စစ်ကိုင်းတိုင်း

ဆရာဝန်၊ဆရာမတို့ကို​ လေယာဉ်ဖြင့်ဖမ်းဆီး၊ ပြည်သူ (၁၄)ဦးကို မြေပြင်စစ်ကြောင်းကဖမ်းဆီး

ဆရာဝန်၊ဆရာမတို့ကို​ လေယာဉ်ဖြင့်ဖမ်းဆီး၊ ပြည်သူ (၁၄)ဦးကို မြေပြင်စစ်ကြောင်းကဖမ်းဆီး

ဆရာဝန်၊ဆရာမတို့ကို​ လေယာဉ်ဖြင့်ဖမ်းဆီး၊ ပြည်သူ (၁၄)ဦးကို မြေပြင်စစ်ကြောင်းကဖမ်းဆီး   RNA_ဧပြီ(၂၀)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျည်းကန်ကျေးရွာကို စစ်ကောင်စီတပ် လေယာဉ်သုံးစီးဖြင့် ပစ်ခတ်ခတ်ဝင်ရောက်စီးနင်းပြီး ဆရာဝန်တဦးနှင့် ဆရာမတဦးကို လေယာဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒေသခံပြည်သူ (၁၄) ဦးကို မြေမြင်စစ်ကြောင်းက ဖမ်းဆီးသွားကြောင်း Myaing Villages Revolution Front ထံမှ သိရသည်။   မကျည်းကန်ကျေးရွာကို ဧပြီလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်လေကြောင်းမှပစ်ခတ်ဝင်စီးပြီး အသက် (၁၅) နှစ်အရွယ် မောင်ဖြိုးထက်မောင်ကို သတ်ဖြတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် တပ်စွဲအထိုင်ချနေစဉ် မန်ကျည်းကန်ဆေးရုံအတွင်းရှိ ဆေးခန်းအဆောင်တစ်ခု၊ နေအိမ် ၃လုံး၊ ဆိုင်ကယ်အစီး၅၀ ခန့်တို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊…
Read More
စစ်ကောင်စီလက်အောက်ခံစခန်းအား တာဝေးပစ်လက်နက်များဖြင့် ပစ်ခတ်

စစ်ကောင်စီလက်အောက်ခံစခန်းအား တာဝေးပစ်လက်နက်များဖြင့် ပစ်ခတ်

RNA_ဧပြီ(၁၉)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ် လက်လောက်ခံ စခန်းတခုအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဧပြီလ (၁၈) ရက်နေ့ ညနေ (၆) နာရီ (၄၁) မိနစ်ခန့်က ၈၀ မမ ဖြင့် (၃) ကြိမ်၊ ၆၀ မမ ဖြင့် (၄) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People's Defence Force Myinmu မှ ထုတ်ပြန်ထားသည်။ မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ စခန်းတခုကို People's Army To Fight Dictatorship(PAFD) တပ်ခွဲ DK PDF-MMU၊ People's Knight Defence Force…
Read More
ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဘေးမှလွတ်လာသူ နှစ်ဦးပြောကြားချက်

ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဘေးမှလွတ်လာသူ နှစ်ဦးပြောကြားချက်

RNA_ဧပြီ(၁၈)၊၂၀၂၃ ခုနှစ်။ စစ်တိုင်းတိုင်း၊ ကန့်ကလူမြို့နယ်၊ ပဇီကြီးကျေးရွာ၊ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ (၁၇၀) ကျော်သေဆုံးခဲ့ရသည့်အထဲမှ လွတ်မြောက်လာသူနှစ်ဦး၏ ပြောကြားချက်ကို တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More
PDF (၃) ဖွဲ့ ပူးပေါင်း တင်ဆက်ထားသည့် တော်လှန်သင်္ကြန်သံချပ်

PDF (၃) ဖွဲ့ ပူးပေါင်း တင်ဆက်ထားသည့် တော်လှန်သင်္ကြန်သံချပ်

RNA_ဧပြီ(၁၇)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းအတွင်း၊ စစ်ကောင်စီတပ်ကို လက်နက်ကိုင်တော်လှန်နေသည့် ညီနောင် မဟာမိတ် PDF (၃) ဖွဲ့ ဖြစ်သည့် Golden Eagle Defence Force - GEDF၊ Myin Mu Defence Force - MMDF၊ Just Fighter Force ရဲဘော်များ ပူးပေါင်းတင်ဆက်ထားသည့် တော်လှန်သင်္ကြန်သံချပ်ကို ပြည်သူများအတွက် တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More
ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့်စစ်ကောင်စီတပ်ကို တိုက်ခိုက်

ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့်စစ်ကောင်စီတပ်ကို တိုက်ခိုက်

ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့် ဘုန်းမကြီးကင်းကျေးရွာတွင် တပ်စွဲနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်   RNA_ဧပြီ(၁၆)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ အစုလိုက်အပြုံလိုက် သတ်ခံရမှုအတွက် လက်တုန့်ပြန်သည့်အနေဖြင့် မြင်းမူမြို့နယ်၊ ဘုန်းမကြီးကင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် အင်အား (၈၅) ဦးခန့်ပါ စစ်ကြောင်းကို ယနေ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်လုပ် ၈၀ မမဖြင့် (၈) ကြိမ်၊ ၆၀ မမ ဖြင့် (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People's Defence Force Myinmu ကယနေ့ ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။   “ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကိုလေကြောင်း ဖြင့်လူမျိုးတုံးသက်ဖြတ်မှုကို…
Read More
အညာမီးလောင်ပြင်မှ တော်လှန်သင်္ကြန်သံချပ်

