အမေရိကန်

အိန္ဒိယကျားဖြန့်များက အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်မှုများ ပိုမိုလုပ်ဆောင်လာ

အိန္ဒိယကျားဖြန့်များက အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်မှုများ ပိုမိုလုပ်ဆောင်လာ

RNA_အောက်တိုဘာ(၁၆)၊၂၀၂၆ခုနှစ်။ အိန္ဒိယနိုင်ငံအခြေစိုက် အွန်လိုင်းငွေကြေးလိမ်လည်မှုကွန်ရက် (ကျားဖြန့်) ကြောင့် အမေရိကန်နိုင်ငံသားများ ဒေါ်လာသန်း (၅၀) ကျော် ဆုံးရှုံးခဲ့ရပြီးနောက် ဒေသ (၂) ခုရှိ ကျားဖြန့်စင်တာများကို ဝင်ရောက်စီးနင်ခဲ့ကြောင်း အမေရိကန်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ၏ ဖော်ပြချက်ကို ကိုးကားပြီး The Diplomat သတင်းဌာနက အောက်တိုဘာ (၆) ရက်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၁၅) ရက်က အိန္ဒိယ၏ ဒုတိယအကြီးဆုံးမြို့ ပွန်နေ (Pune) နှင့် ပတိအာလာ (Patiala) ရှိ Call Center (၃) နေရာကို အိန္ဒိယရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကျားဖြန့်လုပ်ကိုင်နေသူ (၂၂၀) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း…
Read More
စစ်အုပ်စုကို နေရာမပေးဘဲ ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂ၌ ဆက်လက်ထားရှိရန် အမေရိကန်လွှတ်တော်အမတ် (၆) ဦး တိုက်တွန်း

စစ်အုပ်စုကို နေရာမပေးဘဲ ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂ၌ ဆက်လက်ထားရှိရန် အမေရိကန်လွှတ်တော်အမတ် (၆) ဦး တိုက်တွန်း

RNA_အောက်တိုဘာ(၁၅)၊၂၀၂၆ခုနှစ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန် အမေရိကန်လွှတ်တော်အမတ် (၆) ဦးက ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြိး မိုက်ဝေါ့ဇ် (Mike Waltz) ထံ အောက်တိုဘာ (၁၄) ရက်က စာရေးသားပေးပို့ တိုက်တွန်းထားသည်။ ကုလသမဂ္ဂ၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်နိုင်ရန် စစ်အုပ်စုက ကြိုးပမ်းလာမှုအား အသိအမှတ်မပြုရန် အမေရိကန်လွှတ်တော်အမတ် (၆) ဦးက တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း ကုလသမဂ္ဂ အရည်အချင်းစိစစ်ရေးကော်မတီက မြန်မာ့ကိုယ်စားလှယ် ခန့်အပ်မှုနှင့်ပတ်သက်၍ ရွှေ့ဆိုင်းထားမှုအား လက်ရှိအတိုင်း ဆက်လက်ထားရှိရန် တောင်းဆိုထားခြင်း ဖြစ်သည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂ၌ ဆက်လက်ထားရှိရန် ပူးတွဲလက်မှတ်ရေးထိုး တောင်းဆိုခဲ့သူများသည် အမေရိကန်လွှတ်တော်၏ မြန်မာ့ရေးရာအဖွဲ့ (Congressional…
Read More
မြန်မာ့အရေး၌ သက်ဆိုင်သူများနှင့် ထိတွေ့ခြင်းဖြင့်သာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု အမေရိကန် ပြော

မြန်မာ့အရေး၌ သက်ဆိုင်သူများနှင့် ထိတွေ့ခြင်းဖြင့်သာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု အမေရိကန် ပြော

RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။ မြန်မာ့ပဋိပက္ခအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာ၌ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့်သာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့မဟုတ်ပါက ဖြေရှင်းရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tommy Pigott ၏ ပြောကြားမှုကို ရိုက်တာသတင်းဌာနက အောက်တိုဘာ (၈) ရက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးကိစ္စများအပါအဝင် အမေရိကန်နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် အွန်လိုင်ငွေးကြေးလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို ဖြေရှင်းရာ၌ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားထားသည်။ အမေရိကန်နိုင်ံခြားရေးဝန်ကြီးဌာနမှ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့် (Michael Vance) အပါအဝင် ထိပ်တန်းတာဝန်ရှိသူအချို့ မြန်မာစစ်အုပ်စုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများရှိနေကြောင်း…
Read More
အီရတ်မှ အမေရိကန်တပ်များ အပြီးတိုင်ရုပ်သိမ်း

