ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများနှင့် အရပ်သားများကို စစ်ကောင်စီတပ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပြုလုပ်

RNA_မတ်(၁၃)၊၂၀၂၃ခုနှစ်။

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နမ်းနှိမ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် ဘုန်းတော်ကြီး () ပါးနှင့် အရပ်သား (၂၅) ဦးတို့ကိုစစ်ကောင်စီတပ်သားများကိုပစ်သတ်ခဲ့သည့်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည်။

စစ်ကောင်စီတပ်သည် မတ်လ (၁၁) ရက်နေ့က နမ်းနှိမ်ကျေးရွာအနီးကို တိုက်လေယာဉ်ပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကျေးရွာကို ဝင်စီးပြီး ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသူများကို ဖမ်းဆီးကာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးနေသူ (၃၀) ကျော်မှ သေဆုံးရုပ်အလောင်း (၂၈) လောင်းတွေ့ရှိခဲ့သည်ဟု KNDF ကထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များ ကျေးရွာအတွင်းသို့ ဝင်ရောက်စဥ်တွင်  KNDF, PDF, KAတို့ မလှမ်းမကမ်းမှ ကင်းထောက်တွေ့ရှိခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်မှ အင်အား အများအပြားဖြင့် ဝင်ရောက်စီးနှင်းမှုကြောင့် မိမိတို့မှ ဝင်ရောက်ကူညီနိုင်ခြင်းမရှိခဲ့ပါ။ နောင်နေ့ မတ်လ (၁၂) နေ့လည် အချိန်မှသာ ကျေးရွာအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး ယခုဖြစ်စဉ်ကို မှတ်တမ်းရယူနိုင်ခဲ့သည်။ ပျောက်ဆုံးသူ (၃၀) ဦးအနက် သေဆုံးသူများ၏ အလောင်း (၂၈) လောင်းကို တွေ့ရှိခဲ့ရပါသည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နွေဦးတော်လှန်ရေးကာလတွင်စစ်ကောင်စီတပ်သည်ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများပါဝင်စီးပြီးဘုန်းတော်ကြီးများကိုပါသတ်ဖြတ်လျက်ရှိကြောင်း၊အကြမ်းဖက်စစ်ကောင်စီတပ်သည်ကလေးသူငယ်များ၊သက်ကြီးရွယ်အိုများ၊စစ်ဘေးရှောင်များ၊ဘာသာရေးအဆောက်အဦများကိုပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်နေခြင်းဖြစ်သည်။

Red News Agency

By Editor