Tag: ကြာအင်းဆိပ်ကြီး

  • ရဲစခန်းစီးနင်းသည့်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ဒိုကြီး ဈာပန

    ရဲစခန်းစီးနင်းသည့်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ဒိုကြီး ဈာပန

    RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၃ ခုနှစ်။

    ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ နယ်မြေရဲစခန်း စီးနင်းတိုက်ခိုက်သည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် နဂါးနီစစ်ကြောင်းမှ ရဲဘော် စိုးမိုးကျော်(ခ) ဒိုကြီး ဈာပနကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း Red Dragon Column – နဂါးနီစစ်ကြောင်း မှ ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=hWlidL2TYik[/embedyt]

    ဘုရားသုံးဆူမြို့ ရှိ နယ်မြေခံရဲစခန်းကို နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့မှ ဖေဖော်ဝါရီလ (၂၅) ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁၁) ဦးခန့်ကျဆုံးပြီး နဂါးနီစစ်ကြောင်းမှ ရဲဘော် ဒိုကြီီးကျဆုံးခဲ့ရခြင်းဖြစ်သည်။

    Red News Agency

  • ဘုရားသုံးဆူရဲစခန်း စီးနင်းမှုတွင် စစ်ကောင်စီဘက်မှ (၁၁) ဦးသေ၊ PDF ရဲဘော် (၁) ဦးကျဆုံး

    ဘုရားသုံးဆူရဲစခန်း စီးနင်းမှုတွင် စစ်ကောင်စီဘက်မှ (၁၁) ဦးသေ၊ PDF ရဲဘော် (၁) ဦးကျဆုံး

    RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၃ ခုနှစ်။

    ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ယနေ့ နံနက် (၆) နာရီမှ (၈) နာရီထိ (၂) ရီကြာတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၁) ဦးသေဆုံးပြီး၊ ပြည်သူ့ကာကွယ်ရေးဘက်မှ ရဲဘော်(၁) ဦး ကျဆုံးခဲ့သည်။

    ” တိုက်ပွဲအတွင်း ရဲစခန်းနှင့် စစ်ကောင်စီတပ်များဘက်မှရန်သူ့အင်အား (၁၁)ဦး ကျဆုံးကြောင်းသိရှိရပြီး မိမိတို့ဘက်မှ ရဲဘော်တစ်ဦး နိုင်ငံ့အတွက် အသက်ပေးလှူသွားခဲ့ကြောင်း စစ်မြေပြင်သတင်းအတည်ပြုချက်အရ သိရှိရပါသည်” ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=DKs9Pk33MFs[/embedyt]

    (more…)

  • နဂါးနီစစ်ကြောင်းနှင့်ဘုရားသုံးဆူလူထု ပူးပေါင်းဆန္ဒပြ

    နဂါးနီစစ်ကြောင်းနှင့်ဘုရားသုံးဆူလူထု ပူးပေါင်းဆန္ဒပြ

    RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) လက်အောက်ခံ နဂါးနီစစ်ကြောင်း နှင့်ဘုရားသုံးဆူမြို့လူထုသပိတ်တို့ ပူးပေါင်းကာ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

    (more…)

  • မဟာမိတ်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၉၀) ကျော်သေဆုံး

    မဟာမိတ်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၉၀) ကျော်သေဆုံး

    RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။
     
    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးဒေသနှင့် ကော့ကရိတ်ဒေသတလျှောက် စစ်ကောင်စီတပ်နှင့် K.T.L.A (Lion Battalion Commando-ဗျူဟာစစ်ကြောင်း )၊ S.O.F၊ ပူးပေါင်းမဟာမိတ်အဖွဲ့များ (၆) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ စခန်း (၂) ခုကျပြီး (၉၀) ကျော်သေဆုံးခဲ့သည်ဟု K.T.L.A – Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

    (more…)

  • ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်စခန်း စီးနင်းတိုက်ခိုက်ခံရ

    ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်စခန်း စီးနင်းတိုက်ခိုက်ခံရ

    RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။

    ကိုလိုနီ ကျွန်ဘဝမှ လွတ်လပ်ရေး ရခဲ့သော်လည်း စစ်ကျွန်ဘဝမှ စစ်အာဏာရှင်လက်အောက်မှ လွတ်လပ်ရေးမရသေးသည့်အတွက် လက်နက်ကိုင်တိုက်ခိုက်နေသည့် တော်လှန်ရေး ရဲဘော်များ၊ မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီတပ် တပ်ရင်းဝင်စီးခံရပြီး မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။

    စစ်ကောင်စီတပ်သည် ကြာအင်းဆိပ်ကြီး အထိုင်ချ တပ်စခန်းတချို့ ကျဆုံးမှု ရှိနေသည့်အတွက် စစ်ကောင်စီတပ်လေကြောင်းမှ တိုက်ခိုက်နေကြောင်း၊ ယခုအချိန်ထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အသေအဆုံးများရှိသလို အရှင်ဖမ်းခံရသူများရှိကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=YVoZpvMa8Oo[/embedyt]

    “ ဒီနေ့က လွတ်လပ်ရေးနေ့လို့သာပြောကြတာ တကယ်မလွတ်လပ်သေးလို့ လက်နက်ကိုင်တိုက်နေကြရတာ ကရင်ပြည်နယ်မှာက တိုက်ပွဲပြင်းထန်နေတာ နှစ်ပတ်နီးပါးရှိတော့မယ်၊ အကျအဆုံးကတော့ စစ်တပ်က ပိုများတယ်၊ ပြီးခဲ့တဲ့ရက်မှာတော့ မဟာမိတ်အဖွဲ့အစည်းတွေမှာလည်း ကျခဲ့တယ်” ဟု တောင်ပိုင်းတိုင်းစစ်ဒေသအခြေစိုက် တိုက်ပွဲဝင်နေသည့် ရဲဘော်တဦးက Red News Agency ကိုပြောသည်။

    KNU တပ်မဟာ (၆) နယ်မြေ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် စစ်ကောင်စီတပ် တပ်ရင်း (၂၈၄) ဝင်စီးခံရပြီး လက်နက်တိုက်တခု သိမ်းဆည်းရမိပြီး အဆောက်အဦများကို တော်လှန်ရေးရဲဘော်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်ကလည်း လေကြောင်းအသုံးပြုပစ်ခတ်နေကြောင်း သိရသည်။

    #RedNewsAgency