Politics

ပြည်သူကို စောင့်ကြည့်ထိန်းချုပ်ဖို့ စစ်ကောင်စီဖော်ဆောင်နေတဲ့ ဘိုင်အိုမက်ထရစ် 

ပြည်သူကို စောင့်ကြည့်ထိန်းချုပ်ဖို့ စစ်ကောင်စီဖော်ဆောင်နေတဲ့ ဘိုင်အိုမက်ထရစ် 

"ဇီဝအချက်အလက်(Biometric Data)ကောက်ယူမှုဟာ လူ့အခွင့်အရေးပေါ် သက်ရောက်နိုင်ချေများစွာရှိနေပါတယ်။ ဒီလိုကောက်ယူခြင်းအပေါ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကြား စိုးရိမ်ပူပန်မှုနေကြသလိုလူ့အခွင့်အရေး အခြေအနေ ဆိုးဝါးနေပြီးသားဖြစ်တဲ့ မြန်မာနိုင်ငံမှာ အခုလို  အဆိုပါ biometric data ကောက်ယူခြင်း လုပ်ငန်းစဉ်ကို စစ်ကောင်စီက အသုံးချလိုက်ခြင်းအားဖြင့် လူ့အခွင့်အရေး အခြေအနေ ပို ဆိုးဝါးလာနိုင်တယ်" ငြိမ်းမောင်  e-Government စနစ်အကောင် အထည်ဖော်ရာမှာ အခြေခံဖြစ်တဲ့ အီလက်ထရောနစ်မှတ်ပုံတင် e-ID အကောင် အထည်ဖော်ဖို့ အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလလောက်ကတည်းက ကြိုးပမ်းလာခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေအရသိရပါတယ်။ ဝန်ဆောင်မှု လုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံသားတိုင်း မွေးစာရင်းအပါအဝင် တရားဝင်မှတ်ပုံတင် တစ်ခုရရှိဖို့၊ နိုင်ငံအတွင်း…
Read More
အီကွေဒေါနိုင်ငံရဲ့ သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ အသက်ငယ်ဆုံး လူငယ်စီးပွားရေးလုပ်ငန်းရှင် Daniel Noboa

အီကွေဒေါနိုင်ငံရဲ့ သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ အသက်ငယ်ဆုံး လူငယ်စီးပွားရေးလုပ်ငန်းရှင် Daniel Noboa

"အီကွေဒေါနိုင်ငံရဲ့ သမ္မတသစ် Daniel Noboa ဟာ ရာဇ၀တ်မှုထူပြောလာတာတွေ၊ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများကြား အငြင်းပွားမှုတွေ၊ တိုးတက်လာတဲ့ ရွေ့ပြောင်းအခြေချမှုတွေကို ကိုင်တွယ်ဖြေရှင်းပေးမှာ" *************************** အီကွေဒေါနိုင်ငံသားတွေကို အလုပ်ကိုင်တွေ ဖန်တီးပေးမယ်၊ ရာဇဝတ်အကြမ်းဖက်မှုခင်းဂိုဏ်းတွေကို ထိန်းချုပ်မှုတွေလုပ်မယ်ဆိုပြီး အီကွေဒေါနိုင်ငံရဲ့အသက်ငယ်ဆုံးသမ္မတအဖြစ် ရွေးချယ်ခံရတဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင် Daniel Noboa က ပြောဆိုလိုက်ပါတယ်။ အသက် ၃၅ နှစ်သာရှိသေးတဲ့ Daniel Noboa ဟာဆိုရင် ပြိုင်ဘက် သမ္မတလောင်း Luisa Gonzalez ကို မဲရလဒ် ၅၂ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တာလဲ ဖြစ်ပါတယ်။ "မနက်ဖြန် အီကွေဒေါနိုင်ငံသစ်အတွက် အလုပ်တွေ စတင်လုပ်ပါမယ်၊ အကြမ်းဖက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ အမုန်းတရားတွေနဲ့ တကယ်ကို ချွတ်ခြုံကျနေတဲ့ ကျွန်တော်တို့…
Read More
ဆေးမတိုးတော့တဲ့ သပ်လျှိုသွေးခွဲမယ့် စစ်ကောင်စီရဲ့အကြံ

