စစ်ပွဲ

အစ္စရေးအစိုးရနှင့် ဟားမတ်စ်တို့ ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိပြီးနောက် ဓားစာခံ ၅၀ ဦးထပ်မံလွတ်မြောက်

အစ္စရေးအစိုးရနှင့် ဟားမတ်စ်တို့ ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိပြီးနောက် ဓားစာခံ ၅၀ ဦးထပ်မံလွတ်မြောက်

RNA_နိုဝင်ဘာ(၂၃)၊၂၀၂၃ ခုနှစ်။ အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း ဖမ်းဆီးသွားသော ဓားစာခံ ၂၄၀ ဦးအနက် ၅၀ ဦးကို လွှတ်ပေးရန်နှင့် ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အစ္စရေးအစိုးရမှ ထောက်ခံမဲ ၃၅ မဲနှင့် နိုဝင်ဘာ ၂၂ ရက်နေ့က သဘောတူညီချက်ရရှိခဲ့ပြီးနောက် ယနေ့ နံနက် (နိုဝင်ဘာ ၂၃ ရက်) ၁၀ နာရီခန့်မှာ ဓားစာခံ ၅၀ ဦး လွတ်မြောက်လာကြောင်း အစ္စရေးအစိုးရက ထုတ်ပြန်ထားသည်။ "အခု ဓါးစာခံတွေ ပြန်လည်လွှတ်မြောက်လာဖို့အတွက် ဆွေးနွေးနေချိန်မှာ ကျွန်တော်သက်သေချပြရမယ့်ဟာတစ်ခုနဲ့ စတင်ပါမယ်၊ ဓါးစာခံတွေပြန်လည်လွတ်မြောက်စေဖို့အတွက် ကျွန်တော်တို့ဟာ စစ်ပွဲတွေကို ရပ်ထားရပါမယ်၊ ကိစ္စတွေပြီးသွားရင်တော့ စစ်ပွဲတွေ ပြန်စရပါမယ်၊ မနေ့က…
Read More
ဟားမတ်စ်အဖွဲ့၏ ဖမ်းဆီးခံရသည့် အမေရိကန်နိုင်ငံသားဆယ်ကျော်သက်နှင့်သူမ၏ မိခင်တို့ ပြန်လည်လွတ်မြောက်

ဟားမတ်စ်အဖွဲ့၏ ဖမ်းဆီးခံရသည့် အမေရိကန်နိုင်ငံသားဆယ်ကျော်သက်နှင့်သူမ၏ မိခင်တို့ ပြန်လည်လွတ်မြောက်

မောင်လူအေး(လှည်းတန်း)/ RNA_အောက်တိုဘာ(၂၁)၊၂၀၂၃ ခုနှစ်။ ဟားမတ်စ် စစ်သွေးကြွအဖွဲ့က ဖမ်းဆီးသွားသည့် အမေရိကန်နိုင်ငံသား ဆယ်ကျော်သက် Natalie Raanan နှင့် မိခင်ဖြစ်သူ Judith Raanan တို့ ဖမ်းဆီးခံရပြီးနောက် နှစ်ပတ်အကြာ သောကြာနေ့က ပြန်လွတ်လာပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ချီကာကိုမြို့မှာ နေထိုင်သည့် ဖခင်ဖြစ်သူ Uri Raanan ပြောသည်။ "သူမနေကာင်းပါတယ်၊ သူမကောင်းကောင်း ကျန်းမာပါတယ်၊ သူမနဲ့ဖုန်းပြောရပါတယ်" လို့ Natalie Raanan ၏ ဖခင်ဖြစ်သူက ပြောကြားထားသည်။ လွတ်မြောက်လာတဲ့ Natalie Raanan နှင့် မိခင်ဖြစ်သူ Judith Raanan တို့သည် မိသားစုနှင့် ပြန်လည်တွေ့ဆုံရန် အစ္စရေးအလယ်ပိုင်းရှိ စစ်တပ်အခြေစိုက်စခန်းကို ထွက်ခွာလာပြီဟု အစ္စရေးဝန်ကြီချုပ်…
Read More
ဟားမတ်စ်-အစ္စရေး စစ်ပွဲအတွင်း သေဆုံး ထိုင်းနိုင်ငံသား ၈ ဦး ရုပ်အလောင်းများ ထိုင်းလေဆိပ်ရောက်ရှိ

ဟားမတ်စ်-အစ္စရေး စစ်ပွဲအတွင်း သေဆုံး ထိုင်းနိုင်ငံသား ၈ ဦး ရုပ်အလောင်းများ ထိုင်းလေဆိပ်ရောက်ရှိ

