒုတိယအချက်အနေနဲ့ စဥ်းစားရမှာက စစ်ကောင်စီဂိတ်တွေနဲ့ နီးတဲ့အပြင် အထင်ကရလမ်းမကြီးပေါ်ဖြစ်တာကြောင့် မကြာခဏဆိုသလို အဲ့ဒီလမ်းပိုင်းပေါ်က တော်လှန်လူငယ်တွေက စစ်တပ်ရဲ့ စစ်ရေးပစ်မှတ်ဖြစ်နေရတယ်။ ဥပမာ စစ်သားတွေက စစ်ကိုင်းဖက်က ဂိတ်တခုကနေ ခရီးသွားယာဥ်ပေါ်တက်လိုက်လာတယ်။ အလှူခံနေတဲ့ ဂိတ်ရောက်မှ ကားမရပ်ခိုင်းဘဲ ကားပေါ်ကနေ သေနတ်နဲ့ပစ်သွားတယ်။ လူငယ်တွေမှာ ပြဆင်ဆင်ချိန်မရှိ ခုခံမှုမရှိ အသက်ပေးရတယ်”

    ခေတ်ငြိမ်းအေး

    ကျွန်မ  မန္တလေးကနေ မုံရွာကို ကားနဲ့သွားတဲ့နေ့က လမ်းမှာလည်း ကျွန်မက လှတပတဝတ်စားထားပြီး မုန့်တွေတမျိုးပြီးတမျိုးစားပြီး လိုက်လာတာပေါ့။ ကြည့်လိုက်တာနဲ့ ပိုက်ဆံသုံးနိုင်တဲ့သူမှန်း သိသာနေတာမျိုးပဲ။ ကျွန်မစီးလာတဲ့ ကားက မန္တလေးကနေ စစ်ကိုင်းမြို့ကိုဖြတ်ပြီး မန္တလေး မုံရွာလမ်းမကြီးပေါ်အတိုင်း မှန်မှန်မောင်းလာရင်း ကားကို PDF ရဲဘော်တွေက တားကြတယ်။ စစ်ဆေးရေးဂိတ်လားလို့ ထင်ပေမယ့် သူတို့ အလှူခံနေကြတာဖြစ်တယ်။ ဆယ်မိနစ်လောက်ကားစီးပြီးရင် တဖွဲ့ တခါ နောက်ဆယ်မိနစ်ကျော်လောက် ကားစီးပြီးရင် တဖွဲ့နဲ့ တော်လှန်ရေးအဖွဲ့တွေ အလှူခံနေကြတာ အဲ့လမ်းပိုင်းလေးမှာတင် ဆယ်ဖွဲ့ကျော်တယ်။ 

    အဲ့ဒီတော်လှန်ရေးသမားတွေ ထွက်အလှူခံတဲ့ လမ်းပိုင်းနာမည်က ချောင်းဦး မြင်းမူး စစ်ကိုင်း လမ်းပိုင်းဖြစ်ပြီး အဲ့ဒီလမ်းက မုံရွာကနေ မန္တလေးကို သွားတဲ့ လမ်းပိုင်း တခုဖြစ်တယ်။ အဲ့ဒီလမ်းက မုံရွာမြို့အပြင် မုံရွာမြို့နှင့် အနီးတဝိုက် မြို့နယ်များမှ ရန်ကုန် မန္တလေး အစရှိသော မြို့ကြီးတွေကို သွားလာနိုင်တဲ့ တခုတည်းသော လမ်းဖြစ်တယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးမှာ စစ်ကိုင်းတိုင်းက ပုံစံမျိုးစုံနဲ့ နေရာပေါင်းစုံတွင် တက်အားသ၍ ပါဝင်နေသော နေရာတခုဖြစ်တယ်ဆိုတာ ထူးပြီးပြောပြနေစရာတော့ လိုမယ်မထင်ပါဘူး။ 

