ဝါဒဖြန့်ချိရေး

အမျိုးသားရေးခေါင်းပေါင်း နှင့် စစ်ခေါင်းဆောင်၏ မအောင်မြင်သည့် နှစ်တနှစ်

အမျိုးသားရေးခေါင်းပေါင်း နှင့် စစ်ခေါင်းဆောင်၏ မအောင်မြင်သည့် နှစ်တနှစ်

“မျိုးချစ်စိတ်နိုင်ငံချစ်စိတ်ဆိုတဲ့စကား အသုံးနှုန်းကတော့ တပ်ထဲမှာ အမြဲပြောလေ့ရှိပါတယ်။ တကယ်က နိုင်ငံနဲ့လူမျိုးကိုချစ်တယ် ဆိုတာကတော့ ခုအချိန်မှာ စကားအဖြစ်ပဲရှိတာလေ” ရေးသားသူ-စိုးဦး “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့် ဆောင်ပုဒ်ကို ကိုင်ဆွဲကာ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် “ဇာတိမာန်” သီချင်းသံများသည် အခြေခံပညာအထက်တန်းကျောင်း အများအပြား၌ ဆူဆူညံညံထွက်ပေါ်လာခဲ့သည်။ ထိုအခမ်းအနားများကို စစ်ကောင်စီစိုးမိုးထားရာ ပဲခူးတိုင်းနှင့် မြို့ကြီးအချို့ရှိ အခြေခံပညာအထက်ကျောင်းများတွင်ပြုလုပ်ခဲ့ပြီး စစ်ယူနီဖောင်းဝတ်များနှင့် အုပ်ချုပ်ရေးအကြီးပိုင်းများက ကမကထ လုပ်ကာ ပါဝင်ကျင်းပခဲ့သည်။ "တကျော့ပြန် အမျိုးသားရေးဝါဒ နှင့် စာသင်ကျောင်းများ" အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများကို မြို့နယ်၊ ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးများ ဦးဆောင်ကာ အခြေခံပညာကျောင်းအထက်တန်း ကျောင်းများတွင် ကျင်းပပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သဝဏ်လွှာမိန့်ခွန်းကို…
Read More