Chin Defence Force – Asho

အာရက္ခတပ်တော်၏ထိုးစစ်ကြောင့် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၂၃) ဦးအား လက်နက်များနှင့်တကွ ဖမ်းဆီးရမိ

အာရက္ခတပ်တော်၏ထိုးစစ်ကြောင့် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၂၃) ဦးအား လက်နက်များနှင့်တကွ ဖမ်းဆီးရမိ

RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်တည်ရှိရာ တောင်ကုန်းအား အာရက္ခတပ်တော် - AA မှာ ထိုးစစ်ဆင်နေသည့်အတွက် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၂၃) ဦးကို လက်နက်ခဲယမ်းများနှင့်အတွ ချင်းကာကွယ်ရေးတပ် - အရှိုက ဖမ်းဆီးရမိထားကြောင်း သိရသည်။ တိုက်ပွဲအတွင်းမှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သားများကို ချင်းကာကွယ်ရေးတပ် - အရှို ရဲဘော်များက နတ်ရေကန် ဆက်သွယ်ရေး တာဝါတိုင်၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် နယ်မြေရှင်းလင်းစဉ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၃) ရက်အတွင်း (၂၃) ဦးကို ဖမ်းဆီးရမိသည်ဟု ချင်းကာကွယ်ရေးတပ် - အရှိုကထုတ်ပြန်ထားသည်။ (more…)
Read More
နတ်ရေကန်လမ်းဟောင်း တိုက်ပွဲတွင် CDF – အရှို ရဲဘော် ဆလိုင်းနေမျိုးအောင် ကျဆုံး

နတ်ရေကန်လမ်းဟောင်း တိုက်ပွဲတွင် CDF – အရှို ရဲဘော် ဆလိုင်းနေမျိုးအောင် ကျဆုံး

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၅ခုနှစ်။ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့သော တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ် - အရှို (Chin Defence Force - Asho)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၄) သင်တန်းဆင်း ရဲဘော်ဆလိုင်းနေမျိုးအောင် ကျဆုံးခဲ့ရသည်။ ရဲဘော်ဆလိုင်းနေမျိုးအောင်သည် ချင်းမျိုးနွယ်စုအားလုံးနှင့် အဖိနှိပ်ခံပြည်သူတစ်ရပ်လုံးအား ကာကွယ်သွားရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီ ၁၀ မိနစ်ခန့်က မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်လမ်းဟောင်းတွင် မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်ဟု CDF - Asho ကယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
(၂) ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၂) ဦး ဖမ်းဆီးရမိ

(၂) ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၂) ဦး ဖမ်းဆီးရမိ

RNA_ဇန်နဝါရီ(၁၆)၊၂၀၂၅ ခုနှစ်။ အမ်းမြို့နယ်မှထွက်ပြေးလာသော စစ်ကောင်စီတပ်သားများကို ဇန်နဝါရီလ (၁၃) ရက်နှင့် (၁၄) ရက်နေ့တို့တွင် ငဖဲမြို့နယ် အတွင်းမှ ချင်းကာကွယ်ရေးတပ် - အရှို ရဲဘော်များက ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁၂) ဦး အရှင်ဖမ်းဆီးရမိကြောင်း သိရသည်။ (more…)
Read More
အမ်းမြို့တွင် စစ်ရှုံးပြီး ထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံ (၉၀) ခန့် ပိတ်ဆို့တိုက်ခိုက်ခံရပြီး (၁၇) ဦးဖမ်းဆီးခံရ

အမ်းမြို့တွင် စစ်ရှုံးပြီး ထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံ (၉၀) ခန့် ပိတ်ဆို့တိုက်ခိုက်ခံရပြီး (၁၇) ဦးဖမ်းဆီးခံရ

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၄ခုနှစ်။ ရက္ခိုင်ပြည်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား အာရက္ခတပ်တော်မှ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ရှုံးထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၉၀) ခန့်ရှိ စစ်ကြောင်း (၂) ကြောင်းအား အမ်း-ပဒါန်း လမ်းမအနီး၊ ပျဉ်းဝ စစ်ဆေးရေးဂိတ်အနောက်ဘက် မီတာ ၁၅၀၀ ခန့်တွင် ပိတ်ဆို့တိုက်ခိုက်ခံရပြီး (၁၇) ဦးနှင့်အတူ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း သိရသည်။ (more…)
Read More
စစ်ဆင်ရေးရည်မှန်းချက် အပြည့်အဝမအောင်မြင်ခဲ့ပေမဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံးခဲ့ 

စစ်ဆင်ရေးရည်မှန်းချက် အပြည့်အဝမအောင်မြင်ခဲ့ပေမဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံးခဲ့ 

RNA_ဇွန်(၂၄)၊၂၀၂၄ ခုနှစ်။  မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မန်းချောင်းဆည်အနီး၊ ကျောင်းကုန်းရွာဟောင်းအနီးဝန်းကျင်ရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ၁၄ ဂိတ်ကင်းစခန်းတိုက်ပွဲတွင် စစ်ဆင်ရေး ရည်မှန်းချက် အပြည့်အဝ မအောင်မြင်ခဲ့ပေမဲ့ တိုက်ပွဲအတွင်း သော်လည်း စစ်ကောင်စီတပ်သား (၂၀) ခန့်သေဆုံးခဲ့သည်ဟု သိရသည်။  ကာကွယ်ရေးပစ္စည်းစက်ရုံ ၁၄ ဂိတ်ကင်းစခန်းကို ချင်းကာကွယ်ရေးတပ် - အရှို ( CDF-Asho) နှင့် ဧရာဝတီပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း (APDF) ရဲဘော်များက ဇွန်လ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၂၀) ခန့် သေဆုံးခဲ့သည်ဟု ကပစ ၁၄ နှင့် နီးစပ်သူတဦးနှင့်…
Read More