စစ်ကောင်စီတပ်

ရေဦးမြို့အနောက်ပိုင်းကို စစ်အုပ်စုက အသေခံဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရ

ရေဦးမြို့အနောက်ပိုင်းကို စစ်အုပ်စုက အသေခံဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရ

RNA_အောက်တိုဘာ(၅)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အနောက်ပိုင်းမှ ကျေးရွာများကို စစ်အုပ်စုက အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။ ရေဦးမြို့နယ်အနောက်ပိုင်း ညောင်ပင်သာရွာ၊ မကြီးကုံး (မကျည်းကုန်း) ရွာ၊ အုတ်ဖိုရွာနှင့် ညောင်စောက်ရွာတို့ရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ အောက်တိုဘာ (၄) ရက် နေ့လည် ပိုင်း၌ စစ်အုပ်စုက အသေခံဒရုန်း (၃) စင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညောင်စောက်ရွာမှ ဒေသခံ (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ “ကာမီကာဇယ် အသေခံဒရုန်း (၃) စီး နဲ့ ရေဦးအနောက်ပိုင်း ကျေးရွာတစ်ရွာ ကိုတိုက်ခိုက်ခံရပြီး ပြည်သူ အမျိုးသမီး…
Read More
ဆေးဝါးကုသခွင့် အလုံအလောက်မရရှိသဖြင့် CDM ဆရာမ ဒေါ်ခင်သီတာ အိုးဘိုထောင်၌ ကွယ်လွန်

ဆေးဝါးကုသခွင့် အလုံအလောက်မရရှိသဖြင့် CDM ဆရာမ ဒေါ်ခင်သီတာ အိုးဘိုထောင်၌ ကွယ်လွန်

RNA_အောက်တိုဘာ(၅)၊၂၀၂၆ခုနှစ်။ မန္တလေး အိုးဘိုထောင်၌ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူ CDM ဆရာမ ဒေါ်ခင်သီတာသည် ဆေးဝါးကုသခွင့် အလုံအလောက်မရရှိသဖြင့် စက်တင်ဘာ (၂၈) ရက်တွင် ကွယ်လွန်ခဲ့ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC) (မန္တလေး) ထံက သိရသည်။ မန္တလေး ဆေးတက္ကသိုလ် ရောဂါဗေဒဌာန၊ ဓါတ်ခွဲခန်းမှူးဖြစ်သည့် CDM ဆရာမ ဒေါ်ခင်သီတာ (၅၃ နှစ်) ကို စစ်အုပ်စုက ၂၀၂၃ ခုနှစ် ဩဂုတ် (၁၅) ရက်တွင် မတရားဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် (၂၂) နှစ် ချမှတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဆရာမက ထောင်မကျခင်က…
Read More
အစုလိုက်အပြုံလိုက်သတ်ပြီး စစ်အုပ်စု မြှုပ်ထားခဲ့သည့် အလောင်းများကို (၃) နှစ်ကျော်ကြာမှ တွေ့ရှိ

အစုလိုက်အပြုံလိုက်သတ်ပြီး စစ်အုပ်စု မြှုပ်ထားခဲ့သည့် အလောင်းများကို (၃) နှစ်ကျော်ကြာမှ တွေ့ရှိ

RNA_အောက်တိုဘာ(၅)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း မြိုင်မြို့နယ် ဝက်ပုတ်ရွာ၌ စစ်အုပ်စု အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ရုပ်အလောင်း (၁၂) လောင်းကို (၃) နှစ်ကျော်အကြာ အောက်တိုဘာ (၄) ရက်၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း - မြိုင်က ထုတ်ပြန်ထားသည်။ မြိုင်မြို့နယ် ဒေသအဖွဲ့အစည်းများက ရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်း (၁၂) လောင်းသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လဆန်းပိုင်းက မြိုင်မြို့နယ်အတွင်း ကျေးရွာများကို စစ်အုပ်စုနှင့် လက်အောက်ခံ ပျူစောထီးအဖွဲ့များက စစ်ကြောင်းထိုးချိန် ဖမ်းဆီးခံရသည့် ဒေသခံပြည်သူများဖြစ်ကြောင်း သိရသည်။ စစ်အုပ်စု၏ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခံရသူများသည် ဂွေးကုန်ရွာမှ ပြည်သူ (၅) ဦး၊ မကျီးကုန်းရွာမှ ပြည်သူ (၁)…
Read More
ရသေ့တောင် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၂) ဦး သေဆုံး

