Tag: စစ်ကိုင်းတိုင်း

  • စစ်ရေး သတင်းအချက်အလက်နှင့် တိုက်ပွဲအောင်မြင်မှု

    စစ်ရေး သတင်းအချက်အလက်နှင့် တိုက်ပွဲအောင်မြင်မှု

    သတင်းလုံခြုံမှုသည် အင်မတန်အရေးကြီးပါသည်။ ရှေ့တန်း စစ်မြေမျက်နှာတွင် အသက်ပေးပြီး တိုက်ပွဲဝင်နေသူ ပြည်သူ့သူရဲကောင်းများအနေဖြင့် နှုတ်လုံမှု၊ သတင်းလုံခြုံမှု၊ စာရွက်စာတမ်းလုံခြုံမှု၊ မိမိတို့အသုံးပြုနေသည့်ဖုန်းများ၊ လူမှုကွန်ယက်စာမျက်နှာများလုံးခြုံမှု

    လင်းယုန်

    အခုရက်ပိုင်းအတွင်း ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီအကြားမှာ တစ်နေ့တစ်ခြား ထိတွေ့တိုက်ပွဲများပိုမိုပြင်းထန်လာကြောင်း တွေ့မြင်နေရပါသည်။ စစ်ကောင်စီတပ်သားအများအပြား ငရဲပို့နိုင်သလို မိမိတို့ပြည်သူ့တော်လှန်ရေးစစ်သည် ရဲဘော်များ၏အသက်ပေါင်းများစွာလည်း ရင်းနှီးပေးဆပ်နေရခြင်းကြောင့် လွန်စွာစိတ် မကောင်းသည့်အပြင် ခံပြင်းဒေါသ ဖြစ်မိသည်။

    ပြည်တွင်းစစ်ပွဲကို နှစ်ပေါင်း ၇၀ နီးပါး ဖန်တီးပြီး မတရားမှုပေါင်းစုံကျူးလွန်လာခဲ့ သည့်အကြမ်းဖက်စစ်တပ်သည် မိမိတို့ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ သတင်းအချက် အလက်များနှင့်လုံခြုံမှုများကိုမျက်ခြေမပျက်စောင့်ကြည့်လေ့လာနေပြီး လက်ဦးမှုရယူရန် အချိန်တိုင်းကြိုးစားလျှက်ရှိနေသည်ကို များစွာသတိထားရန်လိုအပ်ပါသည်။ တိုက်ပွဲတစ်ပွဲအောင်နိုင်ရေးအတွက် အရေးကြီးဆုံးအချက်မှာ သတင်းလုံခြုံမှုနှင့်မိမိဘက်မှလက်ဦး မှုရယူနိုင်ရေးသည် အလွန်အရေးကြီးပါသည်။ သတင်းလုံခြုံမှုဆိုရာတွင် ရန်သူ့သတင်း၊ မိမိသတင်းနှစ်မျိုးလုံးကိုဆိုလိုပါသည်။

    ဇွန်လ ၂၈ ရက်နေ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်တလိုင်းကျေးရွာဘက် သို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကိုခုခံတိုက်ခိုက်ရန်သွားရောက်စဉ် ကင်းပုန်းဝပ်တိုက်ခိုက်ခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၁၄ ဦးကျဆုံးခဲ့ကြောင်းနှင့် ဇွန်လ ၂၅ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာအပါအဝင် ကျေးရွာ ၇ ခုနှင့် ပြည်သူ့ကာကွယ်ရေးစခန်းကို အကြမ်းဖက်စစ်တပ်မှ နံနက်ပိုင်း ၄ နာရီ ၅၀ ဝန်းကျင်တွင် ဝင်ရောက်စီးနင်းကာ တပ်ဖွဲ့ဝင် ၁၆ ဦးနှင့် အရပ်သား ၃ ဦးသတ်ဖြတ်ခဲ့ကြောင်း သတင်းများကို ဖတ်ရပါသည်။

    (more…)

  • တိုက်ပွဲအတွင်း PDF ရဲဘော် (၃) ဦးကျဆုံးခဲ့ရပြီး ဖမ်းဆီးခံရသည့် ရဲဘော် (၁) ဦးလည်း ကျဆုံးခဲ့ရ

    တိုက်ပွဲအတွင်း PDF ရဲဘော် (၃) ဦးကျဆုံးခဲ့ရပြီး ဖမ်းဆီးခံရသည့် ရဲဘော် (၁) ဦးလည်း ကျဆုံးခဲ့ရ

