နွေဦးတော်လှန်ရေး

တပ်တွင်းအကြောင်း ပြုံးပြုံးကြီးဖြေကြားသွားသည့် ဒုတိယဗိုလ်မှူးကြီးသက်အောင်

တပ်တွင်းအကြောင်း ပြုံးပြုံးကြီးဖြေကြားသွားသည့် ဒုတိယဗိုလ်မှူးကြီးသက်အောင်

RNA_ဇန်နဝါရီ(၂၀)၊၂၀၂၄ခုနှစ်။   တပ်ဖွဲ့စုစည်းမှု၊ တပ်တွင်းစားဝတ်နေရေး အဆင်မပြေမှုများနှင့်အတူ စစ်ကောင်စီတပ်၏တပ်တွင်းအခြေအနေများကို ဒုတိယဗိုလ်မှူးကြီးသက်အောင်က မန္တလေး PDF ရဲဘော်၏ မေးမြန်းမှုများကို ပြုံးပြုံးကြီး ဖြေကြားသွားသည်။ ဒုတိယဗိုလ်မှူးကြီးသက်အောင်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့ နံနက် (၇) နာရီ (၃၀) ခန့်တွင် သံဘိုကျေးရွာစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းသိမ်းပိုက်ခံရချိန် အရှင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။   ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က တပ်တွင်းအကြောင်းများအပါအဝင် အကြောင်းအရာများကို ဒုတိယဗိုလ်မှူးကြီးသက်အောင်အား မေးမြန်းပြီး အများပြည်သူသိရှိအောင် ယနေ့ ထုတ်ပြန်ထားသည်။   #RedNewsAgency
Read More
စစ်ကောင်စီ၏ အခိုင်အမာစခန်းတစ်ခုဖြစ်သည့် ဖားကန့် ဝှေခါဗျူဟာကုန်းကို KIA/KPDF သိမ်းပိုက်ရရှိ၊ ဗိုလ်မှူးထွက်ပြေး

စစ်ကောင်စီ၏ အခိုင်အမာစခန်းတစ်ခုဖြစ်သည့် ဖားကန့် ဝှေခါဗျူဟာကုန်းကို KIA/KPDF သိမ်းပိုက်ရရှိ၊ ဗိုလ်မှူးထွက်ပြေး

RNA_ဖားကန့် ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ ဝှေခါဗျူဟာကုန်းကို ယနေ့ နံနက် (၇)နာရီ ဝန်းကျင်က KIA/KPDF မှ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း၊ ဗျူဟာကုန်းကို ဦးဆောင်နေသည့် ဗိုလ်မှူးထွက်ပြေးသွားကြောင်း Red News Agency သတင်းရင်းမြစ်ထံမှ သိရသည်။ "ဒီလ (၆)ရက်နေ့ကနေ စခန်းကုန်းရဖို့ ကြိုးစားခဲ့ကြတာ၊ (၁၅) ရက်မြောက်မှာ အောင်မြင်စွာ သိမ်းနိုင်ခဲ့တာပါ၊ ဝှေခါဗျူဟာဆိုတာ ဖားကန့်နဲ့အင်းတော်ကြီးဒေသကို ချိတ်ဆက်ထားတဲ့ အရေးပါတဲ့ စခန်းကုန်းတစ်ခုပါ၊ ‌ဗျူဟာက ဗိုလ်မှူးနဲ့အဖွဲ့တွေ ထွက်ပြေးတာကို လိုက်ဖမ်းတာနဲ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတာမို့ အခြေအနေအသေးစိတ်ကိုတော့ မထုတ်ပြန်နိုင်သေးပါဘူး"လို့ သတင်းရင်းမြစ်က ပြောထားသည်။ (more…)
Read More
တပ်မမှူးအဆင့်တွေ အဖမ်းခံရပြီးနောက် ဖွဲ့စည်းပုံပျက်လာတဲ့ စစ်ကောင်စီ

