24
Jan
"ပြည်တွင်းစစ်တွင် ပြည်သူ့စစ်မဟာဗျူဟာကို အသုံးပြုသောအခါ အသုံးပြုသော စစ်ခေါင်းဆောင်သည် အနှေးနှင့် အမြန်ကျဆုံးခြင်းအခြေအနေသို့ ရောက်ရှိရသည်" ****************************** မီးသွေး မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်ရှိအခြေအနေမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးအပါအဝင် အဘက်ဘက်မှ ကျဆင်းပြီး ဖယိုဖရဲ အခြေအနေနှင့်ကြုံတွေ့နေရသည်။ စစ်ကောင်စီ၏ နိုင်ငံရေး သွေးခွဲနည်းဗျူဟာဖြစ်သော လူမျိုးရေးသွေးခွဲခြင်းနှင့် ဘာသာရေးမှိုင်းတိုက်ခြင်း တို့ကိုပါ လုပ်ဆောင်လာသည်ကို တွေ့ရှိရသည်။ ဗမာစစ်တပ်၏ နိုင်ငံရေးရင့်ကျက်မှု (Political Maturation) သည် ယနေ့အချိန်မှာ အသုံးမဝင်တော့သည်ကို တွေ့ရှိရသည်။ လွတ်လပ်ရေးရပြီးချိန်ကတည်းက စတင်လိုက်သည့် ပြည်တွင်းစစ်ကြီးဟာလည်းအရှိန်အမြင့်ဆုံး ရောက်ရှိနေပြီးတော့ နိုင်ငံအနှံ့အပြားရှိတိုက်ပွဲများတွင် ကြည်း၊ရေ၊လေ အကုန်အသုံးပြု စစ်ဆင်ရေးများပြုသော်လည်း အဘက်ဘက်တွင် အထိနာကာ ကျရှုံးလျက်ရှိသည်။ စစ်ကောင်စီသည် ခေတ်အဆက်ဆက်…