တပ်တွင်းအကြောင်း ပြုံးပြုံးကြီးဖြေကြားသွားသည့် ဒုတိယဗိုလ်မှူးကြီးသက်အောင်

RNA_ဇန်နဝါရီ(၂၀)၊၂၀၂၄ခုနှစ်။
 
တပ်ဖွဲ့စုစည်းမှု၊ တပ်တွင်းစားဝတ်နေရေး အဆင်မပြေမှုများနှင့်အတူ စစ်ကောင်စီတပ်၏တပ်တွင်းအခြေအနေများကို ဒုတိယဗိုလ်မှူးကြီးသက်အောင်က မန္တလေး PDF ရဲဘော်၏ မေးမြန်းမှုများကို ပြုံးပြုံးကြီး ဖြေကြားသွားသည်။
ဒုတိယဗိုလ်မှူးကြီးသက်အောင်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့ နံနက် (၇) နာရီ (၃၀) ခန့်တွင် သံဘိုကျေးရွာစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းသိမ်းပိုက်ခံရချိန် အရှင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
 
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က တပ်တွင်းအကြောင်းများအပါအဝင် အကြောင်းအရာများကို ဒုတိယဗိုလ်မှူးကြီးသက်အောင်အား မေးမြန်းပြီး အများပြည်သူသိရှိအောင် ယနေ့ ထုတ်ပြန်ထားသည်။
 
#RedNewsAgency
By Editor