Category: Uncategorized

  • ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးပါဝင် တိုက်ပွဲဝင်ခဲ့

    ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးပါဝင် တိုက်ပွဲဝင်ခဲ့

    RNA_အောက်တိုဘာ(၉)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးပါဝင်တိုက်ပွဲဝင်ခဲ့ပြီး ရဲဘော် (၅) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗျူဟာ (၄၂) တာဝန်ရှိသူများထံမှ သိရသည်။

    ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးအတွက် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးသည် ဩဂုတ်လ (၈) ရက်နေ့ကတည်းက ထွက်ခွါ တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ ယင်းမာပင်ရိုင် ဗျူဟာ (၄၂) ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က အတည်ပြုခဲ့ကြောင်း၊ ဗျူဟာ (၄၂) တွင် ယင်းမာပင်ခရိုင် တပ်ရင်း(၁၁) ကျားသစ်နက်တပ်မတော်၊ တပ်ရင်း (၂၈) ဓားမဆိုင်း တပ်မတော်၊ တပ်ရင်း (၁၇)၊ တပ်ရင်း ( ၂၉)၊ တပ်ရင်း (၃၉) တို့ ပူးပေါင်းဖွဲ့စည်းထားကြောင်း သိရသည်။

    (more…)

  • အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲတောင်ဗျူဟာစခန်းနှင့် အနီးဝန်းကျင်ရှိ စခန်းများအားလုံးကို AAသိမ်းပိုက်

    အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲတောင်ဗျူဟာစခန်းနှင့် အနီးဝန်းကျင်ရှိ စခန်းများအားလုံးကို AAသိမ်းပိုက်

    RNA_အောက်တိုဘာ(၈)၊၂၀၂၄ခုနှစ်။

    အနောက်ပိုင်းတိုင်း စစ်ဌနာချုပ် (နပခ) အခြေစိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲတောင်ဗျူဟာစခန်းနှင့် အနီးဝန်းကျင်ရှိ စခန်းများအားလုံးကို အာရက္ခတပ်တော် – AA မှ အောက်တိုဘာ (၇) ရက်နေ့ ညနေ (၃) နာရီ (၅၀) မိနစ်ခန့်က သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။

    မဲတောင်ဗျုဟာကုန်းသည် အမ်း နပခ ဌာနချုပ်မှ အဖြောင့်တိုင်းလျှင် (၁၄) ကီလိုမီတာခန့်သာ ကွာဝေးတော့ကြောင်း၊ မဲတောင်ဗျူဟာကုန်းတွင် စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ (၁၀) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၃၆၂/၃၆၅/၃၆၉) တပ်ရင်းများ၊ နပခ ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့ နှင့်စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းများ စုပေါင်းထားသော တပ်ရင်းများပါဝင်ကြောင်း၊ မဲတောင်ဗျုဟာ ကုန်းသိမ်းတိုက်ပွဲအတွင်းမှ ရန်သူ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်််ဟု AAကထုတ်ပြန်ထားသည်။

    (more…)

  • 96 Soldiers – PDF အနေဖြင့် (၃) နှစ်အတွင်း မြို့သိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း (၄၇) ပွဲ ဆင်နွှဲခဲ့

    96 Soldiers – PDF အနေဖြင့် (၃) နှစ်အတွင်း မြို့သိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း (၄၇) ပွဲ ဆင်နွှဲခဲ့

    RNA_အောက်တိုဘာ(၇)၊၂၀၂၄ခုနှစ်။

    96 Soldiers – PDF အနေဖြင့် တည်ထောင်ခဲ့သည့် (၃) နှစ်အတွင်း ဒီပဲယင်းမြို့၊ ကော့ကရိတ်မြို့၊ မြဝတီမြို့ မြို့သိမ်းတိုက်ပွဲနှင့် ပျောက်ကြားတိုက်ပွဲ၊ ထိတွေ့တိုက်ပွဲစသည့် တိုက်ပွဲပေါင်း (၄၇) ပွဲ မဟာမိတ်များဖြင့် ပူးပေါ်င်း ဆင်နွှဲခဲ့သည်ဟု သိရသည်။


    96 Soldiers – PDF သည် ၂၀၂၄ ခုနှစ် အောက်တိုဘာ (၆) ရက်နေ့သည် တပ်ဖွဲ့ (၃) နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ တပ်ဖွဲ့အနေဖြင့် တောင်ပိုင်းဒေသနှင့် အညာဒေသဆိုပြီး ဒေသ၂ ခုခွဲပြီး တိုက်ပွဲဝင်နေကြောင်း၊ (၃) နှစ်အတွင်း ရဲဘော် (၈) ဦးကျဆုံးခဲ့ရကြောင်း 96 Soldiers – PDF ကထုတ်ပြန်ထားသည်။