    စစ်ကိုင်းတိုင်းလို့ ပြောလိုက်တာနဲ့ လက်ညှိုးထိုးမလွှဲ တော်လှန်ရေးတပ်ဖွဲ့များ ကြင်လည်ကျက်စားနေတယ်ဆိုတာကို   တွေ့ရပါလိမ့်မယ်။ အလားတူ ချောင်းဦးမြို့နယ် မြင်းမူမြို့နယ်တို့ကလည်း တော်လှန်ရေးမှာ အားသွန်ခိုက်စွာ ပါဝင်လှုပ်ရှားနေကြတဲ့နေရာတွေဖြစ်သလို Local PdF၊ ရပ်ရွာကာကွယ်ရေးအဖွဲ့အပါအဝင် NUG – MOD ရဲ့ တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်လှုပ်ရှားနေကြတယ်။    

    အဲ့ဒီလက်ညိုးထိုးမလွှဲတဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအသုံးစရိတ်နှင့် စခန်းစရိတ်တွေကို ပြည်တွင်းပြည်ပ အလှူရှင်များ အင်တိုက်အားတိုက် ကူညီနေကြပေမယ့် လုံလောက်တဲ့ အနေအထားမဟုတ်ပေ။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကလည်း တပ်ရင်းဘယ်လောက် တပ်ဖွဲ့ ဘယ်လောက်လို့ ပြောပေမဲ့ အလုံးစုံ ပြည့်စုံအောင် ထောက်ပံ့မထားနိုင်တာ အားလုံးအသိဖြစ်ပါတယ်။ ဒါကြောင့် ဒီဒေသက တော်လှန်ရေးတပ်ဖွဲ့တွေဟာ Online ကနေ အလှူခံတာ၊ သီးနှံတွေကို ကိုယ်တိုင်စိုက်ပျိုးတာ၊ ကိုယ့်အသိမိတ်ဆွေတွေဆီက အလှူခံတာအပြင် လမ်းပေါ်မှာ အလှူခံထွက်လာကြရတယ်။ 

    (more…)

  • မူဆယ်မြို့ ဗုံးပေါက်ကွဲမှု (၅) နှစ်ကလေးငယ်အပါအဝင် (၈) ဦးဒဏ်ရာရ

    မူဆယ်မြို့ ဗုံးပေါက်ကွဲမှု (၅) နှစ်ကလေးငယ်အပါအဝင် (၈) ဦးဒဏ်ရာရ

    RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ခုနှစ်။

    ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ မင်္ဂလာမူဆယ် လမ်းမကြီး၊ မြစ်ရွှေလီလမ်းမနှင့် လင်းရောင်ခြည်လမ်းမကြား ယနေ့ နံနက် (၁၁) နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွာခဲ့ရာ (၅) နှစ်အရွယ် ယောက်ျားလေးတဦးနှင့် အမျိုးသမီး(၃)ဦးအပါအဝင် (၈) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ : “နှလုံးလှ”လူမှုကူညီရေးအသင်း 

    ” ဗုံးပေါက်ကွဲမှု ကျားရှစ်ယောက်အနက် ငါးနှစ်ကလေးငယ်ယောကျာ်လေးတစ်ယောက်ပါဝင်ပြီး မသုံးယောက်ဒဏ်ရာရရှိခဲ့ပါသည်။ကျား (1)မန္တလေးဆေးရုံသို့ လွှဲပြောင်းကူညီပေးခဲ့ပါသည်။လမ်းမကြီးဘေးမှ ဆိုင်ခန်းတချို့နှင့် လမ်းဘေးရပ်ထားသောကားသုံးလေးစီးခန့် အနည်းငယ်ပျက်စီးထိခိုက်” ဟု “နှလုံးလှ”လူမှုကူညီရေးအသင်း(မူဆယ်)က အသိပေးထားသည်။

    ဓာတ်ပုံ : “နှလုံးလှ”လူမှုကူညီရေးအသင်း 

    ဗုံးပေါက်ကွဲမှုအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ် (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မူဆယ်မြို့တွင် စစ်ကောင်စီတပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့အထက်ရှိကြောင်း သိရသည်။

    ဓာတ်ပုံ : “နှလုံးလှ”လူမှုကူညီရေးအသင်း

    #RedNewsAgency