Tag: အမေရိကန်

  • အကြမ်းဖက်စစ်အုပ်စုကိုအရေးယူဆောင်ရွက်ရန် အမေရိကန်က မေ့လျော့မနေဟု NUG လူ့အခွင့်အရေးဝန်ကြီးပြော

    အကြမ်းဖက်စစ်အုပ်စုကိုအရေးယူဆောင်ရွက်ရန် အမေရိကန်က မေ့လျော့မနေဟု NUG လူ့အခွင့်အရေးဝန်ကြီးပြော

    RNA_ဇူလိုင်(၂၅)၊၂၀၂၅ခုနှစ်။

    အမေရိကန် အစိုးရအပြောင်းလဲဖြစ်ပြီးနောက် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အာစုံရိုက်မှုများ လျော့ကျလာခဲ့ပေမဲ့ BRAVE Burma Act၊ Burma GAP Act၊ No New Burma Funds Act စသည့် ဥပဒေကြမ်းများ အတည်ပြုလိုက်သည့်အတွက် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အကြမ်းဖက်စစ်အုပ်စုကို အရေးယူဆောင်ရွက်ရန် အမေရိကန်လွှတ်တော်က မေ့လျော့မနေဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

    မြန်မာနိုင်ငံနှင့်ပတ်သက်သည့် မြန်မာစစ်ကောင်စီကို အရေးယူမည့် မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့ အရေးယူမည့် BRAVE Burma Act (H.R.3190) ဥပဒေကြမ်း၊ မြန်မာနိုင်ငံအတွင်း လူမျိုးတုန်းသတ်ဖြတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် မြန်မာစစ်တပ်ကို ဒဏ်ခတ်မည့် Burma Genocide Accountability and Protection Act (Burma GAP Act- H.R.4140) ဥပဒေကြမ်း၊ ဘဏ္ဍာရန်ပုံငွေ မရောက်ရှိရေး No New Burma Funds Act (H.R.4423) ဥပဒေကြမ်းတို့ကို အမေရိကန်အောက်လွှတ်တော်ကော် ရေးရာကော်မတီများက ဇူလိုင် ၂၂ ရက်နေ့က အတည်ပြုလိုက်သည်။

    (more…)

  • ငလျင်ကြောင့် သေဆုံးသူ တစ်သောင်းမှတစ်သိန်းကြားရှိနိုင်ဟု အမေရိကန်ခန့်မှန်း

    ငလျင်ကြောင့် သေဆုံးသူ တစ်သောင်းမှတစ်သိန်းကြားရှိနိုင်ဟု အမေရိကန်ခန့်မှန်း

    RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။

    မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင်အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်း ငလျင် (Major Earthquake) လှုပ်ခတ်ခဲ့သည့်အတွက် အမေရိကန်အစိုးရ ဘူမိဗေဒ စစ်တမ်း (USGS) ထုတ်ပြန်ချက်အရ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ကြားရှိနိုင်သည်ဟု သိရသည်။

    အဆိုပါ ငလျင်သည် မြေအောက်အနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ဇောက်တိမ်အမျိုးအစား ငလျင်ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့တွင် သက်ရောက်မှုများ ရှိခဲ့ကြောင်း၊ ပထမကြိမ်ငလျင်လှုပ်ခတ်ပြီး ၁၂ မိနစ်ခန့်အကြာ စစ်ကိုင်းမြို့၏ တောင်ဖက် ၁၈ ကီလိုမီတာခန့်အကွာ အင်းဝဒေသ၊ တံတားဦးလေဆိပ်အနီးတွင် ဗဟိုပြု၍ အင်အား ၆.၄ ဖြင့် အသင့်အတင့် အင်အားပြင်းသည့် ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါသည်ဟု NUG က ထုတ်ပြန်ထားသည်။

    (more…)

  • ယနေ့ အတွက် Red News သတင်းများ

    ယနေ့ အတွက် Red News သတင်းများ

    ပွင့်ဖြူမြို့နယ်က တိုက်ပွဲ၊ ကျားဖြန့် ကိစ္စ၊ လွတ်မြောက်နယ်မြေရရှိရေးကိစ္စ၊ ယူကရိန်း ရုရှား စစ်ပွဲ ကိစ္စများကို တင်ဆက်ပေးထားသည်။