တပ်မမှူးအဆင့်တွေ အဖမ်းခံရပြီးနောက် ဖွဲ့စည်းပုံပျက်လာတဲ့ စစ်ကောင်စီ

"ရှေ့မှာလည်း "သေရဲ သတ်ရဲ တိုက်ရဲ" ပါတယ်ဆိုတဲ့ ခြေလျင်ခြေမြန် တပ်ရင်းတွေတောင် ခနအတွင်း ကျသွားခဲ့ရတာမျက်မြင်ပါပဲ။ ဒီအခြေအနေမှာ သံဘိုကာကင်းစခန်းကလို စစ်မတိုက်တတ်တဲ့ စက်မှုလက်မှုကထိက ဒုတိယဗိုလ်မှူးကြီး သက်အောင်ကို ခေါင်းဆောင်တင်ပြီးပြင်ဦးလွင်က သင်တန်းသားတွေနဲ့ စစ်တိုက်တဲ့ပုံစံမျိုးကတော့ ရှေ့ဆက်လည်း ရှုံးနိမ့်မှာအသေအချာပါ" မောင်ဝိ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခါစ အစောပိုင်းအချိန်မှာ ပြည်သူလူထုတရပ်လုံး စစ်တပ်ကြောင့် ဒုက္ခတွေအသီးသီးရောက်ကြပေမယ့်။ စစ်တပ်နဲ့ ပတ်သတ်တဲ့ အသိုင်းအဝိုင်းတွေကတော့ လုပ်ပိုင်ခွင့်ပေါ်မူတည်ပြီး အကျိုးမြတ်များစွာရရှိခဲ့တာ အားလုံးအသိပါ။ ဒါ့ကြောင့်ပဲ မင်းအောင်လှိုင်လုပ်သမျှ မျက်စိစုံမှိတ်ပြီး "ဘုရားဒကာကြီး" ဆိုတဲ့ ခေါင်းစဥ်တပ်ပြီး လုပ်စားနေကြတာပါ။ လက်နက်ကိုင်တော်လှန်ရေး စချိန်တုန်းကဆိုရင် ပြည်သူတရပ်လုံးတော်လှန်ရေးအတွက် အားစိုက်ကြတယ်။ တော်လှန်ရေးရဲဘော်တွေကလည်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီး၊ ဗိုလ်မှူးစတဲ့ အဆင့်တွေလောက်ကိုသာ…
Read More
“ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” ကို သိမ်းပိုက်ပြီးနောက် ပလက်ဝဒေသတခုလုံးကို AA သိမ်းပိုက်နိုင်ခဲ့

“ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” ကို သိမ်းပိုက်ပြီးနောက် ပလက်ဝဒေသတခုလုံးကို AA သိမ်းပိုက်နိုင်ခဲ့

RNA_ဇန်နဝါရီ(၁၅)၊၂၀၂၄ခုနှစ်။ စစ်ကောင်စီ၏ တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေသည့် “စစ်ဗျူဟာ ကုန်းကြီး” တခုဖြစ်သည့် “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်”ကို သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အစပ် ပလက်ဝဒေသတခုလုံးကို ရက္ခိုင့်တပ်တော်-AA မှ အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။ ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေသော “စစ်ဗျူဟာ ကုန်းကြီး” ဖြစ်သည့် “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” ကို ဇန်နဝါရီ (၁၀) နံနက် (၇) နာရီ (၁၀) မိနစ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ “ခန်ခတောင်ဗျူဟာ” စခန်းကိုလည်း ဇန်နဝါရီလ (၁၃) ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် "နှမဒါဗျူဟာ” မှကိုလည်း ဇန်နဝါရီလ (၁၄) ရက်၊ နေ့လည် (၃)…
Read More
စစ်ကောင်စီပြိုလဲကြောင်း ထင်ရှားနေတဲ့ တပ်တွင်းအကွဲအပြဲများ