အီရတ်မှ အမေရိကန်တပ်များ အပြီးတိုင်ရုပ်သိမ်း

RNA_စက်တင်ဘာ(၃၀)၊၂၀၂၆ခုနှစ်။ အီရတ်နိုင်ငံတွင်းရှိ အမေရိကန်တပ်ဖွဲ့များ အပြီးတိုင်ရုပ်သိမ်းကြောင်း အမေရိကန်စစ်တပ် တာဝန်ရှိသူများက ယနေ့ (စက်တင်ဘာ ၃၀ ရက်) တွင် ပြောကြားထားကြောင်း အေပီသတင်းဌာနက ဖော်ပြထားသည်။ စက်တင်ဘာကုန်၌ အမေရိကန်တပ်ဖွဲ့များ အပြီးတိုင်ရုပ်သိမ်းမှုသည် အီရတ်နိုင်ငံတွင်း ဆယ်စုနှစ် (၂) ခုကျော်ကြာ ရှိနေခဲ့သည့် ၎င်းတို့၏ စစ်ဆင်ရေးကို အဆုံးသတ်ခဲ့ခြင်းခဲ့ဖြစ်သည်။ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းမှုသည် ဘဂ္ဂဒက်နှင့် ဝါရှင်တန်ကြား ပြီးခဲ့သည့် (၂) နှစ်ကျော်ကတည်းက သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး ယင်းကာလအတွင်း အီရန်နှင့် အမေရိကန်ကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခသည် အီရတ်နိုင်ငံတွင်းသို့ ကူးစက်မှုများလည်း ရှိနေခဲ့သည်။ အီရန်စစ်တပ် ကျောထောက်နောက်ခံပြု ပြည်သူ့စစ်အဖွဲ့များကလည်း အီရတ်နိုင်ငံတွင်းရှိ အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်မှုများရှိနေပြီး အမေရိကန်ကလည်း ယင်းအဖွဲ့များ၏ အခြေစိုက်စခန်းများကို…
Read More
မြန်မာစစ်အုပ်စုက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၌ သိသိသာသာ ပျက်ကွက်နေဟု အမေရိကန်သတ်မှတ်

မြန်မာစစ်အုပ်စုက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၌ သိသိသာသာ ပျက်ကွက်နေဟု အမေရိကန်သတ်မှတ်

RNA_စက်တင်ဘာ(၁၇)၊၂၀၂၆ခုနှစ်။ မြန်မာစစ်အာဏာရှင်များက ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှု တိုက်ဖျက်ရေးတို့ကို လုပ်ဆောင်ရာမှာ သိသိသာသာ အားနည်းပျက်ကွက်နေခြင်းကြောင့် မြန်မာနိုင်ငံကို မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိသည့် နိုင်ငံများစာရင်းတွင် ထည့်သွင်းခဲ့ကြောင်း အိမ်ဖြူတော်က ယနေ့ (စက်တင်ဘာ ၁၇ ရက်) တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ထိပ်တန်းနိုင်ငံစာရင်းတွင်ရှိနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က သတ်မှတ်ထားချိန် အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာနှင့် မက္ကဆီကိုနိုင်ငံတို့နှင့်အတူ မူးယစ်ဆေးဝါး အများဆုံးထုတ်လုပ်ဖြန့်ချိရာ နိုင်ငံများထဲတွင် ပါဝင်နေကြောင်း ထုတ်ပြန်လာခြင်း ဖြစ်သည်။ အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့ည့် နိုင်ငံပေါင်း (၂၃) နိုင်ငံစာရင်းတွင် တရုတ်၊ အိန္ဒိယ၊…
Read More
အကြမ်းဖက်စစ်အုပ်စုကိုအရေးယူဆောင်ရွက်ရန် အမေရိကန်က မေ့လျော့မနေဟု NUG လူ့အခွင့်အရေးဝန်ကြီးပြော

အကြမ်းဖက်စစ်အုပ်စုကိုအရေးယူဆောင်ရွက်ရန် အမေရိကန်က မေ့လျော့မနေဟု NUG လူ့အခွင့်အရေးဝန်ကြီးပြော

RNA_ဇူလိုင်(၂၅)၊၂၀၂၅ခုနှစ်။ အမေရိကန် အစိုးရအပြောင်းလဲဖြစ်ပြီးနောက် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အာစုံရိုက်မှုများ လျော့ကျလာခဲ့ပေမဲ့ BRAVE Burma Act၊ Burma GAP Act၊ No New Burma Funds Act စသည့် ဥပဒေကြမ်းများ အတည်ပြုလိုက်သည့်အတွက် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အကြမ်းဖက်စစ်အုပ်စုကို အရေးယူဆောင်ရွက်ရန် အမေရိကန်လွှတ်တော်က မေ့လျော့မနေဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် မြန်မာစစ်ကောင်စီကို အရေးယူမည့် မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့ အရေးယူမည့် BRAVE Burma Act (H.R.3190) ဥပဒေကြမ်း၊ မြန်မာနိုင်ငံအတွင်း လူမျိုးတုန်းသတ်ဖြတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် မြန်မာစစ်တပ်ကို ဒဏ်ခတ်မည့်…
Read More
ငလျင်ကြောင့် သေဆုံးသူ တစ်သောင်းမှတစ်သိန်းကြားရှိနိုင်ဟု အမေရိကန်ခန့်မှန်း