ရသေ့တောင် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၂) ဦး သေဆုံး

RNA_အောက်တိုဘာ(၄)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းက ကျေးရွာ (၃) ခုကို စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၂) ဦး နေရာတွင် သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် (AA) က အောက်တိုဘာ (၃) ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။ ရသေ့တောင်မြိ့းပေါ်ရပ်ကွက်များအပါအဝင် ပြားချောင်းကြီးရွာ၊ ပြင်ခါင်ရွာနှင့် အငူမော်ရွာတို့ကို စစ်အုပ်စုက အောက်တိုဘာ (၃) ရက် နံနက်အစောပိုင်း (၁) နာရီဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု မိနစ် (၃၀) နီးပါးကြာ လုပ်ဆောင်ခဲ့ပြီး ဗုံးအလုံးရေ (၂၀) ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုအတွင်း တောင်ရင်းတန်းရပ်ကွက်မှ (၉) တန်းကျောင်းသူ အသက် (၁၅)…
Read More
ကျောက်တော်ဖြစ်စဉ်အပြီး ရခိုင်က မြို့နယ် (၅) ခုကို စစ်အုပ်စုဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၁) ဦး သေဆုံး

ကျောက်တော်ဖြစ်စဉ်အပြီး ရခိုင်က မြို့နယ် (၅) ခုကို စစ်အုပ်စုဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၁) ဦး သေဆုံး

RNA_အောက်တိုဘာ(၂)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့ အိန္ဒိယဈေးဗုံးကြဲတိုက်ခိုက်ခံရမှုအပြီး အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အခြားမြို့နယ် (၅) မြို့နယ်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၁) ဦး သေဆုံးခဲ့ကြောင်း AA သတင်းပြန်ကြားရေးက ယနေ့ (အောက်တိုဘာ ၂ ရက်) ထုတ်ပြန်ထားသည်။ စက်တင်ဘာ (၂၈) ရက်က အရပ်သားပြည်သူ (၅၀) ဦး သေဆုံးခဲ့ပြီး (၅၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောက်တော်ဖြစ်စဉ်အပြီး စက်တင်ဘာ (၃၀) ရက်မှစတင်ကာ အောက်တိုဘာ (၁) ရက်နေ့အထိ စစ်အုပ်စုက ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဝီရဌာနေ (ပေါက်တော)၊ ကျောက်တော်နှင့်…
Read More
မြန်မာဒုက္ခသည်များအား နေရပ်ပြန်ပို့မှုကို ချက်ချင်းရပ်တန့်ရန် မလေးရှားကို ကုလသမဂ္ဂ ပြော

မြန်မာဒုက္ခသည်များအား နေရပ်ပြန်ပို့မှုကို ချက်ချင်းရပ်တန့်ရန် မလေးရှားကို ကုလသမဂ္ဂ ပြော