ဆေးမတိုးတော့တဲ့ သပ်လျှိုသွေးခွဲမယ့် စစ်ကောင်စီရဲ့အကြံ

"ဘဝတူတော်လှန်ရေးအင်အားစုများနဲ့အတူ တစိုက်မတ်မတ် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ခဲ့ခြင်းဟာ KNU ရဲ့ ရပ်တည်ချက်နဲ့သဘောထားတွေဟာ ဘယ်လိုအကြောင်းတရားတွေနဲ့မှ ယိုင်းယွင်သွားစရာမရှိဘူးဆိုတာ စစ်ကောင်စီကို အသိပေးလိုက်တာပါ" ငြိမ်းမောင် KNU ဥက္ကဋ္ဌ ဟောင်းစောမူတူးစေဖိုးက စစ်အုပ်စု ခေါင်းဆောင်နဲ့တွေ့တယ်၊ စစ်တပ်အပေါ် ယုံကြည်နေသူဖြစ်လို့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို ရဲရဲဝံ့ဝံ့လျောက်လှမ်းခဲ့တယ်၊ NCA မှာ လက်မှတ်ရေးခဲ့တဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်။ KNU နဲ့ ပတ်သတ်ရင် ထိန်းထိန်းသိမ်းသိမ်းပဲ ဆောင်ရွက်ခဲ့တာကို တွေ့ရတယ်လို့ စစ်တပ်ဘက်က ဝါဒဖြန့်တာ၊ အဲဒါက သူ့တစ်ဦးရဲ့ သဘောထားဖြစ်ပြီး KNU နဲ့ မသက်ဆိုင်ဘူးလို့ KNU ပြောရေးဆို ခွင့်ရှိသူ ပဒိုစောတောနီးက အရင်ပြောထားပြီးသား။ " ဒီကိစ္စက ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ လုံးဝမသက်ဆိုင်တဲ့အတွက်…
Read More
ဗမာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်

ဗမာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်

"Local တွေနဲ့ NUG MOD ရဲ့ကြားက ကွဲလွဲမှုတွေဖြစ်ပြီး MOD ကခန့်အပ်ထားတဲ့ ခေါင်းဆောင်တချို့ဟာ Local တွေအပေါ် ဖိအားပေးမဲ့အစား စည်းရုံးရေးကို မြန်စွာအကောင်အထည်ဖော်မှ COC ကောင်းစွာ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ Local တွေဆိုတာက လက်နက်ကိုင်တော်လှန်ရေးအစ ဘယ်အစိုးရမှမပေါ်ခင်ကတည်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောင်ရွက်လာတာ" ကိုတင်ဖေ  တော်လှန်ရေးကာလနှစ်နှစ်ကျော်အတွင်း အညာဒေသလက်နက်ကိုင်တော်လှန်ရေးဟာ အတော်လေးခရီးပေါက်လာတာကိုတွေ့မြင်နေရပါတယ်။ ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ ရပ်တည်နေကြတဲ့ Local PDF တွေလည်းရှိသလို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပသုံးလုံးတွေအားကောင်းလာတာကိုတွေ့ရမှာပါ။ မကြာခဏဆိုသလို Local တွေနဲ့ ပကဖတွေကြား ပွတ်တိုက်မှုတွေဖြစ်ပွားနေသလို မြေပြင်မှာ အတူယှဉ်တွဲနေကြရတာဟာလည်း ဒီအဖွဲ့တွေပဲ ဖြစ်ပါတယ်။ Local တွေကို နှစ်ပိုင်းခွဲပြီးမြင်ကြရရင် EROs ကျောထောက်နောက်ခံရှိတာနဲ့ ပြည်သူလူထုအားကိုးနဲ့…
Read More
အရှိုက်အထိုးခံလိုက်ရတဲ့စစ်တပ် နောက်ဝင်မယ့်တွဲလုံးတွေကို ကာနိုင်ပါ့မလား

