စစ်ဦးစီးချုပ်ဗိုလ်ချုပ်ခိုင်စိုးမြ အပါအဝင် (၃) ဦးကို AA လုပ်ကြံသတ်ဖြတ်ဟု ALP ထုတ်ပြန်

RNA_ဇန်နဝါရီ (၅)၊၂၀၂၃ ခုနှစ်။
 
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် – Arakan Liberation Army ( ALP) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ကို ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)မှ အကြမ်းဖက် လုပ်ကြံခဲ့သည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ က ယနေ့ ထုတ်ပြန်ထားသည်။
 
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ဇန်နဝါရီလ (၄) ရက်နေ့က ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ ကားဖြင့်သွားလာနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြင့် ကွယ်လွန်သွားခဲ့သည်။

၁၉၈၄ ခုနှစ်မစပြီး နှစ်ပေါင်း (၄၀) ခန့် ALP တွင် တာဝန်ထမ်းဆောင်ခဲ့သည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြသည် မဟာမိတ်ကရင်ပြည်နယ်နှင့် အနောက်ဖက်စစ်ဒေသ ရခိုင်ပြည်နယ်တို့တွင် တာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့ကြောင်း၊ ALP သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် NCA ကိုအကြောင်းပြုကာ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်နှင့် အဆင်ပြေပြီး တွေ့ဆုံမှုများ ပြုလုပ်လျက်ရှိသည်။
 
ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ကို ULA/AA က အကြမ်း ဖက်သတ်ဖြတ်ခဲ့သည်ဟု ALP က ထုတ်ပြန်ထားသော်လည်း ULA/AA က ယင်းကိစ္စနှင့် ပတ်သက်ပြီး တစုံတရာ​ ပြောကြားထားခြင်းမရှိသေးကြောင်း၊ ရခိုင်ပြည်နယ်တွင် ULA/AA နှင့် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်တို့ ယာယီအပစ်ရပ်ထားပြီး ULA/AA က ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးများကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိသရသည်။
 
Red News Agency
By Editor