နယ်ခြားစောင့်တပ်

မြန်မာ့မူးယစ်လောကနဲ့ သစ္စာရှင် သစ္စာခံများ၏ နောက်ကွယ်မှ ဇာတ်ရှုပ်များ

မြန်မာ့မူးယစ်လောကနဲ့ သစ္စာရှင် သစ္စာခံများ၏ နောက်ကွယ်မှ ဇာတ်ရှုပ်များ

"မူးယစ်ဆေးဝါး ပြဿနာသည် သာမန်ရာဇဝတ်မှုတစ်ခု (သို့မဟုတ်) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပြဿနာသက်သက် မဟုတ်ဘဲ၊ နိုင်ငံတော်၏ အာဏာတည်ဆောက်မှု ဗိသုကာနှင့် ဆက်စပ်နေသည်။ တပ်မတော်နှင့်၎င်းတို့၏ မဟာမိတ်များ (ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များ)သည် နယ်မြေထိန်းချုပ်ရေး၊ စစ်ရေး ရန်ပုံငွေနှင့်ကိုယ်ပိုင်အကျိုး အမြတ်တို့အတွက် မူးယစ်ဆေးဝါးထုတ်လုပ်မှု၏ ဗဟိုချက်အဖြစ် ရပ်တည်နေသည်" ရန်နိုင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းဖြူ/ဘိန်းစိမ်း (Opium/Heroin) ထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည့်အပြင်၊ မက်သာဖက်တမင်း (Methamphetamine) ကဲ့သို့သော ဓာတုမူးယစ်ဆေးဝါး ထုတ်လုပ်မှုတွင် ကမ္ဘာ့အကြီးဆုံး ထုတ်လုပ်သူအဖြစ် သတ်မှတ်ခံထားရသည်။ အဆိုပါ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းကြီးများသည် မြန်မာနိုင်ငံ၏ တရားမဝင် စီးပွားရေးစနစ်၏ အချက်အချာတွင် ရှိနေပြီး၊ နိုင်ငံ၏ စစ်ရေးပဋိပက္ခများနှင့် နိုင်ငံရေး…
Read More
လူကုန်ကူးခံထားရသော (၇၀၀၀) ကျော်ကို ပြန်ခေါ်ကြရန် BGF မေတ္တာရပ်ခံ

လူကုန်ကူးခံထားရသော (၇၀၀၀) ကျော်ကို ပြန်ခေါ်ကြရန် BGF မေတ္တာရပ်ခံ

RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၅ခုနှစ်။   မြဝတီဒေသအတွင်း ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်များတွင် လူကုန်ကူးခံထားရပြီး နေရပ်ပြန်လိုသော နိုင်ငံ (၂၈) နိုင်ငံမှ နိုင်ငံသား (၇၀၀၀) ကျော်ကို သက်ဆိုင်ရာနိုင်ငံများအလိုက် အမြန်ဆုံးပြန်လည်ခေါ်ယူကြရန် ယနေ့ မေတ္တာရပ်ခံထားသည်။   "အိမ်ပြန်ချင်တဲ့ မိမိနိုင်ငံသားကို ကိုယ့်ရဲ့သားသမီးကဲ့သို့ သဘောထားပြီးတော့ ပြန်ပို့တဲ့ အချိန်မှာ အမြန်ဆုံး ပြန်လည်လက်ခံဖို့ မေတ္တာရပ်ခံချင်ပါတယ်" ဟု ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောကြားထားသည်။ (more…)
Read More
KIA နှင့် PDF များကို ချေမှုန်းရန်စစ်မိန့်ပေးခြင်းသည် မထုတ်ပြန်သင့်သော “စစ်မိန့်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

KIA နှင့် PDF များကို ချေမှုန်းရန်စစ်မိန့်ပေးခြင်းသည် မထုတ်ပြန်သင့်သော “စစ်မိန့်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

RNA_စက်တင်ဘာ(၁၀)၊၂၀၂၄ ခုနှစ်။ နယ်မြေကျူးကျော် ဝင်ရောက်သူများဖြစ်သော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များကို ယတိပြတ်ခုခံချေမှုန်းရန် ကချင်ပြည်နယ်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း စစ်မိန့်ပေးစာသည် မထုတ်ပြန်သင့်သော "စစ်မိန့်" ဟု KIA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က Facebook စာမျက်နှာမှတဆင့် အသိပေးထားသည်။ (more…)
Read More
လူလည်လူမိုက် ရွေးလိုက်စမ်း.. “အကြိုက်”

လူလည်လူမိုက် ရွေးလိုက်စမ်း.. “အကြိုက်”

"တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း အချိန်မရွေး ပြန်သိမ်းလို့ရတယ်ဆိုတာ အားလုံးအသိဖြစ်သွားပါတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ တည်နေရာကိုထင်ထင်ရှားရှားသိလိုက်ရသလို ငွေလိမ်ဂိုဏ်းတွေကို ကာကွယ်ပေးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကိုလည်း ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်" ရန်နိုင် ကရင်ပြည်နယ်မှာ စစ်ကောင်စီကို အဓိကအထောက်အကူပေးပြီး အိမ်ကြက်ခြင်းအိုးမဲသုတ် ခွပ်ပေးနေတဲ့ နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ပေးနေတာကတော့ ဗိုလ်မှူးစောချစ်သူဦးဆောင်တဲ့ BGF တပ်ရင်းတွေပဲ ဖြစ်တယ်။ အခြေအနေကို အခြေခံပြီးတော့ ဗိုလ်မှူးစောချစ်သူက မတ်လပထမအပတ်မှာ KNA အဖြစ်သီးခြားရပ်တည်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သင်္ကြန်တုန်းကတော ဖားအံမှာ BGF တွေက စစ်ကောင်စီတပ်နဲ့အတူ တွေ့ရှိကြရပါတယ်။ မင်အောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်လက်အောက်က BGF (Border Guard Force) အဖြစ်ကနေ လစာမယူတော့ဘူးဆိုပြီး လက်မောင်း ဘက်တံဆိပ်တွေပြောင်းမယ်၊ ကရင်အမျိုးသားတပ်မတော်…
Read More