အရှိုက်အထိုးခံလိုက်ရတဲ့စစ်တပ် နောက်ဝင်မယ့်တွဲလုံးတွေကို ကာနိုင်ပါ့မလား

"ICC က ကိုင်တွယ်ပြီဆိုရင်တော့ မင်းအောင်လှိုင်တို့အနေနဲ့ အခုထက်ပိုပြီး လှုပ်ရှားရတာတွေ ကြပ်တည်းလာမှာဖြစ်သလို စစ်ခေါင်းဆောင်တွေအနေနဲ့ တရားစွဲခံရဖို့ သေချာနေပါပြီ။ ဘာလို့လည်း ဆိုတော့ သူတို့ကျူးလွန်ခဲ့တဲ့ ကိစ္စတွေရဲ့ တိကျတဲ့သက်သေပေါင်းအမြောက်အများဟာ ကုလသမဂ္ဂလိုအဖွဲ့အစည်း၊ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေဆီမှာ အခိုင်အမာရှိနေပါပြီ" လှဆောင် ပြည်တွင်းမှာ တော်လှန်ရေးအင်အားစုတွေဘက်က ခပ်စိတ်စိတ်နဲ့ ခြေလှမ်းတွေရှေ့တိုးနေသလို နိုင်ငံတကာမှာလည်း ခြေလှမ်းတွေက ခပ်စိတ်စိတ်ပါ။ စစ်ကောင်စီလော်ဘီတွေကတော့ NUG အစိုးရအဖွဲ့ဝင်တွေ ကုလသမဂ္ဂမှာသွားပြီး ပြည်သူတွေလှူတဲ့ပိုက်ဆံနဲ့ ဟေးလားဝါးလား သွားလုပ်နေတယ်လို့ ဝါဒဖြန့်ကြပါတယ်။ လူပိန်းလို ပြန်ပြောရမယ်ဆိုရင်တော့ အဲဒီလို ဟေးလားဝါးလားလုပ်ဖို့တောင် စစ်ကောင်စီဘက်က အဆင့်ရှိမနေပါဘူး။ NUG အစိုးရအဖွဲ့ဝင်တွေ ကုလသမဂ္ဂအစည်းအဝေးမှာ နိုင်ငံတကာကကိုယ်စားလှယ်နဲ့ သွားတွေ့နေကြတယ်ဆိုတာလည်း ဟေးလားဝါးလားလုပ်ဖို့မဟုတ်ဘူးဆိုတာ တော်ရုံနိုင်ငံရေးအခြေခံလောက်ရှိတဲ့သူတွေတောင် ရှင်းရှင်းလင်းလင်းသိနေတဲ့ကိစ္စပါ။  NUG ကို…
Read More
ခုခံစစ် ၂ နှစ်အတွင်း အပြောင်းအလဲများနဲ့ အဆုံးသတ်တိုက်ပွဲ 

ခုခံစစ် ၂ နှစ်အတွင်း အပြောင်းအလဲများနဲ့ အဆုံးသတ်တိုက်ပွဲ 

"စနစ်တကျစုဖွဲ့မှုအားကောင်းတဲ့ လက်နက်ကိုင်စစ်တပ်ဆိုတာ စာအုပ်ထဲမှာသာရှိပြီးတော့ တကယ့်ပြည်သူရဲ့ အငြိုးကို ခံနိုင်စွမ်းမရှိခဲ့ပါဘူး။ တူမီးကစလို့ လက်လုပ်ပစ္စည်းတွေနဲ့ စတင်တော်လှန်ချိန်ကတည်း အလဲလဲအကွဲကွဲနဲ့ ခံနေရတဲ့ စစ်တပ်ဟာ နည်းပညာတိုးတက်လာတဲ့ အချိန် ဝေဟင်က Drop Bomb တွေရဲ့ ရန်ဟာ အဓိကရင်ဆိုင်ရမယ့် ပြဿနာဖြစ်လာပါတယ်" ကိုတင်ဖေ အမျိုးသားညီညွတ်ရေးအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှေနေလှေအောင်း မြင်းဇောင်းမကျန် ခုခံတော်လှန်ကြဖို့ ခုခံစစ်အဖြစ် ကြေညာခဲ့တာဟ၂၀၂၃ခု နှစ် စက်တင်ဘာလ ၇ ရက် ဒီကနေ့ဟာ ၂ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ စစ်ရေးဖော်ဆောင်မှု အသွင်ကူးပြောင်းပုံအဆင့်ဆင့်ကို မြင်တွေ့ခဲ့ရပါတယ်။ အကြမ်းမဖက် ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေကို လမ်းမအလယ်မှာပဲ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သလို ဦးနှောက်တွေပွင့်ထွက်နေတဲ့ ဆန္ဒပြပြည်သူတွေရဲ့ ရုပ်အလောင်းတွေဟာ…
Read More
ကရင်နီစစ်ရေးအခြေအနေကြောင့် နေပြည်တော်စိုးရိမ်နေရပြီလား

