Category: Uncategorized

  • နယ်မြေအငြင်းပွားမှုနဲ့ လက်နက်ကိုင်တော်လှန်ရေး

    နယ်မြေအငြင်းပွားမှုနဲ့ လက်နက်ကိုင်တော်လှန်ရေး

    ကိုဆိုဗိုကနေ ကက်ရှမီးယားအထိ၊ မြောက်အိုင်ယာလန်ကနေ နိုင်ဂျီးရီးယားအထိ ဒီကနေ့ ကမ္ဘာမှာ အများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ ပဋိပက္ခဟာ နယ်မြေအပေါ်မှာ အခြေခံပြီးဖြစ်ပွားတဲ့ လူမျိုးစုတွေကြားက ပဋိပက္ခပါပဲ။

    လူမျိုးစုလို့ပြောလိုက်ရင် သွေးသားတော်စပ်မှုကို အကြောင်းပြုပြီး ဘာသာစကားတူ၊ ကိုးကွယ်တဲ့ဘာသာတူ လူအုပ်စုအချင်းချင်း သွေးစည်းညီညွတ်ဖို့ ကြိုးစားကြသလို ဘာသာစကားမတူ၊ ယဥ်ကျေးမှုမတူသူတွေကို “တစိမ်းတရံစာ”လို့ သဘောထားဆက်ဆံတတ်ကြတာမျိုးပါ။

    လွယ်လွယ်ပြောရရင် ” We- they “အမြင်၊ ငါတို့နဲ့ သူတို့ဆိုတဲ့ ခွဲခြားထားတဲ့အမြင်လို့ ပြောရမှာပါပဲ။

    (more…)

  • ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် -AA မှ ကူညီနေပြီး ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်သည်အထိ အရှိန်မြှင့်တိုက်မည်

    ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် -AA မှ ကူညီနေပြီး ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်သည်အထိ အရှိန်မြှင့်တိုက်မည်

    RNA_ဧပြီ(၂၃)၊၂၀၂၄ ခုနှစ်။

    ချင်းပြည်နယ်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ချင်းကာကွယ်ရေးတပ်များနှင့် မဟာမိတ် များပူးပေါင်းဆင်နွှဲနေရာတွင် အစစအရာရာ ကူညီပေးသော အာရက္ခတပ်တော် -AA ကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်သည်အထိ အရှိန်မြှင့်ပြီး ဆက်လက်တိုက်ခိုက်မည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်နှင့်မဟာမိတ်များက ထုတ်ပြန်ပြောကြားထားသည်။

    ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျင်ဒွေးမြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့က စတင်ပြီး တိုက်ခိုက်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှုများကြောင့် အနည်းငယ်ပြန်ဆုတ်ခဲ့ရကြောင်း၊ ၂၀၂၄ ခုနှစ် မတ်လ (၇) ရက်နေ့မှာ စစ်ဆင်ရေးပြန်စပြီး ကျင်ဒွေးမြို့နှင့် (၁) ကီလိုမီတာအထိ ထိတွေ့တိုက်ပွဲများဖြစ်ပွါးခဲ့ပြီးနောက် ဧပြီလ ၂၀ ရက်နေ့အထိ ဆက်လက်တိုက်ခိုက်နေကြောင်း၊ စစ်ကောင်စီဘက်မှလည်း လေကြောင်းပစ်ကူများ အဆမတန် အသုံးပြုပြီး ကျေးရွာများကိုပါ တိုက်ခိုက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • စစ်ကောင်စီလက်အောက်ခံ ၂ ထောင်ကျော် အလင်းဝင်သည့်အတွက် “စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်” ဖြစ်ပြီ

    စစ်ကောင်စီလက်အောက်ခံ ၂ ထောင်ကျော် အလင်းဝင်သည့်အတွက် “စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်” ဖြစ်ပြီ

    ဗိုလ်မှူးချုပ်အဆင့် (၆) ဦး၊ အရာရှိ ၂၈၈ ဦးနှင့် ရဲဘော်အဆင့် (၁၈၉၅) ဦးအလင်းဝင်သည့်အတွက် “စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်” ဖြစ်ပြီဟု ညီနောင်မဟာမိတ်အဖွဲ့ကြေညာ

    RNA_ဇန်နဝါရီ(၆)၊၂၀၂၃ခုနှစ်။

    လောက်ကိုင်မြို့မှ ဒကစ အပါအဝင် ဗိုလ်မှူးချုပ်အဆင့် (၆) ဦး၊ အရာရှိ ၂၈၈ ဦး၊ ရဲဘော်အဆင့် (၁၈၉၅) ဦးနှင့် “နမ်ထင်းမိန်ရှန်း” မှ (၂၆၆) ဦး အလင်းဝင်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီးဖြစ်သည့်အတွက် ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

