Tag: နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Wang Yi

  • အာဏာရှင်တွေကို အသက်သွင်းပြီး ချေးငွေနဲ့ နယ်ချဲ့နေတဲ့ တရုတ် 

    အာဏာရှင်တွေကို အသက်သွင်းပြီး ချေးငွေနဲ့ နယ်ချဲ့နေတဲ့ တရုတ် 

    “တရုတ်ကတော့ စစ်ရေး နိုင်ငံရေးကို စီးပွားရေးနဲ့ ကစားပြီးတော့ နိုင်ငံတခုအပေါ်မှာ ချေးငွေနဲ့ ချုပ်ကိုင်ထိန်းချုပ်ဖို့ကြိုးစားနေတာ တကမ္ဘာလုံးအသိဖြစ်တယ်”

    ရန်ုနိုင်

    အာဏာသိမ်း စစ်ခေါင်းဆောင်တွေက နိုင်ငံဘဏ္ဍာကို စစ်ရေးမှာအသုံးချ မလောက်ငှတော့တဲ့အဆုံး တိုက်ပွဲတွေ ဆက်တိုက်ဖို့အတွက် တရုတ်ဆီက ချေးငွေရယူခဲ့ရင် ပြည်သူတွေအတွက် အကျိုးသက်ရောက်မှုက ဘာတွေဖြစ်လာနိုင်လဲ…?

    အကြမ်းဖက် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် အဓိကမဟာမိတ် အင်အားကြီးနိုင်ငံတခုဖြစ်တဲ့ ရုရှာနိုင်ငံကို သုံးကြိမ်တိုင် သွားရောက်ခဲ့တဲ့အတွင်း ၂၀၂၂ ခုနှစ်မှာ ရုရှားသမ္မတ ပူတင်နဲ့တွေ့ခွင့်ရထားခဲ့တယ်။ အခုတော့ ရုရှားကို သွားခွင့်မရတော့တဲ့အဆုံး နိုဝင်ဘာလအတွင်း စစ်ကောင်စီအတွက် မဟာမိတ်အင်အားကြီး နိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံကိုသွားမယ် ဆိုတဲ့ ခရီးစဉ်ဖြစ်ပါတယ်။

    တရုတ်နိုင်ငံကတော့ မြန်မာပြည်သူတွေအပေါ်  စစ်တပ်အကြမ်းဖက်နေချိန်မှာ နှုတ်ဆိတ်နေလေ့ရှိတယ်။ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကြောင့် စစ်ကောင်စီ ခြေမကိုင်မိ လက်မကိုင်မိဖြစ်လာချိန်မှာတော့ ညီနောင်တပ်ဖွဲ့ တွေ ထိုးစစ်ရပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးလာခဲ့တယ်။ မြန်မာပြည်တွင်းမှာ အကျိုးစီးပွားအမြောက်အများ ရှိနေပေမယ့် မြန်မာပြည်သူတွေရဲ့ လိုလားချက်ကို အလေးထားလေ့မရှိတဲ့ တရုတ်အစိုးရက စစ်ခေါင်းဆောင်တွေအပေါ် မည်သို့သော ကတိကဝတ်တွေ ရှိနေနိုင်လဲဆိုတာ မျက်ခြေမပြတ်စောင့်ကြည့်သင့်ပါတယ်။

    (more…)

  • အနှစ်ကျန်သော နည်းဗျူဟာနှင့် မစစ်မှန်သော မူဝါဒ

    အနှစ်ကျန်သော နည်းဗျူဟာနှင့် မစစ်မှန်သော မူဝါဒ

    “လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို ကိုင်စွဲထားသည့် စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရားနှင့် စစ်အစိုးရကို ဖြိုချဖျက်ဆီးနေသော ယနေ့မြန်မာနိုင်ငံ၏ ပဋိပက္ခများကို တရုတ်နိုင်ငံကပြည်တွင်းစစ်အဖြစ် ပေါပေါပဲပဲ ခေါင်းစဉ်တပ်လိုက်ခြင်းသာ ဖြစ်သည်”

    ကေဂျီ (KinderGarten)

    ဘယ်အချိန် တိုက်ရမလဲ၊ ဘယ်အချိန်မတိုက်ရဘူးလဲ ဆိုသည်ကို သိသောသူက နိုင်လိမ့်မည်ဟု တရုတ်ပြည်ဂန္ထဝင်မြောက် စစ်ရေးသေနင်္ဂဗျူဟာပညာရှင် ဆွန်ဇူး၏ စစ်ပညာကျမ်းတွင် ဖော်ပြထားသည်။ ထိုအချက်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ကောင်းစွာ အသုံးချပြခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးဖြင့် သန်မာဟန် အယောင်ဆောင်နေသော စစ်တပ်၏ အပေါ်ယံ အရေခွံကို ချွတ်ပြနိုင်ခဲ့ပြီး အနှစ်မရှိတော့သည်ကို ထင်ရှားစေခဲ့သည်။ နွေဦးတော်လှန်ရေး ကာလတစ်လျှောက်တွင် ၁၀၂၇ စစ်ဆင်ရေးသည် စစ်ရေးပိုင်း၌ အကြီးမားဆုံးသော ချိန်ခွင်လျှာ အပြောင်းအလဲတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်။

    ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်၏ ခေတ်အဆက်ဆက် သမိုင်းတလျှောက်တွင် မကြုံဖူးသော ဒကစ (လောက်ကိုင်) ပထမဆုံးအကြိမ်အဖြစ် ကျရှုံးခဲ့ရသည်။ ကျရှုံးရပုံကလည်း ရိုးရိုးလေးပင်မဟုတ် အင်ပြည့်အားပြည့်ဖြင့် စိတ်ဓာတ်ကျကာ လက်နက်ချ အညံခံလိုက်ကြခြင်း ဖြစ်သည်။ ယင်းအချက်ကပင် စစ်ကောင်စီတပ် နိုင်ငံအနှံ့ အရှုံးများစွာ ကြုံတွေ့ချိနဲ့နေရသည့် လမ်းစဖြစ်လာခဲ့သည်။ ဒလိမ့်ကောက်ကွေး အကျနာကာ အဖတ်ပြန်ဆည် မရနိုင်တော့လောက်အောင် အခြေဖြတ်၍ အရိုက်ခံလိုက်ရခြင်းမျိုးဟုလည်း ဆိုနိုင်သည်။ အကျိုးဆက်အနေဖြင့် လက်ရှိကာလတွင် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်၍ ထိန်းချုပ်ထားသည့် မြို့ပေါင်း ၇၈ မြို့ခန့်နီးပါး ရှိလာခဲ့ပြီး နိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သည့် မန္တလေးမြို့သည်ပင် စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ရန် ဟန်တပြင်ပြင်ဖြစ်နေသည့် အခြေအနေရှိလာသည်။ စစ်ရှုံး၍ အထိနာနေသော အနေအထားတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများဖြင့် ဒေသအနှံ့က မြို့ရွာများအပေါ် နေ့မအား၊ ညမနား ဗုံးကြဲနေရုံသာ တတ်နိုင်တော့သည့်အတွက် အရပ်သားပြည်သူများ ထိခိုက်သေဆုံးရသည့် အရေအတွက်နှင့် မြို့ရွာပျက်ဆီး ဆုံးရှုံးမှုများသာ ပိုများလာခဲ့သည်။ 

    (more…)