စစ်ကောင်စီပြိုလဲကြောင်း ထင်ရှားနေတဲ့ တပ်တွင်းအကွဲအပြဲများ

"ဗိုလ်မှူးချုပ်အဆင့်ရှိသူတွေဖြစ်တဲ့ မိုးကျော်သူ (ဒကစ လောက်ကိုင်)၊ ထွန်းထွန်းမြင့် (ကိုးကန့် ဦးစီး ဥက္ကဋ္ဌ )၊ ဇော်မျိုးဝင်း (တပ်မ ၅၅ ဌာနချုပ်)၊ အောင်ဇော်လင်း (စကခ ၁၂ ဌာနချုပ်)၊ အေးမင်းဦး (စကခ ၁၄ ဌာနချုပ်)၊ သော်ဇင်ဦး (စကခ ၁၆ ဌာနချုပ်) တို့ကို အမိန့် မနာခံမှု၊ တပ်တွင်း ပုန်ကန်မှု စတာတွေနဲ့ လားရှိုးကိုခေါ်ယူပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်" မောင်ဝိ ၂၀၂၁ ခုနှစ် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ခရိုနီ စစ်ဗိုလ်ချုပ်ကြီးများ အချင်းချင်း အဝေမတည့်မှုများ၊ ရာထူးကြီးသူက ရာထူးငယ်တဲ့ ဗိုလ်ချုပ်တွေကို ဖြုတ်၊ထုတ်၊ ထောင်ချတဲ့ ဖြစ်စဥ်တွေ…
Read More
စစ်မြေပြင်မှာ အသက်တမျှအရေးကြီးတဲ့ အမိန့်နာခံမှုနဲ့ နေပြည်တော်မှာ ပြေးပေါက်ရှာနေတဲ့ စစ်ရာဇဝတ်ကောင်များ

စစ်မြေပြင်မှာ အသက်တမျှအရေးကြီးတဲ့ အမိန့်နာခံမှုနဲ့ နေပြည်တော်မှာ ပြေးပေါက်ရှာနေတဲ့ စစ်ရာဇဝတ်ကောင်များ

"စစ်ကောင်စီဟာ မန္တလေးကို ကာကွယ်နိုင်ဖို့ ပြင်ဦးလွင်မြို့အထွက်မှာ သင်တန်းတက်နေတဲ့ စစ်သားတွေကို စီမံချက်နဲ့ ကာကင်းသဘောမျိုး စောင့်ခိုင်းတာတွေ လုပ်နေတယ်လို့ တပ်တွင်းသတင်းတွေကနေ သိရပါတယ်။ နေပြည်တော်ကို ကာကွယ်နိုင်ဖို့အတွက် မန္တလေးဟာ စစ်ကောင်စီအတွက် နောက်ဆုံးခံတပ်ပုံစံဖြစ်နေပါပြီ"  မောင်ဝိ  ၂၀၂၄ ခုနှစ်ရဲ့ နှစ်သစ်မှာ တော်လှန်ရေးက အားအကောင်းဆုံးလို့ ပြောလို့ရသလို တော်လှန်ပြည်သူတွေအတွက်လည်း အားတက်စရာသတင်းတွေဆက်တိုက်ဆိုသလို ကြားနေရပါတယ်။ ဇန်နဝါရီလ ၂  ရက်နေ့မှာ Mandalay (PDF) နဲ့ TNLA တို့ပူးပေါင်းပြီး “တောင်သမန် စစ်ဆင်ရေး”နဲ့  နောင်ချိုမြိုနယ် သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းအား ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီလ  ၃ ရက်နေ့ မနက်ပိုင်းမှာတော့ သံဘိုကျေးရွာစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး၊ စစ်ကောင်စီရဲ့ ဒုတိယဗိုလ်မှူးကြီး…
Read More
နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော်ကောင်းမင်းသန့် (ခ) Flexx ၏ ဈာပန

နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော်ကောင်းမင်းသန့် (ခ) Flexx ၏ ဈာပန

RNA_ဇန်နဝါရီ(၃)၊၂၀၂၄ခုနှစ်။   စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် တော်လှန်ရေးတာဝန်များကို မရပ်မနား လုပ်ဆောင်နေစဉ် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ၂၀၂၄ ခုနှစ် ၁ ရက်နေ့၊ ညနေ ၅ နာရီ ၂ မိနစ်ခန့်က နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော် ကောင်းမင်းသန့် (ခ)  Flexx ကျောက်ကပ်ရောဂါဖြင့်ကွယ်လွန်ခဲ့ပြီး ယနေ့ ( ဇန်နဝါရီလ ၃ ရက်)တွင် ဈာပနအခမ်းအနား ပြုလုပ်ခဲ့သည်။   ရဲဘော် ကောင်းမင်းသန့် (ခ) Flexx သည် GSC အဖွဲ့ဝင် သပိတ်ကော်မတီ PBYSC ရဲဘော်တဦးဖြစ်ကြောင်း၊၂၀၂၁ခုနှစ် ဩဂုတ် ၁၀ ရက်နေ့က ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်း အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ဝင်ရောက်ဖမ်းဆီးမှုတွင်…
Read More
“လူငယ်တွေရဲ့ တောင်းဆိုချက် အကြံပြုချက်က တော်လှန်ရေး အရွေ့အတွက်ဖြစ်တယ်”