    [embedyt] https://www.youtube.com/watch?v=O8D01r0ID_g[/embedyt]

    လောက်ကိုင်မြို့တွင် လက်နက်ချအညံ့ခံခဲ့ရသည့် အထဲတွင် မိသားစုဝင် (၁၆၀၁)ဦးရှိကြောင်း၊ MNDAA နှင့် မဟာမိတ်များထံ စစ်ကောင်စီလက်အောက်ခံ နောက်ဆုံးအသုတ်အနေ ဖြင့်လက်နက်ချခဲ့သောကြောင့် လက်နက်ချအလင်းဝင်သူ စုစုပေါင်းမှာ (၂၃၈၉) ယောက်အထိရှိခဲ့ပြီဖြစ်ကြောင်း၊ လက်နက်ချအညံ့ခံသောသူများနှင့် ပြည်သူ့ရင်ခွင်ခိုလှုံကြသောသူများကို မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ သူရဲကောင်းများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီလက်အောက်ခံ ၂၃၈၉ ဦး လက်နက်ချအညံ့ခံပြီးနောက် ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းပင်ဖြစ်််််််််ကြောင်း၊ အလင်းဝင်သူများကို သွားလိုသည့်နေရာနှင့် လုံခြုံသည့်နေရာများကို ပို့ဆောင်ထားပြီဖြစ်ကြောင်း၊ အလင်းဝင်လာသည့်သူများကိုလည်း ထပ်မံကြိုဆိုကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပြောကြားထားသည်။

    #RedNewsAgency

  • ပုံမှန်စစ်အခြေအနေမှ ထိုးစစ်ကာလရောက်ရှိတော့မည်ဟု NUG- MOD ဒုအတွင်းဝန်ပြောကြား

    ပုံမှန်စစ်အခြေအနေမှ ထိုးစစ်ကာလရောက်ရှိတော့မည်ဟု NUG- MOD ဒုအတွင်းဝန်ပြောကြား

    RNA_ဩဂုတ်(၇)၊၂၀၂၃ ခုနှစ်။

    နွေဦးတော်လှန်ရေး ခုခံစစ်တွင် ပုံမှန်စစ်ပွဲတွေကို ဆင်နွှဲနေပြီး မကြာမှီ ထိုးစစ်ကာလရောက်ရှိတော့မည်ဟု ၂၀၂၃ ခုနှစ် ပထမ ၆ လပတ်အတွက် “နွေဦးအောင်ပွဲသတင်းများ ပြည်သူသို့တင်ပြချက်” တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ထည့်သွင်းပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=dFxeey6KwZA[/embedyt]

    #RedNewsAgency

  • ဆလိုင်းတင်မောင်ဦးစိတ်ဓာတ်နှင့် ချီတက်နေသည့် ပြည်သူ့တော်လှန်ရေးရဲဘော်များ

    ဆလိုင်းတင်မောင်ဦးစိတ်ဓာတ်နှင့် ချီတက်နေသည့် ပြည်သူ့တော်လှန်ရေးရဲဘော်များ

    “ဘယ်သောအခါမှ ဒူးထောက်အရှုံးပေးမည်မဟုတ်ပါ။ ရဲရဲတောက် တော်လှန်ရေး သူရဲကောင်းများ၏ပေးဆပ်မှုတွေ၊ သူတို့သွေးနဲ့ရေးခဲ့သည့် သမိုင်းမှတ်တမ်း မော်ကွန်းတွေကို ဆက်လက်ထိန်းသိမ်းတိုက်ပွဲဝင်နေကြဦးမည်”

    လင်းယုန်

    ဒီကနေ့ကျရောက်သည့် ဇွန်လ ၂၆ ရက်နေ့ဟာ မြန်မာနိုင်ငံစစ်အာဏာရှင်သမိုင်းမှာ ပထမဦးဆုံးသော ကြိုးပေးသတ်ဖြတ်ခြင်းခံရသည့် ချင်းအမျိုးသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦးကျဆုံးခြင်း(၄၇)နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ သမိုင်းအဆက်ဆက် အမှန်တရားများကို ဖုံးကွယ်ရန် အစဉ်တစိုက်ကြိုးပမ်းနေသည့် စစ်မိစ္ဆာများ၏ ယုတ်မာစိုင်းရိုင်းမှုများကြောင့် ချင်းအမျိုးသားသူရဲကောင်း ဆလိုင်းတင်မောင်ဦး၏ ပေးဆပ်မှုကိုလည်း တလျှောက်လုံး ဖုံးကွယ်ခဲ့ကြသည်။