    RNA_ဇွန်(၂၇)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပရိမ္မကျေးရွာသို့ ကျောက်ရစ်ရဲစခန်းမှ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် (၄) မှ စခန်းမှူး ဗိုလ်စာကလေး (ခ) ဆရာသက်ခိုင်အား ဖမ်းဆီးသွားသည့်အတွက် ကယ်ထုတ်ရန် တိုက်ပွဲဖြစ်ပွားချိန် PDF ရဲဘော် (၃) ဦးကျဆုံးကာ ဖမ်းဆီးခံလိုက်ရသည့် ရဲဘော် သက်ခိုင်ပါ ကျဆုံးခဲ့ရကြောင်း သိရသည်။

    စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံလိုက်ရသည့် စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် (၄) မှ စခန်းမှူး ဗိုလ်စာကလေး (ခ) ဆရာသက်ခိုင် အားကယ်ထုတ်သည့် တိုက်ပွဲအတွင်း ဆရာသက်ခိုင်၏ သားကြီးဖြစ်သူ PDF ရဲဘော်ပါ လက်နက်ကြီးထိမှန်ကျဆုံးခဲ့ကြောင်း သိရသည်။

    (more…)

  • တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး ဘုန်းတော်ကြီးတပါးနှင့် မိသားစု ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၀ ဦးသေဆုံး

    တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး ဘုန်းတော်ကြီးတပါးနှင့် မိသားစု ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၀ ဦးသေဆုံး

    RNA_ဇွန်(၂၇)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း မြောက်ယမား ရေလှောင်တမံဆည်ရင်းရှိ အစည်းအဝေးဆောင်နှင့် ညောင်ကုံးကျေးရွာကို ယနေ့ညနေ ၃ နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၁၀ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိကာ နေအိမ် ၁၁ လုံးမီးလောင်ပျက်စီးသွားကြောင်း သိရသည်။

    “ညောင်ကုံးကျေးရွာကို တိုက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တော့ နေအိမ်အတွင်းက မိသားစု ၅ ဦးတပြိုင်တည်းသေသွားတယ်၊ ဘုန်းကြီးတပါးလည်းပါတယ် အမျိုးသမီးတဦးပါတယ် အားလုံးသေ ၉ ဦးသေတယ်၊ ၈ ဦးဒဏ်ရာရှိတယ် ဒဏ်ရာရတဲ့အထဲမှာ ကလေး ၂ ဦးပါတယ်။ နေအိမ်က ၁၁ လုံးမီးလောင်တယ်။ မြောက်ယမားဆည်ရင်းက အစည်းအဝေးဆောင်မှာကြတော့ အမျိုးသမီးတဦးသေတယ်၊ အမျိုးသမီးတဦးဒဏ်ရာရတယ်” ဟု ပုလဲအခြေစိုက် Red News Agency သတင်းထောက်က ပြောကြားထားသည်။

    (more…)

  • မုံရွာမြို့ ကညနရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF များ ပူးပေါင်းတိုက်ခိုက်

    မုံရွာမြို့ ကညနရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF များ ပူးပေါင်းတိုက်ခိုက်

    RNA_ဇွန်(၂၇)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကညနရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်များပူးပေါင်းပြီးဇွန်လ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိကြောင်း ယနေ့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့ ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=ayOdJzWEmiI[/embedyt]

    ကညနရုံးအတွင်းရှိ စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ (Monywa The Boys) နှင့် မုံရွာခရိုင် တပ်ရင်း (၅) ၊ မုံရွာခရိုင် တပ်ရင်း (၇) ၊ မုံရွာခရိုင် တပ်ရင်း (၁၂) ၊ မုံရွာခရိုင် တပ်ရင်း (၂၂) ၊ မုံရွာခရိုင် တပ်ရင်း (၂၅) ၊ မုံရွာခရိုင် တပ်ရင်း (၂၈) ၊ ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) နှင့် မြန်မာ့တော်ဝင်နဂါးတပ်မတော်(MRDA)တို့ စုပေါင်းပြီးတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    #RedNewsAgency

