Tag: စစ်ကောင်စီတပ်

  • စစ်ကောင်စီတပ်က ကျေးရွာ (၂) ရွာမှ နေအိမ်အဆောက်အဦ (၁၃၉) လုံးနှင့် စပါးများကို မီးရှို့ဖျက်ဆီး

    စစ်ကောင်စီတပ်က ကျေးရွာ (၂) ရွာမှ နေအိမ်အဆောက်အဦ (၁၃၉) လုံးနှင့် စပါးများကို မီးရှို့ဖျက်ဆီး

    RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် (အနောက်ခြမ်း) ရွာဟောင်းရွာနှင့် သဲကောရွာအတွင်း စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့က စစ်ကြောင်းထိုးပြီး နေအိမ်အဆောက်အဦ ( ၁၃၉) လုံးနှင့် ရိတ်သိမ်းပြီး စပါးများကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
     
    စစ်ကောင်စီတပ်သည် ကောလင်းမြို့နယ် အနောက်ခြမ်း ကျေးရွာများအတွင်း စစ်ကြောင်းထိုးနေပြီး တရွာဝင် တရွာထွက် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည့်အတွက် ဒေသခံ ပြည်သူများ စစ်ကြောင်းနှင့်မတွေ့စေရန် အနီးအနားကျေးရွာများအတွင်း သွားရောက်ရှောင်တိမ်းနေကြရကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီ တပ်သားများက ၁၉ နှစ်အရွယ် PDF ရဲဘော်ကို လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်

    စစ်ကောင်စီ တပ်သားများက ၁၉ နှစ်အရွယ် PDF ရဲဘော်ကို လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်

    RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။

    စစ်ကောင်စီတပ်သားများက ဖမ်းဆီးရမိသည့် အသက် (၁၉) နှစ်အရွယ် PDF ရဲဘော်ကိုဝင်းနိုင်မြင့် ကို လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်သည့် ရုပ်သံမှတ်တမ်းကို ယနေ့ CDF- KKG ကထုတ်ပြန်ထားသည်။

    PDF ရဲဘော်အား ညှဉ်းပမ်းနှိပ်စက်နေသည့် ရုပ်သံမှတ်တမ်းကို စစ်ကိုင်းတိုင်း၊ ကလေးနယ်တောင်ပိုင်း၊ ရှားဖိုကျေးရွာ၌ ပြီးခဲ့သည့် မေလအတွင်း တိုက်ပွဲတခုတွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖုန်းတလုံးအား သိမ်းဆည်းရမိစဉ် ဖုန်းအတွင်းပါရှိလာသည့် ရုပ်သံဖိုင်ဖြစ်ကြောင်း Chinland Defense Force – Kalay Kabaw Gangaw – CDF- KKG က ထုတ်ပြန်ထားသည်။

    PDF ရဲဘော်သည် အသက် (၁၉) နှစ်ဖြစ်ပြီး အမည် ဝင်းနိုင်မြင့်၊ ထူးကြီး PDF ဟု ညှဉ်းပမ်းနှိပ်စက်ခံနေရသည့်ကြားမှ ဖြေနေရသည့်အတွက် Red News Agency အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ ထူးကြီး PDF ဖြစ်မည်ဆိုပါကစစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်တိုက်နယ်၊ ထူးကြီးကျေးရွာတည်ရှိကြောင်း၊ ယင်းဒေသတဝိုက် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။

    ရုပ်သံအား ကြည့်ရှုရန် နှိပ်ပါ

    #RedNewsAgency

  • စစ်ကောင်စီလက်အောက်ခံများ ကြောက်အားပိုနေရသည့် မဟာရန်ကုန်

    စစ်ကောင်စီလက်အောက်ခံများ ကြောက်အားပိုနေရသည့် မဟာရန်ကုန်

    စစ်ကောင်စီလက်အောက်ခံများက လမ်းသွားလမ်းလာများအပေါ် အမြဲရမ်းကားနေကြသည်။ တားဆီးထားသည့် အကာအရံများကို မတော်တဆ တိုက်မိသည့် ကားသမားများမှာ စစ်ဆေးခံရမှုနဲ့အတူ ရိုက်နှက်ခံရမှုများပါ ကြုံနေကြရသည်