RNA_အောက်တိုဘာ(၂၀)၊၂၀၂၃ ခုနှစ်။ ဟားမတ်စ်-အစ္စရေး စစ်ပွဲအတွင်း သေဆုံးသူ ထိုင်းနိုင်ငံသား ၈ ဦး၏ ရုပ်အလောင်းများကို အလုပ်သမားဝန်ကြီးဌာန အကြီးတန်းအရာရှိများက နာရေးဗင်ကားများ ပန်းခွေများနှင့်အတူ ယနေ့ နံနက်ပိုင်းမှာ Suvarnabhumi လေဆိပ်မှာ လက်ခံရယူခဲ့သည်ဟု ထိုင်းအလုပ်သမားဝန်ကြီး Pipat Ratchakitprakarn က ပြောကြားထားသည်။ အဆိုပါလေဆိပ်သို့ ထိုင်းနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး Ms Orna Sagiv က အစ္စရေးနိုင်ငံမှာ ဟားမတ်စ်များ၏ သတ်ဖြတ်ခြင်ခံရသည့် င်းအလုပ်သမား ၈ ဦး ရုပ်အလောင်းတွေကို Suvarnabhumi လေဆိပ်မှာ လာရောက် ဂါရဝပြုခဲ့သည်။ (more…)
Read More
အစ္စရေးနှင့် ယူကရိန်းတို့ကို ‌ဒေါ်လာဘီလီယံများစွာ စစ်ရေးအကူညီများပေးမည်ဟု အမေရိကန်သမ္မတ Joe Biden ပြောကြား

အစ္စရေးနှင့် ယူကရိန်းတို့ကို ‌ဒေါ်လာဘီလီယံများစွာ စစ်ရေးအကူညီများပေးမည်ဟု အမေရိကန်သမ္မတ Joe Biden ပြောကြား

RNA_အောက်တိုဘာ(၂၀)၊၂၀၂၃ခုနှစ်။ စစ်မက်ဖြစ်ပွားနေသည့ အစ္စရေးနှင့် ယူကရိန်းစစ်ပွဲတို့အတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ စစ်ရေးအကူအညီများကို ပေးမည်ဟု အမေရိကန် သမ္မတ Joe Bidenက အိမ်ဖြူတော်ဘဲဥပုံရုံးခန်းကနေ ယမန်နေ့က အမေရိကန်လူထုကို နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် တိုက်ရိုက်‌ထည့်သွင်း ပြောကြားခဲ့သည်။ အမေရိကန်များ၏ ခေါင်းဆောင်မှုနှင့်အတူ ကမ္ဘာကြီးကို အတူတကွ ထိန်းသိမ်းကြမည်ဖြစ်ကြောင်း၊ ယခုဖြစ်ပွားနေသည့် ပဋိပက္ခများဝေးနေသေးတယ်လို့ ထင်ရကြောင်း၊ အမေရိကန်များအတွက် အမျိုးသားလုံခြုံရေးသည် တကယ်ကို မရှိမဖြစ်လိုအပ်ကြောင်း၊ အစ္စရေးနှင့်ယူကရိန်း နှစ်နိုင်ငံအတွက် စစ်ရေးအကူညီတွေပေးဖို့အတွက် ကွန်ဂရက်လွှတ်တော်ကို ဘီလီယံပေါင်းများစွာ တောင်းခံထားသည်ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။ (more…)
Read More
အစ္စရေးနိုင်ငံရောက် ထိုင်းနိုင်ငံသား ၉၀ ဦး ယနေ့ ပြန်ရောက်

အစ္စရေးနိုင်ငံရောက် ထိုင်းနိုင်ငံသား ၉၀ ဦး ယနေ့ ပြန်ရောက်

RNA_အောက်တိုဘာ(၁၅)၊၂၀၂၃ ခုနှစ်။ အစ္စရေးနိုင်ငံကို သွားရောက် အလုပ်လုပ်နေသည့် ထိုင်းနိုင်ငံသား (၉၀) ဦး ယနေ့ နံနက်ပိုင်းက Airbus A-340 ဖြင့် Tel Aviv မှ ထိုင်းနိုင်ငံ U Tapao လေဆိပ်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထိုင်းလေဆိပ်မှ တဆင့် ဘန်ကောက်ရှိ SC Park Hotel သို့ ပြန်လည်ရောက်ရှိလာသည့် ထိုင်းနိုင်ငံသားများကို ပို့ဆောင်ပေးခဲ့ပြီး၊ မိသားစုများနှင့် ဆွေမျိုးသားချင်းများ ဟိုတယ်မှာ တွေ့ဆုံခဲ့ကြသည်။ ဟားမတ်စ် - အစ္စရေး စစ်ပွဲအတွင်း ထိုင်းနိုင်ငံသား သေဆုံးသူ ၂၈ ဦးရှိပြီး၊ ဟားစတ်စ်အဖွဲ့၏ ပြန်ပေးဆွဲခံထားရသည့် ထိုင်းနိုင်ငံသား ၁၇ ဦးရှိကြောင်း၊ ဒဏ်ရာရရှိသူ…
Read More