ကရင်နီစစ်ရေးအခြေအနေကြောင့် နေပြည်တော်စိုးရိမ်နေရပြီလား

RNA_ဩဂုတ်(၁၇)၊၂၀၂၃ ခုနှစ်။   စစ်ကောင်စီအနေဖြင့် ကရင်နီပြည်၏ နယ်မြေတော်တော်များများကို လက်လွတ်ထားရသည့်အပြင် စစ်ကြောင်းပေါင်းများစွာနှင့်လေကြောင်းများပါ အသုံးပြုနေသော်လည်း မရှုမလှရှုံးနေသည့်အတွက် နေပြည်တော်အထိ ခြိမ်းခြောက်လာနိုင်သလား၊ စိုးရိမ်နေရပြီလားဆိုတာကို တင်ပြထားခြင်းဖြစ်သည်။   #RedNewsAgency  
Read More
မကွေးတိုင်းအတွင်း စစ်ရေးအခြေအနေနဲ့ စစ်ကောင်စီတပ်တွေအနေအထား

မကွေးတိုင်းအတွင်း စစ်ရေးအခြေအနေနဲ့ စစ်ကောင်စီတပ်တွေအနေအထား

ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ နွားမတောင်တကြောမှာ ကာကွယ်ရေးအဖွဲ့ တွေကော စစ်တပ်ကပါ နေရာဖြန့်ပြီး ယူထားပေမဲ့ ဒါဟာ စစ်တပ်အတွက်တော့ တဒင်္ဂနေရာယူထားတာသာဖြစ်ခဲ့ပါတယ်။ မုန်းတလျှောက်နဲ့ မင်းဘူးခရိုင်- ဂန့်ဂေါခရိုင်နဲ့ ချင်းပြည်နယ် အစပ်ကို ပတ်ချာလည် ဝန်းရံ ပြီး ကာမယ်လို့ ထင်ထားခဲ့ပေမဲ့ အင်အားမရှိတဲ့ စစ်တပ်ဟာ တစ်ပတ်သာ တောင့်ခံပြီး ပြန်ဆုတ်သွားခဲ့ပါတယ် ကျော်ရဲစံ မကွေးတိုင်းမှာ ခရိုင် ငါးခုနဲ့ မြို့နယ် ၂၅ မြို့နယ် ရှိပါတယ်။ မင်းဘူးခရိုင်၊ မကွေးခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်နဲ့ သရက်ခရိုင်တို့ မှာ မြို့နယ်ပေါင်း ၂၅ မြို့နယ်ကို နယ်မြေဒေသအခြေခံပြီး အချိုးကျ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။ ဒီခရိုင်တွေမှာ အရေးကြီးတဲ့ အချက်ကစစ်တပ်က…
Read More
ပခုက္ကူဦးအုန်းဖေပြောသည့် “လှေခွက်ချည်းကျန် အလံမလှဲ”

ပခုက္ကူဦးအုန်းဖေပြောသည့် “လှေခွက်ချည်းကျန် အလံမလှဲ”