    ဇော်နိုင်

    နေပြည်တော်မှသည် ကျေးလက်တောရွာအလယ် ရန်ကုန်မြို့တော်အဆုံး တနိုင်ငံလုံးနီးပါးရှိ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်များ၊ ထောက်ခံအားပေးသူများ၊ စစ်ကောင်စီတပ်လက်အောက်ခံ လက်နက်ကိုင်များသည် ဒီမိုကရေစီရေးအင်အားစုများ၊ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်နေသည့် တော်လှန်ရေးသမားများကို ကြောက်အားပိုနေရသည့်အနေအထားဖြစ်နေသည်။

    ကျေးလက်တောရွာများတွင် စစ်ကောင်စီလက်အောက်ခံများကို လက်နက်များတပ်ဆင်ကာ ပျူစောထီးအဖွဲ့များရှိသော်လည်း အချိန်ပြည့် ကြောက်လန့်နေရသည့်အနေအထားဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မမြေအထိ တော်လှန်ရေးတပ်သားများက အခွင့်ရတိုင်းတိုက်ခိုက်နေသည့်အတွက် နေပြည်တော်က စစ်ခေါင်းဆောင်နှင့်အပေါင်းအပါများမှာလည်း စိုးရိမ်ထိတ်လန့်စွာ သွားလာနေထိုင်ရသည်။ တနိုင်ငံလုံးမှာ အကြီးဆုံးမြို့ဖြစ်သည့် မဟာရန်ကုန်တွင်ကား ထင်ရာစိုင်းနေသည့် စစ်ကောင်စီလက်အောက်ခံများကို နေ့စဉ်နှင့်အမျှ ဆုံးမနေကြသည့်အတွက် အခိုင်အမာ အကာအရံများ၊ လက်နက်ကိုင် အကာအရံများ၊ လက်နက်ရှိယုံမျှဖြင့် မလုံခြုံတော့သည့် အုပ်ချုပ်ရေးမှူးအဖွဲ့များသည် နေ့စဉ်နှင့်အမျှ ထိတ်လန့်တုန်လှုပ်နေကြရသည်။

    ရန်ကုန်မြို့ ပြည်သူပိုင်နေရာများတွင် စစ်ကောင်စီလက်အောက်ခံများသည် အတင်းအဓမ္မနေရာယူထားပြီး အတားအဆီးအခိုင်အမာနှင့် ခြံရံမှုများပြုလုပ်ကာ စစ်အာဏာရှင်တို့၏ အမိန့်များကိုနာခံကာ ပြည်သူများကို အချိန်ပြည့် သေနတ်ဖြင့် ချိန်ထားကြသည်။ စိတ်အခန့်မသင့်ရင်ဖြင့် PDF စွပ်စွဲကာ ဖမ်းဆီးမှုများ ပစ်သတ်မှုများပါ ပြုလုပ်နေကြသည်။ ထို့ကြောင့် ရန်ကုန်မြို့နေပြည်သူများမှာ ဘယ်နေရာ သွားသွား ဘယ်အချိန်ဘာဖြစ်မလဲဆိုတာ အမြဲစိုးရိမ်ထိတ်လန့်နေကြရသည်။ အာဏာရှင်တို့သည်ကား လက်နက်အားကိုးဖြင့် ပြည်သူများကို အမြဲညှင်းပန်းနှိပ်စက်နေကြသည်။

    (more…)

  • NLD ပါတီဝင်များအပါအဝင် ပြည်သူ (၆) ဦးကို ပျူစောထီးအဖွဲ့က သတ်ဖြတ်

    NLD ပါတီဝင်များအပါအဝင် ပြည်သူ (၆) ဦးကို ပျူစောထီးအဖွဲ့က သတ်ဖြတ်

    RNA_ဒီဇင်ဘာ(၇)၊၂၀၂၂ ခုနှစ်။
     
    မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မင်းရွာမှ အသက် (၁၇) နှစ်အရွယ် ပါအဝင် အမျိုးသား (၆) ဦးကို စစ်ကောင်စီလက်အောက်ခံ မြင်းခြံမြို့ သီတာယုမွန် ခေါင်းဆောင်သော ပျူစောထီးအဖွဲ့က ဒီဇင်ဘာလ ၆ ရက်နေ့က ကားနှစ်စီးနှင့်ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက်စက်စွာ သတ်ဖြတ်သွားကြောင်း သိရသည်။
    မင်းရွာမှ NLD ပါတီဝင်များဖြစ်သည့် ဦးကျော်ဆောင်၊ ဦးခင်မောင်စိန်၊ကိုမင်းဇော်၊ ကိုဟန်တင်နှင့် ကိုစိုးပိုင်၊ ကိုအောင်ကိုမင်း (အသက် ၁၇ နှစ်) တို့ကို စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးအဖွဲ့က လက်ပြန်ကြိုးတုပ်ကာ ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ်ကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

