Red News Agency

Independent Journalism for Justice and Human Rights.

Category: အင်တာဗျူး

  • ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်သား (၁၆၉၂)ဦး သေဆုံး 

    ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်သား (၁၆၉၂)ဦး သေဆုံး 

    RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။

    မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ( ၃၁ )ရက်နေ့အထိ စစ်ကောင်စီတပ်သား (၁၆၉၂) ဦး သေဆုံးခဲ့ကြောင်း PKPF Imformation Centre မှ ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • လွတ်လပ်ရေး ကျောက်တိုင်‌ရှေ့အရောက် စကစ တပ်သား (၃)ဦး တိုက်ခိုက်ခံရပြီး (၂) ဦးသေ

    လွတ်လပ်ရေး ကျောက်တိုင်‌ရှေ့အရောက် စကစ တပ်သား (၃)ဦး တိုက်ခိုက်ခံရပြီး (၂) ဦးသေ

    RNA_ဇန်နဝါရီ ၁ ၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ လွတ်လပ်ရေးကျောက် တိုင်ရှေ့အ‌ရောက် စစ်ကောင်စီတပ်သား (၃) ဦး ယနေ့ ( ဇန်နဝါရီ ၁ ရက်) နံနက် ၆ နာရီဝန်းကျင်က မိုင်းဆွဲတိုကိခိုက်ခံရပြီး (၂) ဦး သေဆုံးကြောင်း သည်ရသည်။

    စစ်ကောင်စီတပ်သား (၃)ဦးသည် မြင်းမူမြို့အထက် တန်းကျောင်းတွင် တပ်စွဲထားသောအဖွဲ့မှ အပြင်ထွက်လာစဉ် လွတ်လပ်ရေးကျောက်တိုင်ရှေ့အရောက် ပဒေသသာမိုင်း နှစ်လုံးဖြင့် Zeroပြောက်ကျား တပ်ဖွဲ့ (မြင်းခြံ)နှင့် Ture Fighter အဖွဲ့တို့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် နှစ်သစ်အကြို တိုက်ခိုက်ခြင်းဖြစ်သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က ထုတ်ပြန်ထားသည်။

    #RedNewsAgency

  • ကျေးရွာ ၁၈ ရွာကို ပြန်လည်တည်ဆောက်မှုကိစ္စများ ဆွေးနွေးလုပ်ဆောင်

    ကျေးရွာ ၁၈ ရွာကို ပြန်လည်တည်ဆောက်မှုကိစ္စများ ဆွေးနွေးလုပ်ဆောင်

    RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၂ခုနှစ်။

    တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာ (၁၈) ရွာမှ ဒေသခံပြည်သူများထံသွားရောက်ပြီး ပုလော PDF တာဝန်ရှိသူများက တော်လှန်ရေးနှင့်ပတ်သက်သည့်ကိစ္စများ၊ ပြန်လည်တည်ဆောက်ရေးကိစ္စ စသည်တို့ကို ဆွေးနွေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    (more…)

  • တက္ကသိုလ် ကျောင်းသား (၅) ဦးနှင့် လူငယ်တဦးတို့ကို စစ်ကောင်စီက အမြင့်ဆုံး ထောင်ဒဏ် ၂၆ နှစ်ထိ ချမှတ်

    တက္ကသိုလ် ကျောင်းသား (၅) ဦးနှင့် လူငယ်တဦးတို့ကို စစ်ကောင်စီက အမြင့်ဆုံး ထောင်ဒဏ် ၂၆ နှစ်ထိ ချမှတ်

    RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၂ ခုနှစ်။
     
    ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား (၅)ဦးအပါအဝင် လူငယ် ၆ ဦးကို စစ်ကောင်စီလက်အောက်ခံ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ အမြင့်ဆုံး ထောင်ဒဏ် ၂၆ နှစ်အထိ ချမှတ်ခဲ့ကြောင်း သိရသည်။
     
    ကျောင်းသား (၅) ဦးနှင့် လူငယ်တဦးကို စစ်ကောင်စီလက်အောက်ခံ အရှေ့ပိုင်းခရိုင် တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀-က (စျ)၊ ၅၁ – ဂ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆-၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့ဖြင့် ဒီဇင်လာလ ၂၆ ရက်နေ့က ထောင်ဒဏ် ၂၆ နှစ်စီချက်မှတ်လိုက်သည်ဟု East Yangon University Students’ Union – EYUSU က ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် (၃) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၂၂) နှစ်စီချမှတ်

    ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် (၃) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၂၂) နှစ်စီချမှတ်

    RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ခုနှစ်။

    ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ဘဏ္ဌာရေးမှူး မသီရိရတနာ၊ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ဥက္ကဌ ကိုအောင်မျိုးကိုနှင့် မန္တလေးပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အမှုဆောင်ဟောင်း ကိုကျော်ဇင်လတ်တို့ကို စစ်ကောင်စီလက်အောက်ခံ အိုးဘိုထောင်တွင်းတရားရုံးမှ ထောင်ဒဏ်(၂၂)နှစ်စီ ယနေ့ ချမှတ်ခဲ့ကြောင်း သိရသည်။

     

    (more…)

  • တိုက်ပွဲတွင်း စစ်ကောင်စီဘက်က အကျအဆုံးများပြီး ကျားဖြူစစ်ကြောင်းမှ ရဲဘော်တဦးကျ

    တိုက်ပွဲတွင်း စစ်ကောင်စီဘက်က အကျအဆုံးများပြီး ကျားဖြူစစ်ကြောင်းမှ ရဲဘော်တဦးကျ

    RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၂ခုနှစ်။

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံတားကျိုးကျေးရှိ စစ်ကောင်စီတပ် တပ်ရင်းအ ကျားဖြူစစ်ကြောင်းမှဦးဆောင်ပြီး ပူးပေါင်းတပိဖွဲ့များဖြင့် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်အကျအဆုံးများပြီး ကျားဖြူတပ်ခွဲမှ ရဲဘော်တဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