    (more…)

  • ပြည်သူ့တော်လှန်ရေးတပ်ဦး၏ အပတ်စဉ်(၈) အခြေခံစစ်ပညာသင်တန်းတွင် ရဲဘော်(၃၆)ဦး အောင်မြင်

    ပြည်သူ့တော်လှန်ရေးတပ်ဦး၏ အပတ်စဉ်(၈) အခြေခံစစ်ပညာသင်တန်းတွင် ရဲဘော်(၃၆)ဦး အောင်မြင်

    RNA_စက်တင်ဘာ(၉)၊၂၀၂၄ ခုနှစ်။

    ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၏ တလခွဲခန့်ကြာမြင့်သော အခြေခံစစ်သင်တန်းအပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ (၈) ရက်နေ့က PRF ယာယီဌာနချုပ်မှာ ကျင်းပခဲ့ရာ တပ်သားသစ် ရဲဘော်(၃၆) ဦး အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့သည်ဟု သိရသည်။

    အခြေခံစစ်သင်တန်းတွင် အခြေခံစစ်ရေးပြ၊ စစ်နည်းဗျူဟာ၊ စစ်ဗျူဟာ၊ မိုင်းသင်တန်းစသည့် သင်္ခန်းစားများအပြင် တပ်ဦး၏ လမ်းညွှန်နိုင်ငံရေးအတွေးခေါ်အခိုင်အမာတည်ဆောက်ရေးအတွက် တပ်ဦး၏နိုင်ငံရေးကြေညာစာတမ်း၊ တပ်ဦးဖြတ်သန်းခဲ့သည့် သမိုင်းမှတ်တမ်း၊ ဒီမိုကရေစီဗဟိုဦးစီးချုပ်ကိုင်မှု-ဒီစီ၊ စစ်သုံးစစ်၊ အနုပဋိလောမပို့ချချက်စသည့် တပ်တွင်းနိုင်ငံရေးသင်တန်းကိုပါ ထည့်သွင်း ပို့ချပေးအပ်ခဲ့ကြောင်း PRF က ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂၆) တပ်ရင်း တပ်ခွဲမှူး ဗိုလ်တေ (ခ) ဟိန်းဇင်အောင် ကျဆုံး

    ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂၆) တပ်ရင်း တပ်ခွဲမှူး ဗိုလ်တေ (ခ) ဟိန်းဇင်အောင် ကျဆုံး

    RNA_ဩဂုတ်(၁၂)၊၂၀၂၄ ခုနှစ်။
     
    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂၆)တပ်ရင်း (Myanmar Defense Force -Shwebo)မှ တပ်ခွဲမှူး ဗိုလ်တေ (ခ) ဟိန်းဇင်အောင် ဩဂုတ်လ (၉) ရက်နေ့က မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။

    (more…)

  • ဘုရင်ရူးနဲ့ ဇာတ်ပျက်မှာ ဝန်မင်း ဖြစ်ချင်ကြသူတွေလည်း ရှိနေဆဲ

    ဘုရင်ရူးနဲ့ ဇာတ်ပျက်မှာ ဝန်မင်း ဖြစ်ချင်ကြသူတွေလည်း ရှိနေဆဲ

    “အင်အားအကြီးဆုံးကတော့ ရဲချုပ်ဟောင်း ခင်ရီ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီဖြစ်ပြီး အားလုံးသိတဲ့အတိုင်း နဂိုကတည်းက စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ တပ်ပါတီဖြစ်ပါတယ်။ နောက်ထပ် သာကူး သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ၈၈ မျိုးဆက် ကိုကိုကြီးရဲ့ ပြည်သူ့ပါတီဟာလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်နေပါတယ်”

    ကေဂျီ – Wiper 

    အာဏာရှင်ဖြစ်ချင်လွန်းလှသူ မင်းအောင်လှိုင်ရဲ့ အဓိက အားကိုးအားထားပြုနေရတဲ့  အကြမ်းဖက်တပ်မတော်ကြီးဟာ လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာတဲ့ ၂၀၂၄ ကာလ လက်ရှိအနေအထားမှာတော့ လူထူ အနူလမ်းသလား အဆင့်ကနေ သူတင်ကိုယ်တင်တိုက်လာခိုက်လာရတဲ့ အချိန်အခါမှ အရပ်ထဲ ဖြဲပြတဲ့ ဖိုးသင်းမျောက်လို နေရာဒေသအစုံမှာ အားရပါးရကြီးကို ရှုံးပြနေပါတော့တယ်။ လက်နက်မဲ့ ပြည်သူလူထုအပေါ် နှိပ်စက်ပြ၊ အနိုင်ကျင့်ပြုလုပ်ခဲ့သမျှဟာ အရပ်စကားနဲ့ ပြောရရင်တော့ ဇာတ်ထဲက လူမိုက်ပမာ ဖြစ်နေခဲ့ပါပြီ။ နိုင်ငံတော်အဆင့် စစ်ကြောင်းတွေနဲ့ တုတ်ဆွဲဓားဆွဲကြမ်းပြသမျှဟာလည်း အပြီးသတ် ပတ်တီးအဖွေးသားနဲ့ အောင်မြင်စွာ ဆုတ်ခွာစစ်ဆင်နိုင်ခဲ့ပါတယ် ဆိုတဲ့ အဆင့်က တက်မလာတော့ပါဘူး။