    (more…)

  • စစ်ကြောင်းထိုးပြီး မြောင်မြို့နယ် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ

    စစ်ကြောင်းထိုးပြီး မြောင်မြို့နယ် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ

    RNA_ဒီဇင်ဘာ(၇)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ရွာသူရွာသားများမရှိသည့်ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

    ” မနက် ၇ နာရီခွဲလောက်တွင် အကြမ်းဖက်စစ်ခွေးများသည် ရွှေဘုံသာကျေးရွာသို့ဝင်ရောက်ပြီး။ ၈နာရီခွဲတွင် ရွှေဘုံသာကျေးရွာအား မီးရှို့နေသည်။ လက်ရှိခွေးများသည် ထိုရွာထဲတွင်ရှိနေပြီး ပြည်သူများသည် မနေ့ညကထည်းက စစ်ရှောင်ပြေးနေကြရသည်” ဟု မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ-CDSOM  က ယမန်နေ့က အသိပေးထားသည်။

    [embedyt] https://www.youtube.com/watch?v=Zd8Cq10QK1Y[/embedyt]

    စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများထွက်ပြေးနေကြရကြောင်း၊ ဒီဇင်ဘာလ (၆) ရက်နေ့ နံနက်က ရွှေဘုံသာကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကြောင်းထွက်သွားသည်နှင့် ရွာသူရွာသားများနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

    (more…)

  • ဘေးရှောင်များ၏ စပါးခင်းများကို AA ရိတ်သိမ်းပေး

    ဘေးရှောင်များ၏ စပါးခင်းများကို AA ရိတ်သိမ်းပေး

    စစ်ကောင်စီတပ်နှင့် ယာယီအပစ်ရပ်ပြီးနောက် စစ်ဘေးရှောင်များ၏ စပါးခင်းများကို AA ရိတ်သိမ်းပေး

    RNA_ဒီဇင်ဘာ(၁)၊၂၀၂၂ခုနှစ်။

    စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့မှစ ယာယီအပစ်ရပ်ပြီးနောက် စစ်ဘေးရှောင် ပြည်သူများ၏ စပါးခင်းများ အချိန်မီ ရိတ်သိမ်းရန် အရေးတကြီး ချက်ချင်းလိုအပ်နေသည့် အတွက် ရက္ခိုင့်တပ်တော်- AA စစ်သည်များနှင့် ULA အဖွဲ့ဝင်များမှ စပါးခင်းပိုင်ရှင်များကိုယ်စား ရိတ်သိမ်းပေးနေကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီက မိသားစုတခုလုံးကို ဖမ်းဆီးထားပြီး သားကို ထောင်ဒဏ် အနှစ် (၂၀) ချမှတ်

    စစ်ကောင်စီက မိသားစုတခုလုံးကို ဖမ်းဆီးထားပြီး သားကို ထောင်ဒဏ် အနှစ် (၂၀) ချမှတ်

    RNA_နိုဝင်ဘာ(၂၆)၊၂၀၂၂ ခုနှစ်။
     
    ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ကိုဇော်ဝမ်းမောင်နှင့် မခက်ခက်လွင်တို့ မိသားစု တခုလုံးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး သားကြီး ကိုသီဟနှင့်ဇနီး မစွမ်းပြည့်စိုးမွန်ကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ် အနှစ် (၂၀) ထပ်မံချက်မှတ်လိုက်ကြောင်း သိရသည်။
     
    ကိုသီဟနှင့်ဇနီး မစွမ်းပြည့်စိုးမွန်အပါအဝင် အမှုတွဲ (၁၇) ဦးကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပဲခူးတိုင်း၊ ဒိုက်ဦးထောင်မှာ ဖမ်းဆီးထားပြီး နိုဝင်ဘာလ ၂၅ ရက်နေ့က ဒိုက်ဦးတရားရုံးမှ ပုဒ်မ (၁၂၂) နှင့် ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခဲ့ကြောင်း၊ ကိုသီဟတို့ ဇနီးမောင်နှံကို ထောင်ဒဏ်အနှစ် (၂၀) မချမှတ်ခင် ပုဒ်မ ၅၀၅ နှင့် ထောင်ဒဏ် (၃) နှစ်ချခံထားရသည်။

