Tag: တန့်ဆည်
-

Sold Out လို့မအော်ခင် ပြန်စဉ်းစားပါ
“အခုအချိန်ဟာ တော်လှန်ရေး ရေချိန်မြင့်တက်နေတဲ့ အတွက် Sold Out ဆိုတဲ့ စကားကို သူ့ထက်ငါ အလုအယက် တင်ချင်ကြတာမှန်ပေမဲ့ အချိန်ခဏလောက်တော့ သည်းခံသင့်ရင် သည်းခံရမှာပါ”လှဆောင်အာမချောင်နဲ့ ဆိုတဲ့စကားဟာ ဒီနိုင်ငံမှာ လူတိုင်းနီးပါးလောက် ပြောဖူးကြမယ့် စကားမျိုးဖြစ်ပါလိမ့်မယ်။ မလုပ်နိုင်တဲ့ကိစ္စတွေကို လုပ်နိုင်တယ်ဆိုပြီး အာမခံတာတွေ၊ မပြောသင့်တဲ့စကားတွေကို မပြောသင့်တဲ့ အချိန်နဲ့ နေရာမှာ ပြောမိတဲ့ ကိစ္စတွေ၊ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေမှာ ဝင်ပြောတဲ့ ကိစ္စတွေမှာ အာမချောင်နဲ့လို့ ပြောလေ့ရှိကြပါတယ်။အခုလည်းပဲ နိုင်ငံတဝန်း စစ်အာဏာရှင်တော်လှန်ရေး ရေချိန်မြင့်တက်လာတာနဲ့ အမျှ ပါးစပ်စည်းမစောင့်ဘဲ အာချောင်တဲ့သူတွေ အများအပြားရှိလာပါတယ်။ အဲဒါကတော့ ခုရက်ပိုင်းခေတ်စားနေတဲ့ “Sold Out” ပဲဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က မြို့တစ်မြို့ကိုသိမ်းလိုက်တိုင်း အဲဒီမြို့နာမည်နဲ့ Sold Out ဆိုပြီး ရေးသားပြောဆိုနေကြတာပါ။ထင်သာတဲ့ ဥပမာကို ပြရမယ်ဆိုရင် ကိုးကန့်ဒေသက ကွမ်လုံမြို့ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်တုန်းက” ကွမ်းလုံ Sold Out ” ဆိုပြီး တော်လှန်ရေးနာမည်ကြီး ဆယ်လီတချို့နဲ့ ပြည်သူတချို့က ရေးသားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ပြောတဲ့အချိန်တုန်းက ကွမ်းလုံကို အလုံးစုံ မထိန်းချုပ်၊ မသိမ်းပိုက်နိုင်သေးပါဘူး။ နောက် သုံးလေးရက်ကြာမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ -

တန့်ဆည်မြို့နယ် တိုက်ပွဲမှာ TRF ရဲဘော် (၂) ဦး ကျဆုံး
RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပေကုန်းရွာအဝင်တွင် စစ်ကောင်းစီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ စက်တင်ဘာလ (၂၃) ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး ရွှေဘိုခရိုင်၊ တပ်ရင်း (၁၆) Taze Revolution Force – TRF မှ ရဲဘော် (၂) ဦးကျဆုံးခဲ့ကြောင်း တာဝန်ရှိသူ တဦးက ပြောထားသည်။
[embedyt] https://www.youtube.com/watch?v=LCZg5GwClVg[/embedyt]
စစ်ကောင်စီတပ်က ကျူးကျော်ဝင်ရောက်လာသည့် တိုက်ပွဲဖြစ်ပွားခဲ့ရပြီး၊ စစ်ကောင်စီတပ်၏ လူမဆန်သည့် လုပ်ရပ်များကြောင့် ဒေသခံသောင်းချီထွက်ပြေးနေရပြီး ကျေးရွာတချို့ မီးရှို့ခံနေရကြောင်း သိရသည်။
Red News Agency
-

တန့်ဆည်PDF အတွက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အထောက်အကူပြု Drone နှင့် Laptop ဝယ်ယူနိုင်ခဲ့
RNA_ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။

တန့်ဆည်PDF အတွက် စစ်ကောင်စီတပ်ကို တိုက်ခိုက်နိုင်ရေးအတွက် အရေးတကြီး လိုအပ်နေသည့်အထောက် အကူပြု Drone နှင့် Laptop တစ်လုံး ပြည်သူများ၏ လှူဒါန်းမှုဖြင့် ဝယ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း TSO က ယနေ့အသိပေးထားသည်။

PDF တပ်ဖွဲ့များသည် ယခုနောက်ပိုင်း စစ်ကောင်စီတပ် ရဲစခန်းနှင့် ကင်းစခန်းများကို Drone နှင့် ဗုံးများတွဲအသုံးပြု တိုက်ခိုက်ခြင်းများ ပြုလုပ်နေကြကြောင်း၊ စစ်ကောင်စီ အင်အားနှင့် သွားလာရာများကို Drone နှင့် ထောက်လှမ်းမှုများ ပြုလုပ်နေကြကြောင်း သိရသည်။
Red News Agency