    သေမယ်ထင်လို့ ဆလိုင်းတင်မောင်ဦးကို စစ်အာဏာရှင်များ ကြိုးပေးကွပ်မျက် သတ်ဖြတ်ခဲ့လည်း အရှိုသမိုင်း ချင်းသမိုင်းမှာ ဘယ်တော့အခါမှ သေမသွားခဲ့ပါ။ မြန်မာ့နိုင်ငံရေး စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းမှာလည်း ဘယ်တော့မှ မေ့​ပျော်လို့ရမည်မဟုတ်ပါ။ ငါတို့ရင်ထဲထာဝရရှင်သန်နေမယ်ဆိုတာ စစ်အာဏာရူးများမှတ်ထား စေချင်ပါသည်။ စစ်အာဏာရှင်စနစ်ကို ရွံရှာမုန်းတီးခြင်းကြောင့် ဆလိုင်းတင်မောင်ဦး၏ သူ့ရင်တွင်းထဲမှ ထွက်ပေါ်လာသော စကားလုံးသည် ယနေ့ချိန်ထိ ပြည်သူများ၏ရင်ထဲမှာ ထင်ချန်နေဆဲဖြစ်ပါသည်။ “မင်းတို့ငါ့ကိုချင်သတ်လို့ရပေမယ့် ငါ့ခံယူချက်နှင့် စိတ်ဓာတ်ကို တော့ဘယ်တော့မှသတ်လို့မရဘူး”၊ “မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမ ထောက်ဘူး”ဆိုတဲ့ရဲရင့်ပြတ်သားသည့် စိတ်ဓာတ်နှင့်ခံယူချက်များသည် လေးစားဂုဏ်ယူ ထိုက်သည့်ဆုံးဖြတ်ချက်နှင့်ခံယူချက်များသာဖြစ်သည်။

    စစ်အာဏာရှင်များသည် ခေတ်အဆက်ဆက်ဆန့်ကျင်လာသည့် ပြည်သူများကို နည်းလမ်းပေါင်းစုံဖြင့်သတ်ဖြတ်ညှင်းဆဲမှုများ ယနေ့အချိန်ထိကျူးလွန်နေဆဲဖြစ်သည်။ ဆလိုင်းတင်မောင်ဦးနည်းတူ ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်သည့် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကိုလည်း မတရားကွပ်မျက် သေဒဏ်ပေးခဲ့ကြပါသည်။ ဒါတွေဟာ ထင်သာမြင်သာရှိတဲ့ ဥပမာတွေပဲရှိပါသေးသည်။ နောက်ထပ်လဲ ကျောင်းသားလူငယ်များ၊ ဒီမိုကရေစီလိုလားသူများကို ပေါ်ပေါ်ထင်ထင်သတ်ဖြတ်နေသ လိုလူမသိသူမသိ ခိုးချောင်ခိုးဝှက်ဖြင့်သတ်ဖြတ်နေမှုများ နေရာတိုင်းတွင်ကျူးလွန်နေဆဲ ဖြစ်ပါသည်။

    (more…)

  • ကျားဖြူတပ်ခွဲ စခန်းတခု လေယာဉ်ဖြင့် ဗုံးကြဲခံရပြီး PDF ရဲဘော်(၃) ဦးကျဆုံး

    ကျားဖြူတပ်ခွဲ စခန်းတခု လေယာဉ်ဖြင့် ဗုံးကြဲခံရပြီး PDF ရဲဘော်(၃) ဦးကျဆုံး

    RNA_မေ(၉)၊ ၂၀၂၃ ခုနှစ်။
     
    ပြည်သူ့ကာကွယ်ရေးတပ် ကျားဖြူတပ်ခွဲ (၁) စခန်းတခုကို စစ်ကောင်စီတပ်လေကြောင်းမှ မေလ ၈ ရက်နေ့ညပိုင်းက လေယာဉ်ဖြင့် ဗုံးလာကြဲသည့်အတွက် စခန်းမှ ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
     
    စစ်ကောင်စီတပ်၏ လေကြောင်းအသုံးပြုပစ်ခတ်မှုအတွင်း ကျားဖြူတပ်ခွဲ (၁) မ PDF ရဲဘော် ဇွဲမာန်လင်း(ခ) စနေ၊ ရဲ​ဘော် ​ထွန်းလင်းအောင် (ခ)မြကြီး၊ ရဲမေ မခင်သန္တာဆွေ(ခ)မမြင့်တို့ ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

    (more…)

  • ရွာပြင်ထွက်လာသည့် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားများ မိုင်းခွဲပစ်ခတ်ခံရ

    ရွာပြင်ထွက်လာသည့် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားများ မိုင်းခွဲပစ်ခတ်ခံရ

    RNA_ဖေဖော်ဝါရီ(၂၀)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော်ရွာနှင့်ကံဆည်းရွာမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်သားများ ရွာပြင်ထွက်လာစဉ် မိုင်းခွဲ ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။