  • နွေဦးသူရဲကောင်းများ ထွန်းကားရာ အညာလွင်ပြင်

    နွေဦးသူရဲကောင်းများ ထွန်းကားရာ အညာလွင်ပြင်

    အညာတော်လှန်ရေးစစ်သည်တွေဟာ နယ်မြေအနေအထားနဲ့ လက်နက်အင်အား စစ်ကောင်စီ လောက်အားမကောင်းပေမယ့် အလယ်ပိုင်းလွင်ပြင်မှာ အာဏာရူး မင်းအောင်လှိုင်တို့အုပ်စုကို တစ်ပြုတ်ပြုတ် အမှည့်ချွေနိုင်အောင် လှုပ်ရှားနိုင်သည့် ရဲရင့်သော စစ်သည်တော်တွေ ဖြစ်လာကြပါသည်။ ဒီတစ်ခေါက် အညာမြေ၏ တော်လှန်ရေးကတော့ သီပေါမင်းပါတော်မူချိန် အုံးကြွမူတွေလို မင်းလောင်းထမှုသက်သက် မဟုတ်ဘဲ စစ်အာဏာသိမ်းမှုဆန့်ကျင်တာကို ဖြိုခွင်းပုံကြမ်းတမ်းရာမှ အညာလူငယ်များခံပြင်းဒေါသစိတ် ကြောင့် ထကြွလာတာဖြစ်ပါတယ်။ သူတို့ဆုံးရှုံးပေးဆပ်လိုက်ရသည့် သွေးကြွေးတွေကို ပြန်လည်ရယူရန်၊ အဖိနှိပ်ခံ စစ်ကျွန်ဘဝမှလွတ်မြောက်ရန် ရုန်းထလာခြင်းဖြစ်ပါသည်။

    လင်းယုန်

    အညာမြေ၏ ရာသီဥတုသည် ပူလောင်အိုက်စက်လွန်းပါသည်။ မိုးရာသီတွင်း၌ပင် မိုးကား တော်ရုံနှင့်မရွာ။ အညာ၏အပူကိုမိုးက မအံတုနိုင်ရှာ။ အညာဒေသသည် သစ်ရိပ် ဝါးရိပ်ရှားပါးပြီး အများအားဖြင့် ထန်းပင်၊ ထနောင်းပင်များ၊ တမာပင်များသာ ပေါက် ရောက်တတ်သည့် ဒေသဖြစ်သည်။ ထိုအထဲမှ စစ်ဘီးလူးတို့၏ရှို့မီးများကား အညာမြေ တစ်ပြင်လုံးဟုန်းဟုန်းတောက်လျှက်ရှိသည်။ အသက်အိုးအိမ် စည်းစိမ် ဆုံးရှုံးခြင်း ဟူသော သောကပရိဒေဝအပူများ၊ ကြိတ်မနိုင်ခဲမရ ခံပြင်းရသော အပူများကား အပူတကာအပူဆုံး ဖြစ်ပေလိမ့်မည်။

    ယခင်က စစ်အုပ်စုများ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးစုများကြားတွင် ကျင့်သုံး လေ့ရှိသည့် ရိက္ခာဖြတ်၊ ဘဏ္ဍာငွေဖြတ်၊ သတင်းအဆက်အသွယ်ဖြတ်၊ လူထုနှင့်အဆက်အသွယ်ဖြတ်၊ ဖြတ်လေး ဖြတ်ဟုခေါ်သည့် အကုန်သတ်၊ အကုန်ဖြတ်၊ အကုန်မီးရှို့ စသည့် ရက်စက်မှုပေါင်းစုံဖြင့် အညာဒေသအပေါ် ကျင့်သုံးလာပါသည်။ တိုက်လေယာဉ်များအသုံးပြုပြီး အပြစ်မဲ့ပြည်သူများ၏ အိုးအိမ်များအပေါ်ဗုံးကြဲမီးရှို့၊ အရွယ်မရောက် သေးသည့်ကလေးသူငယ်များကို သတ်ဖြတ်၊ အမျိုးသမီးများကို မုဒိမ်းကျင့်၊ ကျွဲနွား တိရိစ္ဆာန်များကိုပင် ရည်ရွယ်ချက်ရှိရှိ မီးရှို့သတ်ဖြတ်၊ နာတာရှည်ရောဂါ ခံစားနေရသည့်လူနာများ၏ ဆေးကုသရန်စုဆောင်းထားသော ငွေကြေးများကို အဓမ္မလုယူခြင်းစသည့် ရက်စက်မှုအပေါင်းသရဖူဆောင်း ပြုမူကျူးလွန်လာကြပါသည်။

