Uncategorized

ပြည်သူ(၂) ဦးကိုသတ်ပြီး နှမ်း တင်း ၃၀၀၀ နီးပါးနှင့် နေအိမ်အဆောက်အဦများကို မီးရှို့ 

ပြည်သူ(၂) ဦးကိုသတ်ပြီး နှမ်း တင်း ၃၀၀၀ နီးပါးနှင့် နေအိမ်အဆောက်အဦများကို မီးရှို့ 

RNA_ဩဂုတ်၂၈၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မောက်ရွာမှာ စခန်းချနေထိုင်ခဲ့သည့် စစ်ကောင်စီတပ်က ယနေ့ နံနက် (၈) နာရီဝန်းကျင်က ရွာမှထွက်ခါနီး ပြည်သူ (၂) ဦးကိုသတ်ကာ လူနေအိမ် ၃၂ လုံး ၊နွားစာတိုက် ၈ လုံး၊ တောင်သူများ၏ နှမ်းအတင်းရေ ၃ ထောင်နီးပါး စသည်တို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း ယောကာကွယ်ရေးတပ် - YDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ [embedyt] https://www.youtube.com/watch?v=Vpa_CnlDIc0[/embedyt] Red News Agency
Read More
၅/ ၈/ ၉/ ပါ တီရှပ်များ ဝတ်ဆင်ပြီး ဖိနှိပ်ခံ အလုပ်သမများအတွက် ဆန္ဒပြ

၅/ ၈/ ၉/ ပါ တီရှပ်များ ဝတ်ဆင်ပြီး ဖိနှိပ်ခံ အလုပ်သမများအတွက် ဆန္ဒပြ

RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။ အကြမ်းဖက်အာဏာသိမ်း စစ်တပ်နှင့် လက်အောက်ခံ လက်ပါးစေလုပ်ငန်းရှင်တို့သည် ပြည်ထောင်စုဖွားတိုင်းရင်းသားများဖြစ်ကြသည့် စစ်ကိုင်းတိုင်း (၅/)၊မကွေးတိုင်း(၈/) ၊ မန္တလေးတိုင်းဒေသကြီး(၉/) စသည်တို့မှ လုပ်သားတို့အား ဖိနှိပ်မှုများပြုလုပ်နေသည့်အတွက် ယနေ့နံနက်က ၅/ ၈/ ၉/ ပါ တီရှပ်များ ဝတ်ဆင်ပြီး ဖိနှိပ်ခံနေရသူများအတွက် ဆန္ဒပြခဲ့ကြသည်။ ၅/ ၊ ၈/ ကိုင်ဆောင်သူ လုပ်သားများအား ခြိမ်းခြောက်အလုပ်ထုတ်လျှက်ရှိနေသော ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်ရှိ တရုတ် နိုင်ငံသားပိုင် နာမည်ကျော် H&M တံဆိပ်ချုပ်လုပ်သော စက်ရုံအရှေ့တွင် ဖိနှိပ်ခံ လုပ်သားများနှင့်အတူ ရပ်တည်လျှက်ရှိကြောင်းသိစေရန် လူငယ်များသမဂ္ဂ _ ဗဟို (Youths Union Centre) နှင့် Labour…
Read More