ငလျင်ကြောင့် သေဆုံးသူ တစ်သောင်းမှတစ်သိန်းကြားရှိနိုင်ဟု အမေရိကန်ခန့်မှန်း

RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။ မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင်အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်း ငလျင် (Major Earthquake) လှုပ်ခတ်ခဲ့သည့်အတွက် အမေရိကန်အစိုးရ ဘူမိဗေဒ စစ်တမ်း (USGS) ထုတ်ပြန်ချက်အရ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ကြားရှိနိုင်သည်ဟု သိရသည်။ အဆိုပါ ငလျင်သည် မြေအောက်အနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ဇောက်တိမ်အမျိုးအစား ငလျင်ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့တွင်…
Read More
ယနေ့ အတွက် Red News သတင်းများ

ယနေ့ အတွက် Red News သတင်းများ

ပွင့်ဖြူမြို့နယ်က တိုက်ပွဲ၊ ကျားဖြန့် ကိစ္စ၊ လွတ်မြောက်နယ်မြေရရှိရေးကိစ္စ၊ ယူကရိန်း ရုရှား စစ်ပွဲ ကိစ္စများကို တင်ဆက်ပေးထားသည်။ Red News Agency
Read More
ရေကြီးမှုများနှင့် ထိခိုက်ပျက်စီးမှုများအတွက် အမေရိကန် ကူညီမည်

ရေကြီးမှုများနှင့် ထိခိုက်ပျက်စီးမှုများအတွက် အမေရိကန် ကူညီမည်

RNA_စက်တင်ဘာ(၁၈)၊၂၀၂၄ ခုနှစ်။ မြန်မာနိုင်ငံမှ တိုင်ဖွန်းယာဂီအတွင်း ပြင်းထန်သော ရေကြီးမှုနှင့် ထိခိုက်ပျက်စီးမှုများအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် ဆက်လက်ပေးအပ်နိုင်ရန် အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးက ထုတ်ပြန်ထားသည်။ နိုင်ငံတကာအသိုက်အဝန်းမှ ပံ့ပိုးကူညီသည့် လူသားချင်းစာနာမှုအကူအညီများအပါအဝင် သန့်ရှင်းသောရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအထောက်အကူပြုပစ္စည်းများနှင့် အခြား အရေးပါသည့်ကယ်ဆယ်ရေးပစ္စည်းများကို အကူအညီအလိုအပ်ဆုံးဖြစ်သည့် အသိုက်အဝန်းများဆီသို့ ပေးပို့ရာတွင် ချောမွေ့မှုရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများကိုလည်း တောင်းဆိုထားသည်။ #RedNewsAgency #RNA
Read More
ဟားမတ်စ်အဖွဲ့၏ ဖမ်းဆီးခံရသည့် အမေရိကန်နိုင်ငံသားဆယ်ကျော်သက်နှင့်သူမ၏ မိခင်တို့ ပြန်လည်လွတ်မြောက်

ဟားမတ်စ်အဖွဲ့၏ ဖမ်းဆီးခံရသည့် အမေရိကန်နိုင်ငံသားဆယ်ကျော်သက်နှင့်သူမ၏ မိခင်တို့ ပြန်လည်လွတ်မြောက်

မောင်လူအေး(လှည်းတန်း)/ RNA_အောက်တိုဘာ(၂၁)၊၂၀၂၃ ခုနှစ်။ ဟားမတ်စ် စစ်သွေးကြွအဖွဲ့က ဖမ်းဆီးသွားသည့် အမေရိကန်နိုင်ငံသား ဆယ်ကျော်သက် Natalie Raanan နှင့် မိခင်ဖြစ်သူ Judith Raanan တို့ ဖမ်းဆီးခံရပြီးနောက် နှစ်ပတ်အကြာ သောကြာနေ့က ပြန်လွတ်လာပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ချီကာကိုမြို့မှာ နေထိုင်သည့် ဖခင်ဖြစ်သူ Uri Raanan ပြောသည်။ "သူမနေကာင်းပါတယ်၊ သူမကောင်းကောင်း ကျန်းမာပါတယ်၊ သူမနဲ့ဖုန်းပြောရပါတယ်" လို့ Natalie Raanan ၏ ဖခင်ဖြစ်သူက ပြောကြားထားသည်။ လွတ်မြောက်လာတဲ့ Natalie Raanan နှင့် မိခင်ဖြစ်သူ Judith Raanan တို့သည် မိသားစုနှင့် ပြန်လည်တွေ့ဆုံရန် အစ္စရေးအလယ်ပိုင်းရှိ စစ်တပ်အခြေစိုက်စခန်းကို ထွက်ခွာလာပြီဟု အစ္စရေးဝန်ကြီချုပ်…
Read More