ဖားကန့် ဝှေ့ခါဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲပြန်ရဲဘော်များ အောင်ပွဲခံ

RNA_ဇန်နဝါရီ(၂၇)၊၂၀၂၄ခုနှစ်။
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီ၏ ဝှေခါဗျူဟာကုန်းကို KIA/KPDF များက ဝင်ရောက်တိုက်ခိုက်သိမ်းအပြီးတွင် ဒေသခံပြည်သူတချို့က အောင်သပြေနှင့်အတူ ကြိုဆိုခဲ့ကြပြီး ရဲဘော်များ အောင်ပွဲခံခဲ့ကြကြောင်း သိရသည်။
 
“KIA တပ်မဟာ (၉)ရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ ဖားကန့်က ရဲဘော်တွေ သင်ယူကြိုးစားခဲ့ကြတာဖြစ်ပါတယ်၊ ပြည်သူတွေအတွက် အောင်ပွဲတွေဆက်လက်ရယူပေးသွားမှာဖြစ်ပါတယ်လို့ ပြောချင်ပါတယ်” ဟု KPDF တာဝန်ရှိသူတဦးက ဗျူဟာကုန်းတိုက်ပွဲအပြီးတွင် Red News Agecny ကိုပြောကြားထားသည်။

စစ်ကောင်စီ၏ အခိုင်အမာစခန်းတစ်ခုဖြစ်သည့် ဖားကန့် ဝှေခါဗျူဟာကုန်းကို KIA/KPDF ရဲဘော်များက ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် (၇) နာရီဝန်းကျင်က အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိခဲ့ပြီး ဗျူဟာကုန်းဦးဆောင်နေသည့် စစ်ကောင်စီတပ်ဗိုလ်မှူးမှာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
 
ဖားကန့်ဒေသတွင် ၂၀၂၄ ခုနှစ်အတွက် စစ်တပ်အခိုင်အမာတပ်စွဲသည့် စခန်းကုန်းတစ်ခုကို သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး အခြားအခိုင်အမာအထိုင်ချထားသည့် ဖားကန့်ဗျူဟာ၊ လမောင်ကုန်းစခန်း၊ ယမ်းချက်စက်ရုံ၊ နန့်ယားစစ်တပ်ကုန်းနှင့် ကာမိုင်းဗျူဟာတို့ ကျန်ရှိနေသေးသည်။
 
#RedNewsAgency
By Editor