    စစ်အာဏာမသိမ်းခင်နှစ်များတွင် ဒေသရာသီဥတုပူပြင်းသော်လည်း အညာသူ အညာသားတွေမှာ အပူနည်းသည်။ အရပ်သားအစိုးရ NLD ကိုမဲပေးရွေးချယ်ခဲ့သော အညာသူ အညာသားတို့သည် ၎င်းအစိုးရ လက်ထက်တွင် မျှော်လင့်ချက်တချို့ထင်ပေါ်လာသည်။ လမ်းတွေကောင်းလာသည်။ လျှပ်စစ်မီးတွေရလာသည်။ ပညာရေးအတွက်ပူစရာမရှိချေ။ ရောင့်ရဲတင်းတိမ်တတ်သော အညာသူအညာသားများအဖို့ အလုပ်လုပ်သ လောက် ဝင်ငွေရကြသည်။ တစ်ဆယ့်နှစ်လရာသီ အလှူမင်္ဂလာပွဲများနှင့် စည်ကားသည်။ Covid-19 ရောဂါကိုကမ္ဘာတစ်ဝှမ်းလုံးခံစားရပြီးနလံထရန်အားယူကြိုးစားနေချိန်စစ်အုပ်စုကအာဏာသိမ်းလိုက်သည်။သူတို့၏မျှော်လင့်ချက်များရိုက်ချိုးဖျက်စီးခံရသည်။

    (more…)

  • သေမင်းတမန်ပြောက်ကြား တပ်ဖွဲ့ (Salingyi)၏ ခေါင်းဆောင် ကိုဗန့်ကျီ (ခ)ကိုမြတ်သူလင်း ဖမ်းဆီးခံရပြီး ကျဆုံး

    သေမင်းတမန်ပြောက်ကြား တပ်ဖွဲ့ (Salingyi)၏ ခေါင်းဆောင် ကိုဗန့်ကျီ (ခ)ကိုမြတ်သူလင်း ဖမ်းဆီးခံရပြီး ကျဆုံး

    RNA_ဇွန်(၁၃)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အခြေစိုက် သေမင်းတမန်ပြောက်ကြားတပ်ဖွဲ့ (Salingyi) ၏ ခေါင်းဆောင်၊ မြို့နယ် ပ.အ.ဖ အဖွဲ့ဝင် ကိုဗန့်ကျီ (ခ)ကိုမြတ်သူလင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး ကျဆုံးသွားကြောင်း သိရသည်။

    ကိုဗန့်ကျီ (ခ) ကိုမြတ်သူလင်းသည် ဝမ်ပေါင်ကုမ္ပဏီမှာ စခန်းချထားသည့်စစ်ကောင်စီတပ်စခန်းသို့ ရိက္ခာပို့စစ်ကြောင်း ကင်းထောက်စဉ် ဇွန်လ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး လူမဆန်စွာ နှိပ်စက်သတ်ဖြတ်ထားသည့် ရုပ်အလောင်းကို ဇွန်လ ၁၁ ရက်နေ့တွင် ထန်းတောရွာ သစ်ကွင်းအနီးတွင် တွေ့ရှိခဲ့သည့်အတွက် ယမန်နေ့က မီးသင်္ဂြိုလ်ခဲ့ကြောင်း၊ သိရသည်။

    (more…)

  • ကံသစ်ကျေးရွာကို စစ်ကောင်စီတပ် (၄) ကြိမ်မြောက် မီးရှို့ဖျက်ဆီး

    ကံသစ်ကျေးရွာကို စစ်ကောင်စီတပ် (၄) ကြိမ်မြောက် မီးရှို့ဖျက်ဆီး

    RNA_ဇွန်(၆)၊၂၀၂၃ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်းဦးမြို့နယ်၊ ကံသစ်ကျေးရွာကို စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းက ဇွန်လ ၄ ရက်နေ့ ညနေပိုင်းက ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် (၆၅) လုံး ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။
     
    ကံသစ်ကျေးရွာတွင် နေအိမ် (၆၀၀) ဝန်းကျင်ရှိရာ စစ်ကောင်စီတပ်စစ်ကြောင်းက စတုတ္တအကြိမ်အဖြစ် နေအိမ် (၆၅) လုံး၊ ၂၀၂၃ ခုနှစ် မေလက တတိယအကြိမ်အဖြစ် နေအိမ် (၂၀၆) လုံး၊ ဒုတိယအကြိမ်အဖြစ် ၂၀၂၂ ခုနှစ် နိုဝင်လာလက ဒုတိယအကြိမ်အဖြစ် နေအိမ် (၇) လုံး၊ ပထမအကြိမ်အဖြစ် ၂၀၂၂ ခုနှစ် ဇွန်လက ပထမအကြိမ်အဖြစ် နေအိမ် (၅၂) လုံး မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် စုစုပေါင်း (၃၂၈) လုံး ပျက်စီးခဲ့ရပြီး၊ ကောက်ပဲသီးနှံများနှင့်ရိက္ခာများပါ မီးထဲပါသွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

