ရက္ခိုင်

“ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” ကို သိမ်းပိုက်ပြီးနောက် ပလက်ဝဒေသတခုလုံးကို AA သိမ်းပိုက်နိုင်ခဲ့

“ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” ကို သိမ်းပိုက်ပြီးနောက် ပလက်ဝဒေသတခုလုံးကို AA သိမ်းပိုက်နိုင်ခဲ့

RNA_ဇန်နဝါရီ(၁၅)၊၂၀၂၄ခုနှစ်။ စစ်ကောင်စီ၏ တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေသည့် “စစ်ဗျူဟာ ကုန်းကြီး” တခုဖြစ်သည့် “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်”ကို သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အစပ် ပလက်ဝဒေသတခုလုံးကို ရက္ခိုင့်တပ်တော်-AA မှ အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။ ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေသော “စစ်ဗျူဟာ ကုန်းကြီး” ဖြစ်သည့် “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” ကို ဇန်နဝါရီ (၁၀) နံနက် (၇) နာရီ (၁၀) မိနစ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ “ခန်ခတောင်ဗျူဟာ” စခန်းကိုလည်း ဇန်နဝါရီလ (၁၃) ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် "နှမဒါဗျူဟာ” မှကိုလည်း ဇန်နဝါရီလ (၁၄) ရက်၊ နေ့လည် (၃)…
Read More
စစ်ကောင်စီတပ် ရခိုင်ပြည်နယ်အတွင်း ရှုံးမဲမဲနေဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်

စစ်ကောင်စီတပ် ရခိုင်ပြည်နယ်အတွင်း ရှုံးမဲမဲနေဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်

RNA_ဇူလိုင်၂၁၊၂၀၂၂ ခုနှစ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အသေအဆုံးနှင့် အရှင်ဖမ်းခံရမှုများကြောင့် ပြည်သူလူထုအပေါ် ရှုံးမဲမဲနေသည်ဟု က္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်သည် တိုက်ပွဲများတွင် ရှုံးတိုင်း ပြည်သူ လူထုအပေါ် အငြိုးအတေးကြီးများပြီး ရက်သက်သော လုပ်ရပ်များလုပ်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာရှိနေပြီဖြစ်ကြောင်း၊ ရခိုပြည်နယ်အတွင်း ပြည်သူများအပေါ် စစ်ကောင်စီတပ်သည် ကုန်းလမ်း ရေလမ်း စစ်ဆေးရေးဂိတ်များဖွင့်ကာ ဖုန်း ဆိုင်ကယ် ကားများကို အကြောင်း အမျိုးမျိုးပြကာ စစ်ဆေးမှုများပြုလုပ်ပြီး လူဖမ်းပွဲကဲ့သို့ ညအချိန်မတော် ပြည်သူများကို အပြစ်မရှိ အပြစ်ရှာကာ ဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု သိရသည်။ (more…)
Read More