RNA_အောက်တိုဘာ(၂)၊၂၀၂၆ခုနှစ်။ မလေးရှားအစိုးရ တာဝန်ရှိသူများအနေဖြင့် မြန်မာဒုက္ခသည်များအား နေရပ်ပြန်ပို့မှုကို ချက်ချင်းရပ်တန့်ရန်နှင့် နိုင်ငံတကာဥပဒေထုံးတမ်းစဉ်လာများကို လေးစားလိုက်နာရန် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Kelley E. Currie က တောင်းဆိုထားသည်။ မလေးရှား ထိန်းသိမ်းရေးစခန်းများ၌ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများထဲမှ (၅၀၀၀) ကို နေရပ်ပြန်ပို့ရန် စစ်အုပ်စုတာဝန်ရှိသူများနှင့် မလေးရှားအစိုးရကြား သဘောတူညီမှုရရှိခဲ့ပြီးနောက် ပထမအသုတ်အနေဖြင့် မြန်မာဒုက္ခသည် (၁၄၇၆) ဦးကို ပြီးခဲ့သည့် စက်တင်ဘာ (၂၉) ရက်က နေရပ်ပြန်ပို့မှု စတင်ခဲ့ခြင်းဖြစ်သည်။ “အမျိုးသမီးတွေနဲ့ ကလေးတွေပါအပါအဝင် မြန်မာနိုင်ငံသား (၅၀၀၀) ကို နေရပ်ပြန်ပို့ဖို့ မြန်မာစစ်တပ်အာဏာပိုင်တွေနဲ့ သဘောတူညီမှုရယူခဲ့တဲ့ မလေးရှားအစိုးရရဲ့လုပ်ဆောင်မှုအပေါ် ကျွန်မအနေနဲ့ အတော်လေးစိုးရိမ်မကင်းဖြစ်ရပါတယ်။ မလေးရှားအစိုးရအနေနဲ့ နိုင်ငံတကာဥပဒေတွေကို…
Read More
အထူးတိုင်းစစ်ဌာနနယ်မြေ ဗုံးကြဲခံရမှုသည် ဖမ်းဆီးနှိပ်စက်ခံရသည့် ရဲဘော်များ၏ ထွက်ဆိုချက်ကြောင့်ဟု ဆို

အထူးတိုင်းစစ်ဌာနနယ်မြေ ဗုံးကြဲခံရမှုသည် ဖမ်းဆီးနှိပ်စက်ခံရသည့် ရဲဘော်များ၏ ထွက်ဆိုချက်ကြောင့်ဟု ဆို

RNA_စက်တင်ဘာ(၃၀)၊၂၀၂၆ခုနှစ်။ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အစပ်ရှိ အထူးတိုင်းစစ်ဌာနနယ်မြေအတွင်း ဗုံးကြဲခံရမှုသည် စစ်အုပ်စု၏ ဖမ်းဆီးနှိပ်စက်မှုကိုခံခဲ့ရသည့် ရဲဘော်များ၏ ထွက်ဆိုချက်ကြောင့် သတင်းပေါက်ကြားမှုသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ အထူးတိုင်းစစ်ဌာနက ယနေ့ (စက်တင်ဘာ ၃၀ ရက်) ထုတ်ပြန်လာသည်။ စက်တင်ဘာ (၂၄) ရက်က စစ်အုပ်စု လေကြောင်းတိုက်ခိုက်ခဲ့သည့်နေရာသည် အထူးတိုင်းစစ်ဌာန၏ ဆက်သွယ်ရေးစခန်းနေရာဖြစ်ပြီး နေပြည်တော် လေတပ်စခန်းဌာနချုပ်မှ MiG-29 ဂျက်ဖိုက်တာ လေယာဉ် (၂) စင်းဖြင့် ဗုံးသီး (၄) လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းသို့လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်သည် “ရန်သူ (စစ်အုပ်စု) ၏ ဖမ်းဆီးထိန်းသိမ်းမှု ခံခဲ့ရသော မိမိတို့၏ ရဲဘော်များအား အဓမ္မစစ်ကြောမေးမြန်းစဉ် ရရှိသော ထွက်ဆိုချက်များကို…
Read More
စစ်အုပ်စု၏ စောင့်ကြည့်ရေးယန္တရားအားကောင်းနေပြီး ဒစ်ဂျစ်တယ်လုံခြုံရေး အထူးဂရုစိုက်ကြရန် MIP တာဝန်ရှိသူ ပြော

စစ်အုပ်စု၏ စောင့်ကြည့်ရေးယန္တရားအားကောင်းနေပြီး ဒစ်ဂျစ်တယ်လုံခြုံရေး အထူးဂရုစိုက်ကြရန် MIP တာဝန်ရှိသူ ပြော