    (more…)

  • စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန် KNU မျှော်လင့် 

    စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန် KNU မျှော်လင့် 

    RNA_မေ(၃၀)၊၂၀၂၃ ခုနှစ်။

    ယနေ့ အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်သည့် “စစ်ကိုင်းဖိုရမ်” သို့ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်မှ ပေးပို့သည့်သဝဏ်လွှာတွင် ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားထားသည်။

    “နွေဦးတော်လှန်ရေး၏ ပထမဆုံးသောလက်နက်ကိုင်တော်လှန်ရေးစတင်ရာဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကို ဦးဆောင်သောခေါင်းဆောင်များ၏ နိုင်ငံရေးရည်မှန်း ချက်ခိုင်မာမှု၊ အမျှော်အမြင် ရှိမှုနှင့်အတူ မိမိကြမ္မာ မိမိဖန်တည်းခွင့်ကို ကျင့်သုံးပြီး မတူကွဲပြားမှုများကို အင်အားအဖြစ်စုစည်းကာ ဤဖိုရမ်အပါအဝင် ညှိနှိုင်းဆွေးနွေးမှုအဆင့်ဆင့်ဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ် ဖွဲ့စည်းနိုင်ရေးအတွက်ကိုလည်းတိုက်တွန်းပါကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန်ကိုလည်း KNU က မျှော်လင့်ပါကြောင်း မိမိတို့၏သဘောထားကို ဖော်ပြအပ်ပါသည်” ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

    (more…)

  • မကွေးဆေးတက္ကသိုလ် ကျောင်းသား တိုက်ပွဲတွင်ကျဆုံး 

    မကွေးဆေးတက္ကသိုလ် ကျောင်းသား တိုက်ပွဲတွင်ကျဆုံး 

    RNA_မေ(၂၅)၊၂၀၂၃ ခုနှစ်။

    မကွေး ဆေးတက္ကသိုလ်၊ ဆေးပညာအခြေခံနှစ် (Foundation Year) မှ ကျောင်းသား မောင်စွမ်းထက် (အသက် ၂၀ နှစ်)သည် မေလ (၂၂) ရက်နေ့ စစ်ကိုင်း တိုင်း၊ ခင်ဦးမြို့နယ်အတွင်း တိုက်ပွဲတွင် ကျဆုံးခဲ့ရကြောင်း သိရသည်။

    “မောင်စွမ်းထက်ကို အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုအပ်ပြီး မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနမှ မေလ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။

    (more…)

  • “သူတို့လာတိုက်ရင် ကျွန်တော်တို့ ပြန်တိုက်မယ်၊ သူတို့လာမတိုက်ရင် ကျွန်တော်တို့ သွားတိုက်မယ်“

    “သူတို့လာတိုက်ရင် ကျွန်တော်တို့ ပြန်တိုက်မယ်၊ သူတို့လာမတိုက်ရင် ကျွန်တော်တို့ သွားတိုက်မယ်“

    “ကျွန်တော်တို့ မိုက်ရူးရဲဆန်တယ် စွန့်စားတယ်၊ ကျွန်တော်တို့ သေရဲတယ်”
     
    RNA_မေ(၂၄)၊၂၀၂၃ ခုနှစ်။
    [embedyt] https://www.youtube.com/watch?v=yOLsBVpYpf8[/embedyt]
    စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းနှင့်တိုက်ပွဲဖြစ်ပြီး ဌာနချုပ်စခန်းစွန့်ခွါခဲ့ရသလို၊ မြင်းခြံဌာနချုပ်စခန်းများလည်း စွန့်ခွါခဲ့ရပြီး ယနေ့အချိန်ထိ ရပ်တည်ကာ နယ်မြေသစ်ရှာဖွေကာ တိုက်ပွဲများ ဆက်လက်ဖော်ဆောင်မှုအားကောင်းနေပြီး မဟာမိတ်များနှင့်အတူတကွ ပူးပေါင်းတိုက်ပွဲဖော်ဆောင်မှုများပါရှိနေသည့် Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက “သူတို့လာတိုက်ရင် ကျွန်တော်တို့ ပြန်တိုက်မယ်၊ သူတို့လာမတိုက်ရင် ကျွန်တော်တို့ သွားတိုက်မယ်“ ဟု ပြောကြားထားပါသည်။
     
    #RedNewsAgency