မြောက်ပိုင်းမှာ အားကောင်းနေသည့် TNLA အရာရှိနှင့် ဗိုလ်သင်တန်းဆင်းပွဲ ပြုလုပ်

RNA_ဇန်နဝါရီ ၂၊၂၀၂၃ ခုနှစ်။
 
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အားကောင်းနေသည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ယနေ့ နံနက်ပိုင်းက နမ့်ဆန်မြို့နယ်မှာ အလုပ်သင်အရာရှိနှင့် ဗိုလ်သင်တန်းကျောင်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
PSLF/TNLA ၏ ယနေ့ ကျင်းပပြုလုပ်သည့် အပတ်စဉ် (၃) သင်တန်းဆင်းပွဲတွင် အလုပ်သင်အရာရှိသင်တန်းမှ သင်တန်းသား (၁၀၅)ဦးကို အရာရှိအဖြစ်ခန့်အပ်ခဲ့ကြောင်း၊ အပတ်စဉ် (၂) ဗိုလ်လောင်းသင်တန်းဆင်းပွဲမှ ဗိုလ်လောင်း (၅၁) ဦးကို အရာရှိအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။

 

ဗိုလ်လောင်းသင်တန်းများကို PSLF/TNLA အနေဖြင့် ၂၀၁၇ ခုနှစ်က အပတ် စဉ် (၁) ဗိုလ်သင်တန်းတွင် ဗိုလ် အရာရှိ (၅၁) ဦး၊ အပတ်စဉ် (၂) ဗိုလ်လောင်းသင်တန်းကို ၂၀၁၉ ခုနှစ်က ပြုလုပ်နိုင်ခဲ့ပြီး ဗိုလ်နှင့်အရာရှိများကို မွေးထုတ်နိုင်ခဲ့ကြောင်း၊ PSLF/TNLA တွင် အမျိုးသမီး ဗိုလ် အရာရှိများပါ တာဝန်ထမ်းဆောင်နေကြောင်း သိရသည်။
 
မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သည့် AA၊ TNLA၊ MNDAA တို့သည် နွေဦး​တော်လှန်​ရေးမှ ပေါက်ဖွားလာ​သည့် ​တော်လှန်​ရေးအဖွဲ့အစည်းတွေထဲက ပြည်သူ​ထောက်ခံမှုကိုရရှိထားပြီး တော်လှန်​ရေးဆန်​သည့် အဖွဲ့အစည်းအချို့နှင့်လက်တွဲကာ မြန်မာပြည်သူတရပ်လုံး ​မျှော်မှန်းထား​တဲ့ ဘုံရည်မှန်းချက်တွေပြည့်ဝ​စေရန်၊ လက်ရှိအ​ခြေအ​နေကို အ​ကောင်းဆုံး​ကျော်လွှားနိုင်ရန်နှင့်စစ်အာဏာရှင်စနစ်ကိုတိုက်ထုတ်နိုင်ရန်အတွက် လုပ်သင့်လုပ်ထိုက်တာတွေကိုဆက်လက်လုပ်​ဆောင်သွားမည်ဟု ၂၀၂၃ ခုနှစ် နှစ်သစ်ကူး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
#RedNewsAgency
By Editor