ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ

စစ်ကောင်စီတပ်၏ ပစ်ခတ်ခံရမှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ဝင်းနိမ္မိတရုံစာသင်တိုက် ဆရာတော်၏ ရုပ်ကလာပ် ပဲခူးပြန်လည်ပင့်ဆောင်

စစ်ကောင်စီတပ်၏ ပစ်ခတ်ခံရမှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ဝင်းနိမ္မိတရုံစာသင်တိုက် ဆရာတော်၏ ရုပ်ကလာပ် ပဲခူးပြန်လည်ပင့်ဆောင်

RNA_ဇွန်(၂၀)၊၂၀၂၄ ခုနှစ်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ယမန်နေ့က ပျံလွန်တော်မူခဲ့ရသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၏ ဥတုဇရုပ်ကလာပ် ပဲခူးမြို့ ကျောင်းတိုက်သို့ ယနေ့ (ဇွန်လ ၂၀ ရက်) နံနက် ၄ နာရီတွင် ပြန်လည်ပင့်ဆောင်ခဲ့ပြီဟု သိရသည်။ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန) ၌ ယနေ့ ကျင်းပမည့် ရွှေကျင်နိကာယဗဟိုဌာန၏ အစည်းအဝေးသွားတက်သည့် ခရီးစဉ်အတွင်း စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရခြင်း ဖြစ်သည်။ (more…)
Read More