    Red News Agency

  • ရေကြီးမှုများနှင့် ထိခိုက်ပျက်စီးမှုများအတွက် အမေရိကန် ကူညီမည်

    ရေကြီးမှုများနှင့် ထိခိုက်ပျက်စီးမှုများအတွက် အမေရိကန် ကူညီမည်

    RNA_စက်တင်ဘာ(၁၈)၊၂၀၂၄ ခုနှစ်။

    မြန်မာနိုင်ငံမှ တိုင်ဖွန်းယာဂီအတွင်း ပြင်းထန်သော ရေကြီးမှုနှင့် ထိခိုက်ပျက်စီးမှုများအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် ဆက်လက်ပေးအပ်နိုင်ရန် အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးက ထုတ်ပြန်ထားသည်။

    နိုင်ငံတကာအသိုက်အဝန်းမှ ပံ့ပိုးကူညီသည့် လူသားချင်းစာနာမှုအကူအညီများအပါအဝင် သန့်ရှင်းသောရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအထောက်အကူပြုပစ္စည်းများနှင့် အခြား အရေးပါသည့်ကယ်ဆယ်ရေးပစ္စည်းများကို အကူအညီအလိုအပ်ဆုံးဖြစ်သည့် အသိုက်အဝန်းများဆီသို့ ပေးပို့ရာတွင် ချောမွေ့မှုရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများကိုလည်း တောင်းဆိုထားသည်။

    #RedNewsAgency #RNA

  • ဟားမတ်စ်အဖွဲ့၏ ဖမ်းဆီးခံရသည့် အမေရိကန်နိုင်ငံသားဆယ်ကျော်သက်နှင့်သူမ၏ မိခင်တို့ ပြန်လည်လွတ်မြောက်

    ဟားမတ်စ်အဖွဲ့၏ ဖမ်းဆီးခံရသည့် အမေရိကန်နိုင်ငံသားဆယ်ကျော်သက်နှင့်သူမ၏ မိခင်တို့ ပြန်လည်လွတ်မြောက်

    မောင်လူအေး(လှည်းတန်း)/ RNA_အောက်တိုဘာ(၂၁)၊၂၀၂၃ ခုနှစ်။

    ဟားမတ်စ် စစ်သွေးကြွအဖွဲ့က ဖမ်းဆီးသွားသည့် အမေရိကန်နိုင်ငံသား ဆယ်ကျော်သက် Natalie Raanan နှင့် မိခင်ဖြစ်သူ Judith Raanan တို့ ဖမ်းဆီးခံရပြီးနောက် နှစ်ပတ်အကြာ သောကြာနေ့က ပြန်လွတ်လာပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ချီကာကိုမြို့မှာ နေထိုင်သည့် ဖခင်ဖြစ်သူ Uri Raanan ပြောသည်။

    “သူမနေကာင်းပါတယ်၊ သူမကောင်းကောင်း ကျန်းမာပါတယ်၊ သူမနဲ့ဖုန်းပြောရပါတယ်” လို့ Natalie Raanan ၏ ဖခင်ဖြစ်သူက ပြောကြားထားသည်။

    လွတ်မြောက်လာတဲ့ Natalie Raanan နှင့် မိခင်ဖြစ်သူ Judith Raanan တို့သည် မိသားစုနှင့် ပြန်လည်တွေ့ဆုံရန် အစ္စရေးအလယ်ပိုင်းရှိ စစ်တပ်အခြေစိုက်စခန်းကို ထွက်ခွာလာပြီဟု အစ္စရေးဝန်ကြီချုပ် Benjamin Netanyahu ရုံးက လူမှုကွန်ရက် X မှာ အတည်ပြုပြောဆိုထားသည်။

    (more…)

  • အစ္စရေးနှင့် ယူကရိန်းတို့ကို ‌ဒေါ်လာဘီလီယံများစွာ စစ်ရေးအကူညီများပေးမည်ဟု အမေရိကန်သမ္မတ Joe Biden ပြောကြား

