Tag: တပ်ပျက်နေ

  • အာဏာသိမ်းပြီး ဘုရင်လုပ်ချင်တဲ့ လောဂျစ်အမှားနဲ့ မင်းအောင်လှိုင်

    အာဏာသိမ်းပြီး ဘုရင်လုပ်ချင်တဲ့ လောဂျစ်အမှားနဲ့ မင်းအောင်လှိုင်

    “ပြည်သူ့စစ်အင်အားထဲက ၅၀ ရာခိုင်နှုန်းလောက်ပဲ စစ်တပ်ကို ဆန့်ကျင်ခဲ့ရင်တောင် စစ်တပ်အတွက်နောက်ကျောမလုံရတဲ့ အခြေနေဖြစ်စေလိမ့်မယ်။ တကယ်တော့ ပြည်သူ့စစ်ဆိုတာ စစ်ကောင်စီအတွက် ခါးပိုက်ထဲက မြွေပွေးဖြစ်တယ်။ အချိန်မရွေး စစ်ကောင်စီကို ဒုက္ခပေးနိုင်တဲ့သူတွေဖြစ်သလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားရင်လည်း စစ်သင်တန်းပေးလိုက်တဲ့ စစ်တပ်က မိအေး နှစ်ခါနာ ဖြစ်အုံးမယ်”
    *********************************
    ရန်နိုင်

    စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီဖက်က ရလိုက်တာက စစ်မှုထမ်းဖို့စိတ်မပါတဲ့ သူတွေကို Brainwash လုပ်လို့ မရတော့တဲ့ အသက်အရွယ်ရောက်နေတဲ့သူတွေပဲ ဖြစ်တယ်။ အဲ့ဒီ အဓမ္မစုဆောင်းထားတဲ့ တပ်သားသစ်တွေကို စစ်ကောင်စီက ရလိုက်တဲ့အချိန်မှာပဲ တော်လှန်ရေး တပ်ဖွဲ့တွေဘက်က ရလိုက်တာက စစ်ကောင်စီရဲ့ ဗျူဟာမှူးတွေ၊ အရာရှိတွေ သေဆိုသေ၊ ရှင်ဆိုရှင်မယ့် အမိန့်ကျပြီးသား စစ်ခွေးပေါင်းများစွာနဲ့ တပ်စခန်း ပေါင်းများစွာပဲဖြစ်တယ်။

    အဖက်ဖက်က စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆေးမြီးတိုနည်းတွေဖြစ်တဲ့ ပျူစောထီးလို၊ ပြည်သူ့စစ်လို လက်ကိုင်တုတ်တွေကို မွေးထုတ်ပေးခဲ့တယ်။ စစ်မှုထမ်း ဉပဒေကို အတည်ပြုပြီးလည်း စစ်မတိုက်ချင်တဲ့သူတွေကို စစ်ပွဲထဲအတင်းအကျပ် ပါဝင်စေခဲ့တယ်။ အောက်ဆုံး အဆင့်မှ ဝင်လာရတဲ့ ရဲဘော်တွေကို ဘင်ခရာတပ်တွေနဲ့ ကြိုဆိုပြနေသလို ပန်းကုံးစွပ် ကြိုဆိုပွဲတွေနဲ့ အကြီးအကျယ် အောင်ပွဲခံပြနေခဲ့တယ်။

    အတင်းအကျပ် စုဆောင်းခံထားရတဲ့ ပြည်သူ့စစ်ဆိုတဲ့သူတွေက စစ်ကောင်စီကို အချိန်မရွေး သေနတ်ပြောင်းလှည့်ဖို့ အကြံထုတ်နေသူတွေဖြစ်တယ်။ ပြည်သူ့စစ်အင်အားထဲက ၅၀ ရာခိုင်နှုန်းလောက်ပဲ စစ်တပ်ကို ဆန့်ကျင်ခဲ့ရင်တောင် စစ်တပ်အတွက်နောက်ကျောမလုံရတဲ့ အခြေနေဖြစ်စေလိမ့်မယ်။ တကယ်တော့ ပြည်သူ့စစ်ဆိုတာ စစ်ကောင်စီအတွက် ခါးပိုက်ထဲက မြွေပွေးဖြစ်တယ်။ အချိန်မရွေး စစ်ကောင်စီကို ဒုက္ခပေးနိုင်တဲ့သူတွေဖြစ်သလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားရင်လည်း စစ်သင်တန်းပေးလိုက်တဲ့ စစ်တပ်က မိအေး နှစ်ခါနာ ဖြစ်အုံးမယ်။