    ဒီလို စစ်တပ်အားကိုးတစ်ခုနဲ့ အခြေအနေမဟန်တော့မှန်းကို သိသာလာတဲ့အခါ မင်းအောင်လှိုင်ဟာ ရနိုင်သလောက်နေရာလေးမှာ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံသုံးကာ ရွေးကောက်ပွဲဖြစ်ရုံလေး ကျင်းပလို့ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးပြီး လွတ်အောင်ပြေးနိုင်ဖို့ ကြိုးစား ပြင်ဆင်လာပါတယ်။ လက်ရှိစစ်ကောင်စီ လက်အောက်မှာ ပြည်သူလူထုတစ်ရပ်လုံးဟာ လူ့အခွင့်အရေး၊ စီးပွားရေးနဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံအဖြစ်ကို ရောက်ရှိနေပါတယ်။

    ပြည်သူလူထုဟာ နေ့စဉ်တွေ့ကြုံနေရတဲ့ အကျပ်အတည်းတွေကြားမှာ တော်လှန်ရေးနဲ့ လူအခွင့်အရေး ဆုံးရှုံးမှုတွေကို လွန်ဆန်ကြဖို့ထက် နေထိုင်စားသောက်နိုင်ရုံလောက်ကိုပဲ မနည်းကို ရုန်းကန်နေကြရပါတယ်။ ဒီအချက်ပေါ်မှာ အခွင့်အရေးရယူပြီး မင်းအောင်လှိုင်ဟာ ၂၀၁၀ တုန်းက ဦးသန်းရွှေ အကွက်လိုမျိုး ခင်းလာနိုင်ပါတယ်။ ပြည်သူလူထုအားလုံး ကျပ်တည်းဆင်းရဲပြီး ဒုက္ခရောက်နေမှ မင်းအောင်လှိုင်အတွက် ကယ်တင်ရှင်ဇာတ်ကို ခင်းလို့ကောင်းမှာ ဖြစ်တဲ့အတွက် ပြည်သူလူထုတစ်ရပ်လုံးကို ဒုက္ခမရောက် မဖြစ်ရလေအောင်လည်း ကြိုးစားလုပ်ဆောင်နေပါတယ်။

    (more…)

  • အာရက္ခမြေတွင် ပထမဆုံးပြုလုပ်နိုင်သည့် အာရက္ခတပ်တော်၏ အရာရှိသင်တန်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့

    အာရက္ခမြေတွင် ပထမဆုံးပြုလုပ်နိုင်သည့် အာရက္ခတပ်တော်၏ အရာရှိသင်တန်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့

    RNA_မေ(၂၄)၊၂၀၂၄ ခုနှစ်။
     
    အာရက္ခမြေတွင် ပထမဆုံးအကြိမ်အဖြစ် အာရက္ခတပ်တော် -AAမှ သင်တန်းသူ/သား (၃၂၆)ဦး ဖြင့် စတင်ဖွင့်လှစ်ခဲ့သည့် အရည်အချင်းပြည့်မီသော အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားအား တိုက်ပွဲကာလ၊ စစ်ရေး၊ နိုင်ငံရေး စိန်ခေါ်မှု၊ အခက်အခဲများအကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
     
    အာရက္ခတပ်တော်၏ အမှတ်စဉ် (၃) အရာရှိလေ့ကျင့်ရေးသင်တန်းကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် အရာရှိလောင်းအဖြစ် အသိအမှတ် ပြုအခမ်းအနားပြုလုပ်ခဲ့ပြီးနောက် (၁၁) ခန့်အကြာ ၂၀၂၄ ခုနှစ် မေလ ၂၀ ရက်နေ့က သင်တန်းဆင်းနိုင်ခဲ့ကြောင်း၊ အာရက္ခမြေပေါ်တွင် ပထမဆုံးပြုလုပ်သည့် အရာရှိသင်တန်းကာလသည် (၁) နှစ် (၇) နီးပါးကြာမြင်ခဲ့သည်ဟု AA က ယမန်နေ့ညပိုင်းက ထုတ်ပြန်ထားသည်။

    (more…)