အညာမီးလောင်ပြင်မှ တော်လှန်သင်္ကြန်သံချပ်

RNA_ဧပြီ(၁၃)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းအညာတွင် စစ်ကောင်စီတပ်၏ ရွာလုံးကျွတ်မီးရှို့ခံရမှုများမှာ တနိုင်ငံလုံး တကမ္ဘာလုံး သိပြီးဖြစ်သည့်အတိုင်း စစ်အာဏာရှင်ကို ခုခံတွန်းလှန်နေကြသည်မှာလည်း နေ့စဉ်ဖြစ်သည့်ကြားက ၂၀၂၃ အညာမီးလောင်ပြင်မှ ရဲရဲတောက်သံချပ်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က တင်ဆက်ထားခြင်းဖြစ်သည်။ Red News Agency
Read More
သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများက ရရာလက်နက်ဆွဲ တိုက်မည်

သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများက ရရာလက်နက်ဆွဲ တိုက်မည်

RNA_ဧပြီ(၁၂)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကန့်ပလူမြို့နယ်၊ ပဇီကြီးကျေးရွာအတွင်း စစ်ကောင်စီတပ်လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများက ရရာလက်နက်ဆွဲတိုက်ခိုက်မည်ဟု ပြောနေကြကြောင်း၊ နောက်ဆုံးအခြေအနေများကို ယနေ့ နေ့လည်ပိုင်းက ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။ #RedNewsAgency
Read More
စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် ပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံး

စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် ပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံး

RNA_ဧပြီ(၁၁)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီးကြီးရွာမှာ ယနေ့ နံနက် (၈) နာရီဝန်းကျင်တွင် ပြည်သူလုံခြုံရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံးသွားကြောင်း သိရသည်။   " လူစုနေတဲ့အထဲ ဗုံးလေးလုံးကြဲသွားတယ်ပြောတယ်၊ သေတဲ့သူတွေ အတော်များပါတယ်၊အခု ၆၀ လောက်သေတယ်ပြောတယ်၊ ပျောက်နေတာတွေလည်း အများကြီးပဲ၊ အခုထိလည်း လေယာဉ်တွေက ဝဲနေတုန်းပဲ၊ ကယ်ထုတ်နေကြတုန်း စစ်ကြောင်း လာနေပြီပြောတယ်၊ အသိ ပကဖ တဦးလည်း ကျသွားတယ် " ကန့်ဘလူ ပကဖ နှင့် နီးစပ်သူတဦးက ပြောသည်။ (more…)
Read More
လက်နက်ကြီးများထုတ်လုပ်ကာ မဟာမိတ်များနှင့် မျှဝေပြီး တိုက်ပွဲဝင်နေသည့် Golden Eagle Defence Force 

လက်နက်ကြီးများထုတ်လုပ်ကာ မဟာမိတ်များနှင့် မျှဝေပြီး တိုက်ပွဲဝင်နေသည့် Golden Eagle Defence Force 

RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။   သေနတ်အစစ်များရှားပါးနေသည့် စစ်ကိုင်းတိုင်းအတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်လုပ် လက်နက်ကြီးများကို အားကိုးအားထားပြုတိုက်ခိုက်နေရသည့်အတွက် လက်နက်ကြီးများ ထုတ်လုပ်နေသည့် Golden Eagle Defence Force ခေါင်းဆောင် ကိုသိမ်းငှက်ကို Red News Agency က မေးမြန်းထားသည်။   စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Golden Eagle Defence Force တပ်ဖွဲ့သည် လက်နက်ကြီးများ ထုတ်လုပ်ကာ စစ်ကောင်စီတပ်ကို မဟာမိတ်များနှင့်ပူးပေါင်းပြီး တိုက်ခိုက်နေကြကြောင်း၊ မဟာမိတ်များနှင့်အတူ တိုက်ပွဲများတွင် အနီးကပ် ပစ်ခတ်မှုများထက် မိုင်းဆွဲခြင်း၊ လက်လုပ်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုသာ အဓိကထားတိုက်ခိုက်နေရကြောင်း၊ လက်နက်အစစ်များလည်း လိုအပ်နေကြောင်း သိရသည်။ (more…)
Read More
ပုလဲမြို့နယ်မှ M7 PDF စခန်း စီးနင်းခံရပြီး ရဲဘော် (၇) ဦးပျောက်ဆုံးနေ

ပုလဲမြို့နယ်မှ M7 PDF စခန်း စီးနင်းခံရပြီး ရဲဘော် (၇) ဦးပျောက်ဆုံးနေ

RNA_ဧပြီ(၆)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ M7 People's Defense Force - M7 PDF တပ်ဖွဲ့စခန်းတခုကို ယမန်နေ့ နံနက် ၁၀ နာရီအကျော်က စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပစ်ခတ် စီးနင်းခဲ့သည့်အတွက် စခန်းရှိရဲဘော် (၇) ဦးကျပျောက်ဆုံးနေပြီး (၄) ဦးကျဆုံးထားကြောင်း သိရသည်။   “၁၀ နာရီဝန်းကျင်လောက်မှာ Mi 35 တစ်စီး အရင်တက်လာပြီး​တော့ စခန်းကိုပစ်တယ်၊ ဗိုက်ပူ (Mi 17) နှစ်စီးက လူချတယ် နောက်တခါထပ်သွားသယ်ပြီးတော့ လူထပ်ချတယ် နှစ်စီး နှစ်ခေါက်ဆိုတော့ လေးစီးစာဖြစ်တာပေါ့။ စခန်းမှာလည်း ခွဲတစ်က လူအင်အား ၇၀ ခန့်နဲ့ ခွဲနှစ်မှာလည်း…
Read More