RNA_စက်တင်ဘာ(၃၀)၊၂၀၂၆ခုနှစ်။ မြန်မာနိုင်ငံတွင်း လူသုံးများသည့် လူမှုကွန်ရက်များအပါအဝင် အင်တာနက်အသုံးပြုသူများကို စောင့်ကြည့်နေသည့် စစ်အုပ်စု၏ ဒစ်ဂျစ်တယ်စောင့်ကြည့်ရေး ယန္တရားသည် အားကောင်းကောင်းနှင့် လည်ပတ်နေခြင်းကြောင့် ဒစ်ဂျစ်တယ်လုံခြုံရေးကို အထူးဂရုစိုက်ကြရန် မြန်မာအင်တာနက်ပရောဂျက် (MIP) မှ ဒစ်ဂျစ်တယ်အခွင့်အရေး လေ့လာသုံးသပ်သူ ကိုသစ်ဉာဏ်က ပြောသည်။ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အဖွဲ့ဝင် (၂၇၀၀) ၏ အချက်အလက်များကို ရရှိထားပြီး (၂၁) ဦးကို ဖမ်းဆီးထားကြောင်း စစ်အုပ်စုက ယခု စက်တင်ဘာ (၂၈) ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် တော်လှန်ရေး၌ ပူးပေါင်းပါဝင်သူများအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။ သို့သော် စစ်အုပ်စု၏ ထုတ်ပြန်မှုသည် ဝါဒဖြန့်ချိမှုသက်သက်သာဖြစ်ပြီး ယင်းအချက်အလက်များကို PRF တာဝန်ရှိသူများအနေဖြင့် အပြည့်အဝစိစစ်ပြီးဖြစ်ကြောင်း၊ အမှန်တရားနှင့် လုံးဝကိုက်ညီမှုမရှိသည့်…
Read More
လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့် ကျောက်တော် ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် ကုလသမဂ္ဂနှင့် ယူကေသံရုံးတို့က ရှုတ်ချ

လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့် ကျောက်တော် ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် ကုလသမဂ္ဂနှင့် ယူကေသံရုံးတို့က ရှုတ်ချ

RNA_စက်တင်ဘာ(၃၀)၊၂၀၂၆ခုနှစ်။ လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့ အိန္ဒိယဈေးအား စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့ (UNHR) နှင့် မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးတို့က ထုတ်ပြန်ထားသည်။ အရပ်သားပြည်သူ သေဆုံးမှု (၅၀) ဦးအထိရှိလာသည့် စက်တင်ဘာ (၂၈) ရက်က ကျောက်တော်မြို့ အိန္ဒိယဈေး ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်မှုအပေါ် လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် ယခုကဲ့သို့ ဆိုးရွားလှသည့် တိုက်ခိုက်မှုအပေါ် ယူကေအစိုးရမှ ပြင်းထန်စွာ ရှုတ်ချကြောင်း ယနေ့ (စက်တင်ဘာ ၃၀ ရက်) တွင် ယူကေသံရုံးက ထုတ်ပြန်ထားသည်။ ယူကေအစိုးရအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း၊ အရပ်သားပြည်အားလုံဂကို အကာအကွယ်ရေးရန်၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန် ပြတ်ပြတ်သားသား ပြောကြားထားပြီးဖြစ်ကြောင်းလည်း…
Read More
လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် ကျောက်တော်ဈေး ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် စစ်အုပ်စု တာဝန်ခံရမည်ဟု အာဆီယံလွှတ်တော်အမတ်များ ပြော

လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် ကျောက်တော်ဈေး ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် စစ်အုပ်စု တာဝန်ခံရမည်ဟု အာဆီယံလွှတ်တော်အမတ်များ ပြော

RNA_စက်တင်ဘာ(၂၉)၊၂၀၂၆ခုနှစ်။ လူအစုအလိုက်အပြုံလိုက် သေဆုံးခဲ့သည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့အား ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် စစ်အုပ်စုအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များ (APHR) က ယနေ့ (စက်တင်ဘာ ၂၉ ရက်) ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများရှိရာ ကျောက်တော်မြို့ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို စစ်အုပ်စုက စက်တင်ဘာ (၂၈) ရက် နေ့လည်ပိုင်းတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု (၂) ကြိမ် လုပ်ဆောင်ခဲ့မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် အရပ်သားပြည်သူ (၅၀) ဦးအထိ သေဆုံးခဲ့ပြီး (၆၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “မင်းအောင်လှီုင်နဲ့ စစ်အုပ်စုက လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမယ်။ သူတို့တွေက…
Read More