Tag: စစ်ကောင်စီတပ်
-

စစ်အုပ်စုအား အမြန်ချေမှုန်းသုတ်သင်ရန် NUG သမ္မတတိုက်တွန်း
RNA_နိုဝင်ဘာ (၂၂)၊၂၀၂၂ ခုနှစ်။မဟာမိတ်တပ်ပေါင်းစုများနှင့်အတူ စစ်အုပ်စု တခုလုံးကို အလျင်အမြန်ချေမှုန်းသုတ်သင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလ ကတိုက်တွန်းလိုက်သည်။လက်နက်ကိုင် ပဋိပက္ခရှည်ကြာသည်နှင့်အမျှ တိုင်းပြည်နှင့်ပြည်သူများသည် ဆိုးသထက်ဆိုးလာဖို့ရှိိသည့်အတွက် အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းသုတ်သင်နိုင်ရေးက အဓိကဖြစ်ပြီး မဟာမိတ်စစ်ရေးတပ်ပေါင်းစုနှင့် တွန်းလှန်ရန်လိုအပ်ကြောင်း (၇၅)ကြိမ်မြောက်အစိုးရအဖွဲ့ အစည်းအဝေးမှာ တိုက်တွန်းထားသည်။“ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရ တစ်ရပ်အနေနဲ့ လူထုရှေ့မှာ မားမား မတ်မတ်ရပ်တည်နေတဲ့ အစိုးရဖြစ်ပေမယ့် တစ်ဖက်မှာလည်း တည်ဆောက်ရေးအတွက် လူထုအားကိုး အားထားထိုက်တဲ့ အစိုးရတစ်ရပ် ဖြစ်နေဖို့ ကြိုးစားနေရပါလိမ့်မယ်” ဟုလည်း ယာယီသမ္မတက ပြောကြားခဲ့သည်။ပြည်တွင်းစစ်ကြာရှည်သည်နှင့်အမျှ နှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် နယ်မြေအလိုက် လွတ်မြောက်နယ်မြေနှင့် စိုးမိုးနယ်မြေများရှိကြောင်း၊ နွေဦးတော်လှန်ရေးမှပေါ်ပေါက်လာသည့် ခုခံစစ်နှင့်အတူ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့တွင်လည်း မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်နယ်မြေစိုးမိုးမှု မလုပ်နိုင်သည့်အနေအထားများ ရှိလာပြီဖြစ်သည်။အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည်လည်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်နေပြီး၊ မဟာမိတ် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်များကလည်း စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်နေကြသည်။ -

ကလေးကင်ပွန်းတပ်ပွဲကျင်းပနေစဉ် စကစ လက်နက်ကြီးကြောင့် ပြည်သူ ၁၁ ဦးသေဆုံး
RNA_နိုဝင်ဘာ(၁၇)၊၂၀၂၂ ခုနှစ်။ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံ(အုပ်စု)၊ ဂြစ်ချောင်းကျေးရွာအတွင်း၌ နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၁ နာရီ ဝန်းကျင်ကကလေးကင်ပွန်းတပ် (အမည်ပေး) ပွဲ ကျင်းပနေစဉ် မောင်တောမြို့နယ် စစ်ကောင်စီတပ် နခခ(၇)မှ လက်နက်ကြီးပစ်ခတ်သည့်အတွက် အသက် (၅) နှစ် ၆ နှစ်အရွယ် ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ၁၁ ဦးနေရာတွင် သေဆုံးကာ (၂၀) ကျော်ဒဏ်ရာရရှိကြောင်း သိရသည်။နိုဝင်ဘာလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၁၄) ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ရက္ခိုင့်တပ်မတော် – AA က ထုတ်ပြန်ထားသည်။ -