  • လက်နက်ကိုင် တိုက်ပွဲဖြစ်ရတော့မည်ဟု SSPP/SSA ဒုတိယ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်ပြော

    လက်နက်ကိုင် တိုက်ပွဲဖြစ်ရတော့မည်ဟု SSPP/SSA ဒုတိယ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်ပြော

    RNA_မေ(၃)၊၂၀၂၄ခုနှစ်။

    စစ်မှန်သော ပြည်ထောင်စုဒီမိုကရေစီရရှိရန် နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်းမရှိတော့သည့်အတွက်တိုက်ပွဲ ဖြစ်ရတော့မည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ဒုတိယ ဉက္ကဋ္ဌဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောကြားလိုက်သည်ဟု SSPP Info မှ ယနေ့ ထုတ်ပြန်ထားသည်။

    “တွေဝေနေလို့ မဖြစ်တော့ပါဘူး၊ အခု ကျနော်တို့ ဖြစ်ချင်တာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အဖြေရှာဖို့ လမ်းစဉ်ဟာ လုံးဝ မရှိတော့ပါဘူး။ ဒါ့ကြောင့် တိုက်ပွဲ ဖြစ်ရပါတော့မယ်။ မနက်ဖန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖန် အခက်မကြုံဖို့အတွက် ဒီနေ့ ရုန်းကန်ရပါမယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောသည်။

    (more…)

  • မဟာလူမျိုးကြီးဝါဒဖြင့် နှစ်ပေါင်း (၆၀)ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရသည့် အမြစ်ဆိုးအား ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီဟု PSLF/TNLA စစ်ဦးစီးချုပ်ပြော

    မဟာလူမျိုးကြီးဝါဒဖြင့် နှစ်ပေါင်း (၆၀)ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရသည့် အမြစ်ဆိုးအား ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီဟု PSLF/TNLA စစ်ဦးစီးချုပ်ပြော

    RNA_မေ(၃)၊၂၀၂၄ ခုနှစ်။

    မဟာလူမျိုးကြီးဝါဒဖြင့် တိုင်းရင်းသားများအပေါ် နှစ်ပေါင်း (၆၀) ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရသည့်အမြစ်ဆိုးအား ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီးဖြစ်သည့်အတွက် ပြည်သူလူထုများ စည်းစည်းလုံးလုံးနေထိုင်သွားကြရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စစ်ဦးစီချုပ် တားဟိုပလန်က ယနေ့ ပြောကြားခဲ့သည်။

    ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စစ်ဦးစီချုပ် တားဟိုပလန်နှင့် နမ့်ခမ်းမြို့ ပြည်သူလူထုများ ယနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ဗိုလ်ချုပ် တားဟိုပလန်မှ အဖွင့်အမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

    (more…)

  • အမ်း – ပဒါန်း လမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

    အမ်း – ပဒါန်း လမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

    RNA_မေ(၁)၊၂၀၂၄ ခုနှစ်။

    မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် အမ်း -ပဒါန်း လမ်းပိုင်း တိုက်ပွဲအတွင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) မှ ရဲဘော် ဟန်ဘိုသည် စစ်ရေးတာဝန်များ ထမ်းဆောင်ရင်း လက်နက်ကြီးကျည်ထိမှန်ကာ ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက မြင့်မြတ်စွာ ကျဆုံးသွားကြောင်း သိရသည်။

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း AA နှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည့်အတွက် စစ်ကူနှင့် ရိက္ခာပို့ လမ်းကြောင်းများကို အများပြည်သူသုံး ယာဉ်များဖြင့် သွားလာနေသည့်အတွက်ရခိုင်ပြည်နယ် အမ်းမြို့နှင့် မကွေးတိုင်း ပဒါန်းတို့ကို ဆက်သွယ်ထားသော အမ်း-ပဒါန်း ကားလမ်းအား အာရက္ခတပ်တော် – AA နိုဗာစစ်ဒေသ (၁) က ဧပြီလ (၂) ရက်နေ့ကတည်းက အကန့်အသတ်မရှိ အရေးပေါ်ပိတ်ထားခဲ့သည်။

    အာရက္ခတပ်တော်နှင့် မဟာမိတ်များက အမ်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံများကို တိုက်ထုတ်နေစဉ်အတွင်း အမ်းကို စစ်ကူသွားသည့် စစ်ကောင်စီလက်အောက်ခံများက ပဒါန်းကျော်သည်နှင့် လက်နက်ကြီး လက်နက်ငယ်များဖြင့် ကျေးရွာများကို ပစ်ခတ်နေကြောင်း၊ အမ်းတက်သည့် စစ်ကောင်စီတပ်များလည်း လမ်းတွင် ကြားဖြတ်တိုက်ခိုက်ခံရမှုရှိပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

     

    (more…)