စစ်တပ်အတွင်း ခံစစ်အမျိုးမျိုးပြုလုပ်ထားကြရန်၊ ၎င်းတို့တပ်သားများသာမက မှီခိုသူများပါ လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များအားလိုက်နာပြီး ဇာတ်တိုက်လေ့ကျင့်ကြရန် အမိန့်ပေးထားသည်" ငတွန် "လှေခွက်ချည်းကျန် အလံမလှဲ" အားလုံးနှင့် ရင်းနှီးသည့် ဗမာစကားပုံ တစ်ခုဖြစ်ပါလိမ့်မည်။ ထိုစကားပုံကိုကြားသည်နှင့် အနက်အဓိပ္ပါယ်ကိုလည်း တန်းသိကြပါလိမ့်မည်။ မိမိတို့ဘက်မှရှုံးနိမ့်နေပြီး  လှေပေါ်၌ တိုက်ခိုက်နိုင်သည့် စစ်သည်များမကျန်တော့သော်ငြား အလံကိုမလှဲဘဲ အဆုံးထိတိုက်ပွဲဝင်ကြဆိုသည့် အဓိပ္ပါယ်မျိုးဖြစ်သည်။ ဇွဲရှိကြရန်တိုက်တွန်းထားခြင်းဖြစ်သည်။ သို့သော် အခြားအနက်အဓိပ္ပါတစ်ခုရှိပါသေးသည်။ စာပေချစ်မြတ်နိုးသူတစ်ယောက် စုစည်းထားသည့် စာစုတစ်ခု၌ မောင်မြေနီ (တမာတော) ၏ ဆောင်းပါးကို ကိုးကား၍ "လှေခွက်ချည်းကျန် အလံမလှဲ" ၏ အနက်တစ်မျိုးကို ဖော်ပြဖူးသည်။ ထိုဆောင်းပါး၌ ဦးသုခနှင့် ပခုက္ကူဦးအုန်းဖေတို့ တွေ့ဆုံချိန် ဦးအုန်းဖေက ထိုစကားပုံ၏ အနက်ကို ဦးသုခအား မေးမြန်းခဲ့သည်ဟု…
Read More
စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများ ဘယ်တော့ရပ်မလဲ

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများ ဘယ်တော့ရပ်မလဲ

လက်ရှိမြန်မာနိုင်ငံတွင် လူတစ်ဦးချင်းစီ၏ မွေးရာပါ လူ့အခွင့်အရေးနှင့် အသက်ရှင် သန်ခြင်းဆိုင်ရာ လူ့အခွင့်အရေးများ ဆိုးရွားစွာ ပျက်သုဉ်းလျှက်ရှိပါသည်။ စစ်ကောင်စီ၏ လူထုအပေါ် ဖမ်းဆီးညှင်းပမ်းနှိပ်စက်သတ်ဖြတ်မှုနှင့် အခြားသော ရာဇဝတ်မှုကျူးလွန် နေခြင်းများကို လျင်မြန်စွာ အမြစ်ပြတ်ချေမှုန်းပစ်မှသာလျှင် အေးချမ်းသွားမည် ဖြစ်ပါသည် လင်းယုန် ၁၉၄၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း၏ အပိုဒ် (၃) တွင်လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။ အပိုဒ်(၅) တွင် သူကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း (သို့တည်းမဟုတ်) ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသောဆက်ဆံမှုမပြုရ (သို့မဟုတ်)အပြစ်ဒဏ်ပေးခြင်းမပြုရ။ အပိုဒ်(၂၁)တွင် လူတိုင်းတွင်မိမိနိုင်ငံ၏အုပ်ချုပ်ရေး၌ ကိုယ်တိုင်လွတ်လပ်စွာရွေးချယ်ဆောင်ရွက်နိုင်ခွင့် ရှိသည်။ “ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ်အာဏာ၏ အခြေခံဖြစ်ရမည်” ဟု ဖော်ပြထားပါသည်။ လူ့အခွင့်အရေးဆိုသည်မှာ လူသားတိုင်းပိုင်ဆိုင်သည့်ရပိုင်ခွင့်ဖြစ်သည်။ လူ့အခွင့်…
Read More