ညပိုင်းအရေးပေါ် စစ်ဘေးရှောင်နေရ
စကစ တပ်၏ သတ်ဖြတ်မှုကြောင့် ညပိုင်းအရေးပေါ် စစ်ဘေးရှောင်နေရ
RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းမှ ဒေသခံပြည်သူများကို သတ်ဖြတ် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့်အတွက် ဒေသခံပြည်သူများ ညပိုင်း စစ်ဘေးရှောင်နေကြရသည်။
” အညာဒေသက ပြည်သူတွေဟာ အကြမ်းဖက်စစ်ခွေးတွေရဲ့ ရွာတွေကိုမီးရှို့မှုတွေ လူတွေကိုဖမ်းဆီးသက်မှုတွေကြောင့် ညအချိန်ကြီး စစ်ရှောင်နေကြသောမြင်ကွင်းပါ” ဟု 96 Soldiers -PDF အညာဒေသတပ်ခွဲက ရုပ်သံနှင့်တကွ အသိပေးထားသည်။
[embedyt] https://www.youtube.com/watch?v=J6Em2qqMkNY[/embedyt]
ယခုရက်ပိုင်း စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ဝက်လပ်မြို့နယ်မှာ ထိုးစစ်ဆင်နေပြီး နေသခံ PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း၊ စစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာများကို ဝင်စီးကာ နေအိမ် အဆောက်အဦများကို မီးရှို့ပြီး တွေ့ရှိပြီး ဖမ်းဆီးရမိသည့် ပြည်သူများကို သတ်ဖြတ်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် အောက်တိုဘာလအတွင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် နေအိမ် အဆောက် အဦ ၁၅၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ရာ စစ်ကိုင်း တိုင်းမှာ ၁၁၂၄ လုံးထက်မနည်း၊ မကွေးတိုင်းမှာ ၃၇၁ လုံးထက်မနည်း ရှိခဲ့ကြောင်း၊ စစ်တပ်အာဏာ သိမ်းပြီးနောက် အောက်တိုဘာလအထိ စစ်ကိုင်းတိုင်းတွင် စစ်ဘေးဒုက္ခသည် ၆ သိန်းကျော်ရှိကြောင်း ISP – Myanmar ၏ အချက်အလက်များအရ သိရသည်။
Red News Agency
-

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၅၅) ဦး သေဆုံးခဲ့ရ
RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။

၂၀၂၁ ခုနှစ်၊အောက်တို ဘာလ (၁)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် အမျိုးသမီး၊ ကလေးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၅၅) ဦး သေဆုံးခဲ့ရပြီး (၁၈၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ထားသည်။

-

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က (၂) ယောက်သေ၊ ရဲဘော် (၅) ဦးဖမ်းဆီးခံရ
RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာ (၃) နယ်မြေအတွင်း စစ်ကောင်စီတပ် အင်အားအများအပြားနှင့် မော်လမြိုင်အခြေစိိုက် အထူးမြေအောက်လှုပ်ရှားမှုအင်အားစု – SUMF ရဲဘော် (၅) ဦးတို့ အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က (၂) ဦးသေဆုံးပြီး ရဲဘော် (၅) ဦး ဖမ်းဆီးခံလိုက်ရသည်။မော်လမြိုင်မြို့၊ ဇေယျာ (၃) နယ်မြေအတွင်း ယမန်နေ့ ( နိုဝင်ဘာ ၁၄ ရက်) ညနေ ၅ နာရီ ၃၀ မိနစ် ဝန်းကျင် Special Underground Movement Force – အထူးမြေအောက်လှုပ်ရှားမှုအင်အားစု ရဲဘော် (၅) ဦးကို ဝင်ဖမ်းရန်ပြုလုပ်သည့်အတွက် ည ၇ နာရီ ၃၀ မိနစ်အထိ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုအတွင်း ရပ်ကွက်အုပ်ကြီးသား ဒလန် ၁ ဦးနှင့် ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီဘက်က အင်အား ၃၀၀ ဝန်းကျင်က ရပ်ကွက်ကို ပိတ်ဆို့ကာ လက်နက်ကြီး လက်နက်ငယ်များစွာဖြင့် ပစ်ခတ်သဖြင့် အမျိုးသမီး ရဲဘော် ၁ ဦးပါအဝင် (၅) ဦးမှာ ဖမ်းဆီးခံလိုက်ရသည်ဟု SUMF က ထုတ်ပြန်ထားသည်။စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေး ရဲဘော် (၅) ဦးဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး “ အစဉ်လေးစားလျှက်ပါ ရဲဘော်တို့ မကြာခင်အကြွေးပြန်ယူမယ်” ဆက်လက်တော်လှန်သွားမည်ဟု Special Underground Movement Force က ပြောကြားထားပြီး၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့ကလည်း မော်လမြိုင်မြို့၊ ဒိုက်ဝန်ကွင်းနယ်မြေရဲစခန်းအတွင်းကို လက်ပစ်ဗုံးပစ်သွင်းခဲ့ကြသည်။#RedNewsAgency -