    (more…)

  • BPLA ရဲဘော် အာလေး(ခ) ကာလေး ရှေ့တန်းစစ်မြေပြင်တွင်ကျဆုံး 

    BPLA ရဲဘော် အာလေး(ခ) ကာလေး ရှေ့တန်းစစ်မြေပြင်တွင်ကျဆုံး 

    RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။

    ဓာတ်ပုံ : BPLA အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဥ်(၁)မှ သင်တန်းသူ/သင်တန်းသားများအား တွေ့ရစဉ်။ 

    ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အပတ်စဉ် (၁) သင်တန်းဆင်း ရဲဘော်အာလေး(ခ) ကာလေး ( ကိုယ်ပိုက်အမှတ် BA 00014) သည် ဒီဇင်ဘာလ (၁၄) ရက်နေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်က ရှေ့တန်းစစ်မြေပြင်တွင် တော်လှန်ရေး တာဝန်များထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ကြောင်း သိရသည်။

    (more…)

  • ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းခြင်းသည် ကချင်တစ်မျိုးသားလုံးကို စစ်ကြေညာခြင်းဖြစ်သည်ဟု WKC က ကြေညာ

    ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းခြင်းသည် ကချင်တစ်မျိုးသားလုံးကို စစ်ကြေညာခြင်းဖြစ်သည်ဟု WKC က ကြေညာ

    RNA_နိုဝင်ဘာ(၇)၊၂၀၂၂ ခုနှစ်။
     
    အာဏာသိမ်းစစ်ကောင်စီက အကြောင်းပြချက်မရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌ (ငြိမ်း) ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းဆီးလိုက်ခြင်းသည် ကချင်တစ်မျိုးသားလုံးကို အလွန်အကြူးရန်စစော်ကားလိုက်ခြင်းဖြစ်သည်သာမက ထပ်မံ စစ်ကြေညာခြင်းဖြစ်သည်ဟု World Kachin Congress က ဒီဇင်ဘာလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
     
    “ဤလုပ်ရပ်သည် ကချင်တမျိုးသားလုံးကို အလွန်အကျူးရန်စစော်ကားလိုက်ခြင်းဖြစ်သည်သာမက ထပ်မံစစ်ကြေညာလိုက်ခြင်းပင်ဖြစ်သည်။ သို့ပါ၍ ပြည်သူလူထုအားလုံး ဤတော်လှန်ရေးတွင် မိမိတက်နိုင်သည့်ဘက်မှ အရှိန်မြှင့်လျက် ပါဝင်ရပ်တည်ကြပါစိုး” ဟု ထုတ်ပြန်ချက်တွင် တိုက်တွန်းနှိုးဆော်ထားသည်။

    (more…)

  • မိုင်းရှင်းလင်းရေး ပြုလုပ်စဉ် ရဲဘော် (၃) ဦးဒဏ်ရာရ

    မိုင်းရှင်းလင်းရေး ပြုလုပ်စဉ် ရဲဘော် (၃) ဦးဒဏ်ရာရ

    RNA_ဒီဇင်ဘာ(၅)၊၂၀၂၂ခုနှစ်။

    နယ်မြေစိုးမိုးထားသည့် စစ်ကောင်စီတပ်အား တိုက်ထုတ်ပြီး နယ်မြေစိုးမိုးရေးနှင့် မိုင်းရှင်းလင်းရေးပြုလုပ်စဉ် ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)မှ ရဲဘော် (၃) ဦး ဒဏ်ရာရရှိခဲ့ပြီး (၁) ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

    စစ်ကောင်စီတပ် တပ်စွဲထားသည့် ကယားပြည်နယ်၊ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာ နယ်မြေအား ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်အား မောင်းထုတ်နိုင်ခဲ့ပြီး နယ်မြေအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

    (more…)

  • ကြာအင်းဆိပ်ကြီးမြို့နယ် ခလရ ၂၈၄ မှ တပ်သားတဦး CDM ပြုလုပ်

    ကြာအင်းဆိပ်ကြီးမြို့နယ် ခလရ ၂၈၄ မှ တပ်သားတဦး CDM ပြုလုပ်

    RNA_ဒီဇင်ဘာ(၁)၊၂၀၂၂ခုနှစ်။

    ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် ကြာအင်းဆိပ်ကြီးမြို့နယ် ခလရ ၂၈၄ မှ တပ်သား စက်ပိုင်ထွန်းသည် ယနေ့ နေ့လည် (၁၂) နာရီဝန်းကျင်က နဂါးနီစစ်ကြောင်း – တပ်ခွဲ၂ နှင့် KNLA တပ်ရင်း ၁၇ တပ်ခွဲ ၂ ထံသို့ လာရောက်ပူးပေါင်းကာ CDM ပြုလုပ်ခဲ့သည်။

    ” ကျန်ရှိနေသေးသည့် တပ်မတော်သားများလည်းအာဏာရှင်လူတစ်စုစာအတွက် ရပ်တည်မနေဘဲ ပြည်သူနှင့် အမြန်ဆုံးပူးပေါင်းပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ တိုက်တွန်းလိုက်ရပါသည်” ဟု နဂါးနီ စစ်ကြောင်း တပ်ခွဲ -၂ က ထုတ်ပြန်ထားသည်။

    (more…)