စစ်ကောင်စီလက်အောက်ခံများ သွေးပျက်ပြီး ၂ နှစ်ကြာ တပ်စွဲထားသည့်နေရာမှ ဆုတ်ပြေး

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၃ခုနှစ်။
 
ဒေသတွင်း PDF တပ်ဖွဲ့များကို တိုက်ခိုက်ခံနေရပြီးနောက် စခန်းဝင်တိုက်ခံရမှာကြောက်သည့်အတွက် စစ်ကောင်စီလက်အောက်ခံ တပ်သားများနှင့်ပျူများ သွေးပျက်ကာ ၂ နှစ်ကြော်တပ်စွဲထားသည့် စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာ စခန်းမှဆုတ်ခွါသွားကြပြီဖြစ်ကြောင်း Phoenix Sagaing တာဝန်ခံက Red News Agency ကိုပြောပြထားသည်။
 
၂ နှစ်ကြော်ကြာ တပ်စွဲထားသည့် မာလဲတောရွာစခန်းမှ စစ်ကောင်စီလက်အောက်ခံများ သုံးမိုင်အကွာမှာရှိသည့် အုန်းတော့ရွာ အမှတ် (၆၀၀၅) တင့်ကားတပ်ရှိရာကို ထွက်ပြေးသွားသည့်အတွက် ဒေသခံ PDF ရဲဘော်များ ဒီဇင်ဘာလ ၂၃ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့ကြကြောင်း၊ မာလဲတောရွာ ပြည်သူများမှာ လွန်ခဲ့သည့် ၂ နှစ်ကတည်းက စစ်ဘေးရှောင်နေကြရပြီး ရွာတွင်စစ်ကောင်စီတပ်သားများနှင့် ပျူများသာ ကျန်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့အစည်းတွေက အဲရွာကို အဆက်မပြတ် မိုင်းဆွဲလိုက် ဒရုန်းချလိုက်နဲ့ဆိုတော့ သူတို့တွေမှာ သေဆုံးထိခိုက်တာတွေ တော်တော်များနေပြီ။ လူအင်အားနည်းနေတော့ ဒီကောင်တွေ စခန်းလာတိုက်ခံရမှာ ကြောက်ပြီး သွေးပျက်ဆုတ်ပြေးတာပါ” ဟု Phoenix Sagaing တာဝန်ခံက ပြောသည်။
 
မာလဲတောရွာတွင် ယခုအချိမည်သူမှမရှိတော့သည့်အတွက် ရွာပျက်ကြီးအဖြစ်ရှိနေကြောင်း၊ စစ်ကောင်စီလက်အောက်ခံများ စခန်းချသွားသည့် အဆောက်အဦများကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက မီးရှို့ခဲ့ကြကြောင်း၊ စစ်ကောင်စီလက်အောက်ခံများသည် စစ်ကိုင်းမြို့နယ်အတွင်း နေ့စဉ် တိုက်ခိုက်ခံနေရကြောင်း သိရသည်။
 
#RedNewsAgency
By Editor