Tag: တောင်ကုတ်မြို့နယ်

  • ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို AA တိုက်ခိုက် သိမ်းပိုက်နေ

    ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို AA တိုက်ခိုက် သိမ်းပိုက်နေ

    RNA_ဇန်နဝါရီ(၂၈)၊၂၀၂၅ ခုနှစ်။

    ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းခုကိုလည်း အာရက္ခတပ်တော်အနေဖြင့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ဧရာဝတီတိုင်းအစပ်၊ မကွေးတိုင်းအစပ်တို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။

    ပဲခူးတိုင်း-ရက္ခိုင် အစပ်နေရာများနှင့် ရက္ခိုင်ရိုးမတောင်တန်းထက်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကြေင်း၊ တောင်ကုတ်မြို့နယ်အတွင်း (တနည်းအားဖြင့်) ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ စစ်ကောင်စီ၏ မိုးထိတောင်စခန်းအား (၅) ရက်ခန့်အပြင်းအထန်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ (၂၆) ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း AA ကထုတ်ပြန်ထားသည်။

    (more…)

  • အာရက္ခတပ်တော်အနေဖြင့် အမ်းမြို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး ဂွမြို့တွင်လည်း သုံးပုံ နှစ်ပုံခန့်ကို သိမ်းပိုက်ထားနိုင်

    အာရက္ခတပ်တော်အနေဖြင့် အမ်းမြို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး ဂွမြို့တွင်လည်း သုံးပုံ နှစ်ပုံခန့်ကို သိမ်းပိုက်ထားနိုင်

    RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။

    အာရက္ခတပ်တော် (AA) အနေဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်နိုင်ပြီး အမ်းမြို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီးနောက် ဂွမြို့ကိုလည်း သုံးပုံနှစ်ပုံခန့် သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

    အမ်းမြို့ နပခ ကို ဒီဇင်ဘာလ (၂၀) ရက်နေ့၊ မွန်းတည့် (၁) နာရီ (၄၀) မိနစ်တွင် အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့မှုအတွင်း နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အရှင်လက်ရဖမ်းဆီးရမိခဲ့သည်ဟု AAကထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီ၏ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို AA အသေဖမ်းဆီးရမိ

    စစ်ကောင်စီ၏ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို AA အသေဖမ်းဆီးရမိ

    RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသော စစ်ကောင်စီလက်အောက်ခံ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အာရက္ခတပ်တော် (AA) မှ အသေဖမ်းဆီးရမိကြောင်း သိရသည်။

    နခခ-၅ မှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေသော တပ်မမှူးတစ်ဦးဖြစ်သည့် တမခ-၂၂ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အခေါက်ရွှေတုံးအချို့၊ ရွှေထည်အချို့အပါအဝင် ငွေသားသိန်း (၈၀၀) ခန့်နှင့်အတူ ဒီဇင်ဘာ (၁၇) ရက်နေ့ မွန့်တည့် (၁၂) နာရီခန့်တွင် မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းအနိး ပုစွန်ကန်တဲအတွင်း၌ အသေဖမ်းဆီးရမိခဲ့သည်ဟု AA ကယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

    (more…)

  • အာရက္ခတပ်တော်အနေဖြင့် တောင်ကုတ်မြို့ကို သိမ်းထားနိုင်ပြီး မြို့ပြင်ရှိစခန်းများကို ထိုးစစ်ဆင်နေ

    အာရက္ခတပ်တော်အနေဖြင့် တောင်ကုတ်မြို့ကို သိမ်းထားနိုင်ပြီး မြို့ပြင်ရှိစခန်းများကို ထိုးစစ်ဆင်နေ

    RNA_နိုဝင်ဘာ(၂၉)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်ရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အာရက္ခတပ်တော် – AA မှ သိမ်းပိုက်ထားပြီီးမြို့ပြင်ရှိစခန်းများကို တပြိုင်တည်း ဆက်လက်ထိုးစစ်ဆင်နေသည်ဟု AA ကထုတ်ပြန်ထားသည်။

    တောင်ကုတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ်အတွင်း စစ်ကောင်စီ၏ စခန်းများဖြစ်သော တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ်နှင့် ရာဘာခြံ ရှိ စစ်ကောင်စီ၏ စခန်းများ၊ တောင်ကုတ်တက္ကသိုလ်ကျောင်းဝင်းအတွင်း တပ်စွဲထားသောစခန်း၊ အာလိမ်ငါးဆင့်ဘုရားကုန်း၌ တပ်စွဲထားသော စခန်း၊ မြို့အဝင် စစ်ကောင်စီ၏ စကခ (၅) တပ်မဌာနချုပ် ဂိတ်စခန်းနှင့် မြို့မ ရဲစခန်းအပါအဝင် စခန်းနှင့်ဂိတ် (၁၀) ခုအား နိုဝင်ဘာ (၄) ရက် မှ (၂၀) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်အပြီး နိုဝင်ဘာ ၂၄ ရက်နေ့တွင် တောင်ကုတ်မြို့အား အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့သည်ဟု သိရသည်။

    (more…)

  • အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲတောင်ဗျူဟာစခန်းနှင့် အနီးဝန်းကျင်ရှိ စခန်းများအားလုံးကို AAသိမ်းပိုက်

    အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲတောင်ဗျူဟာစခန်းနှင့် အနီးဝန်းကျင်ရှိ စခန်းများအားလုံးကို AAသိမ်းပိုက်

    RNA_အောက်တိုဘာ(၈)၊၂၀၂၄ခုနှစ်။

    အနောက်ပိုင်းတိုင်း စစ်ဌနာချုပ် (နပခ) အခြေစိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲတောင်ဗျူဟာစခန်းနှင့် အနီးဝန်းကျင်ရှိ စခန်းများအားလုံးကို အာရက္ခတပ်တော် – AA မှ အောက်တိုဘာ (၇) ရက်နေ့ ညနေ (၃) နာရီ (၅၀) မိနစ်ခန့်က သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။

    မဲတောင်ဗျုဟာကုန်းသည် အမ်း နပခ ဌာနချုပ်မှ အဖြောင့်တိုင်းလျှင် (၁၄) ကီလိုမီတာခန့်သာ ကွာဝေးတော့ကြောင်း၊ မဲတောင်ဗျူဟာကုန်းတွင် စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ (၁၀) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၃၆၂/၃၆၅/၃၆၉) တပ်ရင်းများ၊ နပခ ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့ နှင့်စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းများ စုပေါင်းထားသော တပ်ရင်းများပါဝင်ကြောင်း၊ မဲတောင်ဗျုဟာ ကုန်းသိမ်းတိုက်ပွဲအတွင်းမှ ရန်သူ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်််ဟု AAကထုတ်ပြန်ထားသည်။

    (more…)