    အမြင့်ကျေးရွာနှင့် တောကျောင်းလေးကျေးရွာဘက် လယ်ကွင်းများအတွင်း စပါးရိတ်သိမ်းနေသည့် ပြည်သူများကို နှောက်ယှက်ဖျက်ဆီးရန်ထွက်လာကြသည့် ကင်းမွန်ထော်ရွာနှင့်ကံဆည်းရွာမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်သား အင်အား (၃၀) ခန့်သည် ဖော်ဝါရီလ (၁၈) ရက်နံနက် (၉) ဝန်းကျင်က မုံရွာခရိုင်တပ်ရင်း -၁၇ ( We Must Win -ပြောက်ကျားတပ်)နှင့် MG6 ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    (more…)

  • ကော်ဘရာ သူရဲကောင်း (၃) ဦးဈာပန 

    ကော်ဘရာ သူရဲကောင်း (၃) ဦးဈာပန 

    RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ခုနှစ်။

    အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ကော်ဘရာ စစ်ကြောင်းမှ ကျဆုံး ရဲဘော် (၃) ဦးဈာပန ယနေ့ ညနေပိုင်းက စစ်ကြောင်းမှ ရဲဘော်များက ပြုလုပ်ခဲ့သည်။

    နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က စစ်ကောင်စီတပ်၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ရဲဘော် နော်အဲမူ အသက် (၂၉) နှစ်၊ ရဲဘော် ကျော်စွာဟိန်း (ခ) ကျော်ကြီး အသက် (၂၀) နှစ် ၊ ရဲဘော် သီတာအေး (ခ) လုလုဖော် အသက် (၂၂) နှစ်တို့ ကျဆုံးခဲ့ရသည်။

    [embedyt] https://www.youtube.com/watch?v=krYpkDi-zj4[/embedyt]

    ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၇) ဗိုလ်ဒါဘော ဦးစီးသည့် ကော်ဘရာ စစ်ကြာင်းသည် ကရင်ပြည်နယ်၊ မြဝတီ – ဝေါ်လေ ဒေသ၊ လေ့ကေ့ကော်၊ ဖလူး၊ မင်းလက်ပံ၊ သဲဖြူချောင်း၊ လူခို့၊ ဘလက်တို၊ သေ့ဘော့ဘိုး၊ ဆုံဆည်းမြိုင်၊ တောင်နီ စသည့် ဒေသတွင်း နယ်မြေအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်း သိရသည်။

    #RedNewsAgency

  • ကြိတ်စခန်းကို KNLA တပ်ရင်း (၁၈)နှင့် ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ခိုက်သိမ်းပိုက်အပြီး လက်နက်အများအပြားသိမ်းဆည်းရမိ

    ကြိတ်စခန်းကို KNLA တပ်ရင်း (၁၈)နှင့် ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ခိုက်သိမ်းပိုက်အပြီး လက်နက်အများအပြားသိမ်းဆည်းရမိ

    RNA_စက်တင်ဘာ(၂၁)၊ ၂၀၂၂ ခုနှစ်။

    ကေအဲန်ယူ- ကော့ကရိတ်မြို့နယ် KNLA တပ်ရင်း (၁၈)နှင့် ဒေါနစစ်ကြောင်း-SOG ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ် ခမရ – ၅၅၇ ခြေကုတ်စခန်းဖြစ်သည့် ကြိတ်စခန်းကို စက်တင်ဘာ ၂၀ ရက်နေ့ နေ့လည် ၂ နာရီ ၁၉ မိနစ်ဝန်းကျင်က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အများအပြားဖမ်းဆီးရမိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ပြည်သူ(၂) ဦးကိုသတ်ပြီး နှမ်း တင်း ၃၀၀၀ နီးပါးနှင့် နေအိမ်အဆောက်အဦများကို မီးရှို့ 

    ပြည်သူ(၂) ဦးကိုသတ်ပြီး နှမ်း တင်း ၃၀၀၀ နီးပါးနှင့် နေအိမ်အဆောက်အဦများကို မီးရှို့ 

    RNA_ဩဂုတ်၂၈၊၂၀၂၂ခုနှစ်။

    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မောက်ရွာမှာ စခန်းချနေထိုင်ခဲ့သည့် စစ်ကောင်စီတပ်က ယနေ့ နံနက် (၈) နာရီဝန်းကျင်က ရွာမှထွက်ခါနီး ပြည်သူ (၂) ဦးကိုသတ်ကာ လူနေအိမ် ၃၂ လုံး ၊နွားစာတိုက် ၈ လုံး၊ တောင်သူများ၏ နှမ်းအတင်းရေ ၃ ထောင်နီးပါး စသည်တို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း ယောကာကွယ်ရေးတပ် – YDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

    [embedyt] https://www.youtube.com/watch?v=Vpa_CnlDIc0[/embedyt]

    Red News Agency