    (more…)

  • အင်းစိန်ထောင်တွင်းမှ အဓမ္မခေါ်ထုတ်သွားသည့် အကျဉ်းသားများ စစ်မှုမထမ်းသည့်အတွက် ထောင်တွင်းပြန်ပို့

    အင်းစိန်ထောင်တွင်းမှ အဓမ္မခေါ်ထုတ်သွားသည့် အကျဉ်းသားများ စစ်မှုမထမ်းသည့်အတွက် ထောင်တွင်းပြန်ပို့

    RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၃ခုနှစ်။

    စစ်တပ်တွင် တာဝန်ပြန်ထမ်းဆောင်လိုသော ခွင့်မဲ့ စစ်ပြေးများကို ပြန်လည်ခေါ်ဆောင်သည့် အမိန့်စာထုတ်ပြီးနောက် အင်းစိန်ထောင်အတွင်းမှ စစ်ပြေးနှင့်ရဲပြေးစသည့် ၃၀၀ ခန့်ကို စစ်မှုမထမ်းသည့်အတွက် ယမန်နေ့က အင်းစီန်ထောင်သို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း သိရသည်။

    “စစ်မတိုက်နိုင်ဘူး ကျသင့်သလောက်ခံသွားမယ် ကျတော်တို့ကိုထောင်ထဲ ပြန်ပို့ ပေးပါ” ဟု အင်းစိန်ထောင်တွင်းမှ ခေါ်ထုတ်သွားခံရသူများက ပြောကြကြောင်း၊ ” မင်းတို့ကလည်း လွတ်ငြိမ်းပေးတာတောင် မထွက်ချင်ဘူး” ဟုလည်း စစ်ကောင်စီလက်အောက်ခံများက ပြောနေကြကြောင်း အင်းစိန်ထောင်အတွင်း ပြောဆိုနေကြကြောင်း သိရသည်။

    အင်းစိန်ထောင်မှ အကျဉ်းသားများကို ဒီဇင်ဘာလ (၇) ရက်နေ့က အဓမ္မခေါ်ဆောင်ပြီး စစ်မှုထမ်းပါက လွတ်ငြိမ်းချမ်းသာပေးမည်ဟု စစ်ကောင်စီလက်အောက်ခံများတိုက်တွန်းခဲ့ပေမဲ့ စစ်မှူမထမ်းလိုကြောာင်းနှင့် ထောင်ကျသည့်နှစ်အတိုင်း ထောု်တွင်နေမည်ဟု ပြောဆိုခဲ့ကြသည့်အတွက် ထောင်အတွင်း ပြန်ပို့ပေးခဲ့ခြင်းဖြစ်သည်ဟု အင်းစိန်ထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

    စစ်ပြေး၊ ရဲပြေး၊ ခွင့်မဲ့ပျက်ကွက်သူ စသဖြင့် ထောင်တွင်း အကျဉ်းကျခံရသူများကလည်း စစ်ကောင်စီတပ်လက်အောက် တာဝန်မထမ်းဆောင်လိုကြတော့ကြောင်း၊ အကျဉ်းထောင်မှ အဓမ္မထုတ်သွားစဉ် မိသားစုဝင်များကလည်း စိတ်ပူခဲ့ကြရကြောင်း၊ ယခုချိန် စစ်တပ်အောက် ပြန်ဝင်ပြီး လက်နက်ကိုင် ရှေ့တန်းလွှတ်ခံရပါက သေဖို့သာများသည်ဟု မိသားစုဝင်များကပါ ယုံကြည်နေသည့်အတွက် ထောင်အတွင်းသာ နှစ်ပြည့်သည်အထိ နေစေလိုကြောင်း သိရသည်။

    မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် စစ်ကောင်စီတပ်တွင် တပ်ရင်းအလိုက် လက်နက်ချသူများ၊ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရမှုများ၊ တိုက်ပွဲအတွင်း သေဆုံးမှုများ၊ CDM ပြုလုပ်သူများကြောင့် တပ်တွင်း ရှေ့တန်းထွက်အင်အား နည်းပါးနေသည့်အတွက် လူအင်အား အဆမတန်လိုအပ်နေကြောင်း၊ မြို့သိမ်းခံရခြင်းများ အပါအဝင် စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများမှာ စစ်မတိုက်လိုတော့ခြင်း စသည်တို့ကြောင့် စစ်ကောင်စီတပ်မှာ ပြိုလဲနေသည့်အဆင့်သို့ တဖြည်းဖြည်းရောက်ရှိနေကြောင်း သိရသည်။

    #RedNewsAgency