    အစ္စရေးနှင့် ယူကရိန်းတို့ကို ‌ဒေါ်လာဘီလီယံများစွာ စစ်ရေးအကူညီများပေးမည်ဟု အမေရိကန်သမ္မတ Joe Biden ပြောကြား

    RNA_အောက်တိုဘာ(၂၀)၊၂၀၂၃ခုနှစ်။

    စစ်မက်ဖြစ်ပွားနေသည့ အစ္စရေးနှင့် ယူကရိန်းစစ်ပွဲတို့အတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ စစ်ရေးအကူအညီများကို ပေးမည်ဟု အမေရိကန် သမ္မတ Joe Bidenက အိမ်ဖြူတော်ဘဲဥပုံရုံးခန်းကနေ ယမန်နေ့က အမေရိကန်လူထုကို နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် တိုက်ရိုက်‌ထည့်သွင်း ပြောကြားခဲ့သည်။

    အမေရိကန်များ၏ ခေါင်းဆောင်မှုနှင့်အတူ ကမ္ဘာကြီးကို အတူတကွ ထိန်းသိမ်းကြမည်ဖြစ်ကြောင်း၊ ယခုဖြစ်ပွားနေသည့် ပဋိပက္ခများဝေးနေသေးတယ်လို့ ထင်ရကြောင်း၊ အမေရိကန်များအတွက် အမျိုးသားလုံခြုံရေးသည် တကယ်ကို မရှိမဖြစ်လိုအပ်ကြောင်း၊ အစ္စရေးနှင့်ယူကရိန်း နှစ်နိုင်ငံအတွက် စစ်ရေးအကူညီတွေပေးဖို့အတွက် ကွန်ဂရက်လွှတ်တော်ကို ဘီလီယံပေါင်းများစွာ တောင်းခံထားသည်ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။

    (more…)

  • စစ်အာဏာရှင်အနေဖြင့် ဖမ်းဆီးထားသူများ ပြန်လွှတ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ထပ်မံတောင်းဆို

    စစ်အာဏာရှင်အနေဖြင့် ဖမ်းဆီးထားသူများ ပြန်လွှတ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ထပ်မံတောင်းဆို

    RNA_ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်အာဏာရှင်က မတရားဖမ်းဆီး ထိန်းသိမ်းထားသူများအားလုံး လွှတ်ပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်သွားရန် ထပ်မံတောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ​ ဂျေ ဘလင်ကန်က ယနေ့ ပေးပို့သော ၇၄ နှစ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ ဆုတောင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။

    ” စစ်အာဏာရှင်၏ ကြောက်မက်ဖွယ်ရာနှိပ်စက်ကလူပြုမှုများကို ခံစားနေရသည့်တိုင် ပိုမိုကောင်းမွန်သောအနာ ဂတ်တစ်ခုအတွက်မျှော်လင့်ချက်ကို မစွန့်လွှတ်ကြသည့် မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင် စု၏ သန္နိဋ္ဌာန်မှာ ပြောင်းလဲမသွားပါ။ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ မတရားထိန်းသိမ်းထားသူများအားလုံးကို လွှတ်ပေးရန်နှင့် စစ်မှန်ပြီး အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရန် စစ်အာဏာရှင်ကို မိမိတို့ ထပ်မံတောင်းဆိုပါသည်” ဟူ၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ဆုတောင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။

    ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သောမြန်မာ နိုင်ငံ၏ လွတ်လပ်ရေးနေ့အခါသမယအတွက် မြန်မာ ပြည်သူများထံသို့ အမေရိကန်ပြည်ထောင်စုကိုယ်စား လွတ်လပ်ရေးနေ့ဆုတောင်းသဝဏ်လွှာပို့သအပ်ကြောင်းနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကိုလေးစာလိုက်နာရေးနှင့် မိမိတို့နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းအား ထုတ်နေကြသည့် မြန်မာပြည်သူလူထုကြီးကို မိမိတို့ဂုဏ်ပြုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ​ ဂျေ ဘလင်ကန်၏ဆုတောင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။

    Red News Agency