မူဆယ်မြို့ ဗုံးပေါက်ကွဲမှု (၅) နှစ်ကလေးငယ်အပါအဝင် (၈) ဦးဒဏ်ရာရ
RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ခုနှစ်။
ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ မင်္ဂလာမူဆယ် လမ်းမကြီး၊ မြစ်ရွှေလီလမ်းမနှင့် လင်းရောင်ခြည်လမ်းမကြား ယနေ့ နံနက် (၁၁) နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွာခဲ့ရာ (၅) နှစ်အရွယ် ယောက်ျားလေးတဦးနှင့် အမျိုးသမီး(၃)ဦးအပါအဝင် (၈) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ : “နှလုံးလှ”လူမှုကူညီရေးအသင်း ” ဗုံးပေါက်ကွဲမှု ကျားရှစ်ယောက်အနက် ငါးနှစ်ကလေးငယ်ယောကျာ်လေးတစ်ယောက်ပါဝင်ပြီး မသုံးယောက်ဒဏ်ရာရရှိခဲ့ပါသည်။ကျား (1)မန္တလေးဆေးရုံသို့ လွှဲပြောင်းကူညီပေးခဲ့ပါသည်။လမ်းမကြီးဘေးမှ ဆိုင်ခန်းတချို့နှင့် လမ်းဘေးရပ်ထားသောကားသုံးလေးစီးခန့် အနည်းငယ်ပျက်စီးထိခိုက်” ဟု “နှလုံးလှ”လူမှုကူညီရေးအသင်း(မူဆယ်)က အသိပေးထားသည်။

ဓာတ်ပုံ : “နှလုံးလှ”လူမှုကူညီရေးအသင်း ဗုံးပေါက်ကွဲမှုအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ် (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မူဆယ်မြို့တွင် စစ်ကောင်စီတပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့အထက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ : “နှလုံးလှ”လူမှုကူညီရေးအသင်း
#RedNewsAgency
-

စစ်ဘေးရှောင်များခိုလှုံနေသည့် ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်
RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ ခုနှစ်။စစ်ဘေးရှောင်များ ခိုလှုံနေမှန်းသိနေသည့် ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စစ်ကောင်စီတပ်က ယမန်နေ့ (နိုဝင်ဘာ ၁၃ ရက်) နံနက် ၈ နာရီဝန်းကျင်က လက်နက်ကြီးပစ်ခတ်သည့်အတွက် စစ်ဘေးရှောင်အမျိုးသမီး ၂ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။ကရင်နီပြည်တွင်း စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်များခိုလှုံနေသည့် ခရစ်ယာန်ဘုရားကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများ၊ ဒုက္ခသည်စခန်းနှင့် ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေသည်။၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူ (၂၈၂) ဦးနှင့် စစ်ဘေးရှောင်သေဆုံးမှု (၉၇) ဦး သတ်ဖြတ်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှု (၁၇၃) ကြိမ်ရှိကြောင်း၊ ဘာသာရေးအဆောက် အဦ (၂၇) လုံးနှင့် နေအိမ်အဆောက် အဦ (၁၂၄၇) လုံး ပျက်စီးခဲ့ရပြီး ပြည်သူ (၂၈၀) ဝန်းကျင် ဖမ်းဆီးခံထားရသည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု – PKPF က ထုတ်ပြန်ထားသည်။#RedNewsAgency -

ဆင်အင်းကြီးကျေးရွာမှာ ရွာသား ၉ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ရက်စက်စွာသတ်ဖြတ်
RNA_နိုဝင်ဘာ ၁၁၊၂၀၂၂ ခုနှစ်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်ကြီးကျေးရွာတွင် စစ်ကောင်စီတပ်သားများ ယမန်နေ့ ( နိုဝင်ဘာ ၁၀ ရက်) ညပိုင်းတွင် ကျေးရွာကို ဝင်စီးပြီီး ရွာသား (၉) ဦးထက်မနည်းကို သတ်ဖြတ်ပြီး နေအိမ် ၁၀ လုံးဝန်းကျင်ကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာကြားတွင် ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ယာဉ်တန်းကို ရက္ခိုင့်တပ်မတော် -AA က မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် ရဟတ်ယာဉ်များအသုံးပြု လေကြောင်းတိုက်ခိုက်ခဲ့သေးကြောင်း၊ တိုက်ခိုက်ခံရပြီီးအနီးကျေးရွာများကိုစစ်ကောင်စီတပ်ဝင်စီးပြီး ဒေသခံပြည်သူများကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ဆင်အင်းကြီးကျေးရွာမှ မောင်မောင်သိန်း( အသက် -၄၁ နှစ်)၊ မောင်စံလှ(အသက် – ၃၈ နှစ်)၊ ဦးခင်မောင်(အသက် -၅၅ နှစ်)၊ ဦးဇံ(အသက်- ၆၅ နှစ်)၊ မောင်ကျော်သိန်း(အသက် – ၆၅ နှစ်)၊ ဒေါ်မေနု(အသက် -၅၀ နှစ်)၊ ဒေါ်မခင်သိန်းမိခင်(အသက် – ၉၂ နှစ်)၊ ရသေ့တောင်မြို့နယ်မှ ဆေးဆရာတစ်ဦး (အသက် -၆၀ နှစ်)၊ ဦးမှဲ့နီ(အသက် -၅၆ နှစ်) စသည်တို့ သေဆုံးခဲ့သည်ဟု ဒေသတွင်း သတင်းဌာန DMG တွင် ဖော်ပြထားသည်။
-