    (more…)

  • စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း PDF ရဲဘော် (၁၀) ဦး ကျဆုံး

    စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း PDF ရဲဘော် (၁၀) ဦး ကျဆုံး

    RNA_နိုဝင်ဘာ(၂၅)၊၂၀၂၂ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာဝန်းကျင်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၃ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီး ဝင်ရောက်စီးနင်းစဉ်အတွင်း ဒေသခံ PDF (၁၀) ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
    ပုံစာ-မုံလှကျေးရွာမှာ ကျဆုံးခဲ့ရသည့် PDF ရဲဘော်များဈာပန မြင်ကွင်း။
     
    စစ်ကောင်စီခြေလျင်စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အသေအဆုံးများသည့်အတွက် လေကြောင်းပစ်ခတ်မှုပြုလုပ်ချိန်တွင် PDF (၂) ဦးကျပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ကံသာရွာမှ ဒေသကာကွယ်ရေး ရဲဘော်နှစ်ဦးမှာလည်း ပိတ်မိပြီး ပစ်ခတ်သတ်ဖြတ်ခံရကြောင်း၊ ဖမ်းဆီး နှိပ်စက်ခံရပြီး ကျဆုံးခဲ့ရသည့် ၆ ဦးမှာ Hero Army Khin-U အဖွဲ့ကဖြစ်ကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာ ၁၁ ရွာမှ (၁၆၈)အိမ် မီးရှို့ဖျက်ဆီးခဲ့

    စစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာ ၁၁ ရွာမှ (၁၆၈)အိမ် မီးရှို့ဖျက်ဆီးခဲ့

    ခလရ(၅၀) လက်အောက်ခံ တပ်သားနှင့်ပျူအဖွဲ့က ကျေးရွာ ၁၁ ရွာမှ (၁၆၈)အိမ် မီးရှို့ဖျက်ဆီးခဲ့
     
    RNA_နိုဝင်ဘာ(၂၄)၊၂၀၂၂ ခုနှစ်။
     
    မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း ကျေးရွာ (၁၁) ရွာမှ နေအိမ် (၁၆၈) လုံးကို စစ်ကောင်စီတပ် စစ်ကောင်စီတပ် ခလရ(၅၀) လက်အောက်ခံ တပ်သားများ၊ ပျူစောထီများက နှစ်လအတွင်းလှည့်လည် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
    Photo : YRF

    (more…)

  • ပြည်သူများကို ကယ်ထုတ်ရင်း YDF ရဲဘော်တဦးကျဆုံး၊ တဦးပျောက်နေ

    ပြည်သူများကို ကယ်ထုတ်ရင်း YDF ရဲဘော်တဦးကျဆုံး၊ တဦးပျောက်နေ

    RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။
     
    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဇာဟောကျေးရွာတောင်ဘက်၊ ဇာဟော-အုတ်လှလမ်းပေါ်၌ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ (၅၀) မှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် ပြည်သူများကို ယောကာကွယ်ရေးတပ်-YDF တပ်ဖွဲ့ဝင်များ ကယ်ထုတ်ရင်း ပစ်ခတ်ခံရကာ ရဲဘော်တဦးကျဆုံးကာ ရဲဘော်တဦးပျောက်ဆုံးနေကြောင်း သိရသည်။
     
    “YDF တပ်ဖွဲ့ဝင်များဖြစ်သော ရဲဘော်အောင်နိုင်၊ ရဲဘော် အောင်ကျော်မိုးနှင့် ‌ရဲဘော်အောင်ကိုကိုတို့ ထိမှန်ခဲ့ပြီး ရဲဘော်အောင်နိုင်သည် ရင်ညွန့်နှင့် နံကြားတွင် ကျည်ထိမှန်၍ နေရာတွင် ကျဆုံးခဲ့ပါသည်။ ရဲဘော်အောင်ကျော်မိုးသည် ဘယ်ဘက်လက်မောင်းတွင် ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ရဲဘော်အောင်ကိုကိုမှာ ပျောက်ဆုံးနေဆဲဖြစ်ပါသည်” ဟု YDF က ထုတ်ပြန်ထားသည်။

    (more…)