“လူငယ်တွေရဲ့ တောင်းဆိုချက် အကြံပြုချက်က တော်လှန်ရေး အရွေ့အတွက်ဖြစ်တယ်”

RNA_ဇန်နဝါရီ(၁)၊၂၀၂၄ခုနှစ်။ NUCC၊ NUG၊ CRPH စသည့် တော်လှန်ရေးဦးဆောင်အဖွဲ့များထံ လူငယ်များ၏ တောင်းဆိုချက်၊ အကြံပြုချက်များသည် တော်လှန်ရေး အရွေ့အတွက်ဖြစ်ကြောင်း တော်လှန်လူငယ်မျိုးဆက် တွေ့ဆုံပွဲ ပြောရေးဆိုခွင့် ရွေးချယ်ခံရသူ ကိုနေမွန်က ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြောသည်။ လက်ရှိတော်လှန်ရေးတွင် ညီညွတ်ရေးနှင့် ပိုမိုအားကောင်းစွာ တိုက်ပွဲဝင်နိုင်ရေးကို ရှေးရှုပြီး နယ်ပယ် ၁၃ ခုမှ လူငယ် ရဲဘော် ၈၀ ကျော်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ မှ ၂၉ ရက်နေ့အထိ ၃ ရက်တာ အွန်လိုင်းနှင့် မြေပြင်ပေါင်းဆုံပြီး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။ တော်လှန်လူငယ်မျိုးဆက် တွေ့ဆုံဆွေးနွေးပွဲမှ…
Read More
နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို PSLF/TNLA မှ တိုက်ခိုက်ပြီး မြို့ကိုသိမ်းပိုက်ထားနိုင်

နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို PSLF/TNLA မှ တိုက်ခိုက်ပြီး မြို့ကိုသိမ်းပိုက်ထားနိုင်

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၃ခုနှစ်။ နမ္မတူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း တိုက်ခိုက် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း TNLA သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။ တအာင်းပြည်နယ် တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော်က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး (၄)ရက်ကြာ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီ ခမရ-၃၂၄ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အားလုံးကို သိမ်းပိုက်ရရှိထားပြီဖြစ်သည်။ #RedNewsAgency
Read More
စစ်ကောင်စီလက်အောက်ခံများ သွေးပျက်ပြီး ၂ နှစ်ကြာ တပ်စွဲထားသည့်နေရာမှ ဆုတ်ပြေး

စစ်ကောင်စီလက်အောက်ခံများ သွေးပျက်ပြီး ၂ နှစ်ကြာ တပ်စွဲထားသည့်နေရာမှ ဆုတ်ပြေး

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၃ခုနှစ်။   ဒေသတွင်း PDF တပ်ဖွဲ့များကို တိုက်ခိုက်ခံနေရပြီးနောက် စခန်းဝင်တိုက်ခံရမှာကြောက်သည့်အတွက် စစ်ကောင်စီလက်အောက်ခံ တပ်သားများနှင့်ပျူများ သွေးပျက်ကာ ၂ နှစ်ကြော်တပ်စွဲထားသည့် စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာ စခန်းမှဆုတ်ခွါသွားကြပြီဖြစ်ကြောင်း Phoenix Sagaing တာဝန်ခံက Red News Agency ကိုပြောပြထားသည်။   ၂ နှစ်ကြော်ကြာ တပ်စွဲထားသည့် မာလဲတောရွာစခန်းမှ စစ်ကောင်စီလက်အောက်ခံများ သုံးမိုင်အကွာမှာရှိသည့် အုန်းတော့ရွာ အမှတ် (၆၀၀၅) တင့်ကားတပ်ရှိရာကို ထွက်ပြေးသွားသည့်အတွက် ဒေသခံ PDF ရဲဘော်များ ဒီဇင်ဘာလ ၂၃ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့ကြကြောင်း၊ မာလဲတောရွာ ပြည်သူများမှာ လွန်ခဲ့သည့် ၂…
Read More