စစ်ကောင်စီတပ် ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် (၃) ဦး တိုက်ခိုက်ခံရပြီး သေဆုံး
RNA_နိုဝင်ဘာ(၁၀)၊၂၀၂၂ ခုနှစ်။မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာအနီးတွင် ယနေ့နံနက် (၅) နာရီ (၃၀) မိနစ်ဝန်းကျင်က ပြည်သူများကို မတရားဖမ်းဆီးလာသည့်ယာဉ်ကို သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ခဲ့ရာတွင် ဖမ်းဆီးခံရသူများကိုလည်း ကယ်ထုတ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေ့ကျင့်ရေး (၉) ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် (၃) သုံးဦးသေဆုံးပြီး (၁) ဦးဒဏ်ရာရကာထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။“ကားပေါ်မှ လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ပါသည်။ မတရားဖမ်းဆီးခံရသူကိုလည်း ကယ်ထုတ်နိုင်ခဲ့ပါသည်။ ဗိုလ်မှူး ချစ်ဝင်းသူသည် ထုံးဘိုလေးကျေးရွာ မီးရှို့မှုတွင် အဓိကပါဝင်သူဖြစ်ပြီး သထုံမြို့တွင်း တက်ကြွလှုပ်ရှားသူများအား မတရားဖမ်းစီးချင်း ဝီယော်ကျေးရွာ ရေတံခွန်လာသော လူငယ်များအား မတရားဖမ်းစီးချင်း မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချချင်း ကားမှောင်ခိုလုပ်ငန်းများ လုပ်ကိုင်ချင်းများကို အဓိကလုပ်ဆောင်နေသူလည်း ဖြစ်ပါသည်” ဟု သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။သထုံမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သားများ အသေအဆုံးများနေကြောင်း သိရသည်။Red News Agency -

မန္တလေးတွင် ရဲအချုပ်ကားတစ်စီး လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံရ၍ ရဲမေနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွား
RNA_နိုဝင်ဘာ (၁)၊ ၂၀၂၂ ခုနှစ် ။မန္တလေးမြို့၊ ၇၈လမ်းနှင့် ၄၂ ခုံးကျော်တံတားအနီးရှိ မီးပွိုင့်တစ်ခုတွင် ယနေ့(နိုဝင်ဘာ ၁)နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က ရဲအချုပ်ကားတစ်စီး လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံရသဖြင့် ရဲမေနှစ်ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း သိရသည်။
Photo : CJ ဖြစ်စဥ်မှာ အမှတ် (၁၁) နယ်မြေရဲစခန်းအနီးတွင် အိုးဘိုထောင်မှ အချုပ် သားများအားတင်ဆောင်လာသော ရဲအချုပ်ကားသည် ချမ်းမြသာစည်မြို့နယ်တရားရုံးမှ တရားရုံးထုတ်စစ်ဆေးမှုအပြီးအပြန်တွင် မီးပွိုင့်မိနေစဉ် မြောက်မှ တောင်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးပေါ်ရှိ အမည်မသိ လူနှစ်ဦးက အချုပ်ကား ဝဲဘက်ဘေး ယာဉ်မောင်းဘက်တံခါးပေါက်မှ တစ်ဆင့် ကားခေါင်းခန်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ယာဉ်မောင်း ဘေးတွင်လိုက်ပါစီးနင်းလာသည့် ရဲမေ ၂ ဦး ထိခိုက်ဒဏ်ရာရှိသွားခြင်း ဖြစ်သည်။အဆိုပါ ဒဏ်ရာရရှိသွားသော ရဲမေ ၂ ဦး အား လူမှုကူညီရေးအသင်းကားဖြင့် နန်းတွင်း စစ်ဆေးရုံးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည် ။Red News Agency






