အစ္စရေးနှင့် ယူကရိန်းတို့ကို ‌ဒေါ်လာဘီလီယံများစွာ စစ်ရေးအကူညီများပေးမည်ဟု အမေရိကန်သမ္မတ Joe Biden ပြောကြား

RNA_အောက်တိုဘာ(၂၀)၊၂၀၂၃ခုနှစ်။

စစ်မက်ဖြစ်ပွားနေသည့ အစ္စရေးနှင့် ယူကရိန်းစစ်ပွဲတို့အတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ စစ်ရေးအကူအညီများကို ပေးမည်ဟု အမေရိကန် သမ္မတ Joe Bidenက အိမ်ဖြူတော်ဘဲဥပုံရုံးခန်းကနေ ယမန်နေ့က အမေရိကန်လူထုကို နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် တိုက်ရိုက်‌ထည့်သွင်း ပြောကြားခဲ့သည်။

အမေရိကန်များ၏ ခေါင်းဆောင်မှုနှင့်အတူ ကမ္ဘာကြီးကို အတူတကွ ထိန်းသိမ်းကြမည်ဖြစ်ကြောင်း၊ ယခုဖြစ်ပွားနေသည့် ပဋိပက္ခများဝေးနေသေးတယ်လို့ ထင်ရကြောင်း၊ အမေရိကန်များအတွက် အမျိုးသားလုံခြုံရေးသည် တကယ်ကို မရှိမဖြစ်လိုအပ်ကြောင်း၊ အစ္စရေးနှင့်ယူကရိန်း နှစ်နိုင်ငံအတွက် စစ်ရေးအကူညီတွေပေးဖို့အတွက် ကွန်ဂရက်လွှတ်တော်ကို ဘီလီယံပေါင်းများစွာ တောင်းခံထားသည်ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။


အမေရိကန်မှာ ဘတ်ဂျက်ခွဲဝေရေးတွေနှင့် ပတ်သက်ပြီး နိုင်ငံရေးအရ တိုက်ခိုက်ခံနေရချိန်မှာ Biden၏ မိန့်ခွန်းသည် နိုင်ငံရပ်ခြားရှိ အမေရိကန်များ၏ တာ၀န်တွေအပေါ် ကျယ်ပြန့်သည့အမြင်များကို ထင်ဟပ်စေကြောင်း၊ လာမည့် သောကြာနေ့မှာ ၁၀၅ ဘီလီလံ တောင်းခံဖို့ မျှော်လင့်ထားပြီး၊ ယူကရိန်းနိုင်င်ငံအတွက် ၆၀ ဘီလီယံ၊ ယခင်ထောက်ပံ့ပေးထားသည့ အမေရိကန်လက်နက်တွေအတွက် ဖြည့်ဆည်းပေးမှာဖြစ်ကြောင်း သိရသည်။

ယူကရိန်း တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်

အစ္စရေးအတွက် ၁၄ ဘီလီယံ၊ လူသားချင်းစာနာမှုအကူညီများအတွက် ၁၀ ဘီလီလံ ၊ အမေရိကန်-မက္ကဆီကို နယ်စပ် လူကုန်ကူးတာတွေကို တားဆီးဖို့အတွက် ၁၄ ဘီလီယံ၊ အင်ဒို-ပစိဖိတ်ဒေသနှင့် ထိုင်ဝမ် ဒေသတွေအတွက် ၇ ဘီလီယံ တောင်းခံထားသည်ဟု သိရသည်။

ယခုကူညီထောက်ပံ့မှုများသည် မျိုးဆက်သစ်များအတွက် အမေရိကန််််််များ၏ လုံခြုံမှုများအတွက် တကယ်ကို စမတ်ကျသည့် ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်သည်ဟု အမေရိကန် သမ္မတ Joe Bidenက ထည့်သွင်းပြောကြားထားသည်။

အစ္စရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်

ယခုလို အ‌ကြောင်းအရာကိစ္စရပ်များကို ဥပဒေတစ်ခုအဖြစ် ပေါင်းစပ်ပြီး လွှတ်တော်အတည်ပြုချက်ရယူဖို့အတွက် လိုအပ်သည့် ညွန့်ပေါင်းဖွဲ့စည်းမှုတွေ လုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းဒေသကို ဟားမတ်စ်စစ်သွေးကြွများ၏ တိုက်ခိုက်မှုအပြီးမှာ မဟာမိတ်ဖြစ်တဲ့ အစ္စရေးနှင့်အတူ စည်းလုံးညီညွတ်စွာနှင့် ရပ်တည်သည်ဆိုတာ အစ္စရေးကို သွားရောက်ခဲ့သည့် ခရီးစဉ်မှာ ပြောကြားခဲ့ပြီး၊ ပါလက်စတိုင်းတွေကို လူသားချင်းစာနာမှုအကူညီတွေ တိုးမြင့်ပေးဖို့ကိုလည်း တိုက်တွန်းပြောဆိုခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး မြေပြင်ထိုးစစ် စတင်ဆင်နွဲဖို့ ပြင်ဆင်နေချိန်မှာ အစ္စရေးနိုင်ငံကို တစ်ရက်သာ အမေရိကန် သမ္မတ Joe Biden သွားရောက်ခဲ့ကြောင်း၊ စစ်ပွဲပဋိပက္ခတွေကြောင့် အရပ်သားသေဆုံးမှုတွေ တိုးမြှင့်လာနေပြီး၊သေဆုံးသွားခဲ့ရသည့ ပါလက်စတိုင်းများအတွက်လည်း ဝမ်းနည်းကြေကွဲရပါသည်ဟု ပြောကြားထားသည်။

Ref : AP

#RedNewsAgency

By Editor