လွတ်လပ်ရေးနေ့တွင် ဖောက်ခွဲရေးလုပ်မည့် နေပြည်တော် တပ်ကုန်းPDF (၃)ဦး ဖမ်းဆီးရမိဟု စစ်ကောင်စီထုတ်ပြန်

RNA_ဇန်နဝါရီ (၄)၊၂၀၂၃ခုနှစ်။
 
လွတ်လပ်ရေးနေ့တွင် တပ်ကုန်းမြို့နယ်တွင်းရှိ နေရာတော်တော်များများကို ဖောက်ခွဲရေးပြုလုပ်မည့် တပ်ကုန်းမြို့နယ် PDF (၃) ဦးကို ဖမ်းဆီးရမိခဲ့သည့်ဟု စွပ်စွဲကာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။

ယနေ့ ကျရောက်သည့် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့တွင် တပ်ကုန်းမြို့ ဗိုလ်ချုပ်ကြေးရုပ်၊ လွတ်လပ်ရေးကျောက်တိုင်၊ မြဝတီရပ်ကွက် မြို့နယ်အားကစားကွင်း စသည်တို့ကို တပ်ကုန်းမြို့နယ် PDF ကိုလှမိုး(ခ)လှမိုးအောင်၊ ကိုကျော်မျိုးသူနှှင့် ကိုကျော်ဆန်းအေး(ခ) အရှည်ကြီးတို့ကို ဇန်နဝါရီလ (၁) ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်ကုန်း PDF ဟု စွပ်စွဲ ဖမ်းဆီးခံရသူများနှင့်အတူပစ္စတို (၁)လက်၊ ကျည်အိမ် (၁)ခု၊ ကျည် (၆)တောင့်၊ PVC ပိုက်နှင့် လုပ်ထားသည် လက်လုပ်မို င်း(၁၀)လုံး၊ Keypad ဖုန်းနှင့် ချိတ်ဆက်ပြီးဖောက်ခွဲရသည့် ခလုတ်(၃)ခု၊ Keypad ဖုန်း(၁)လုံး၊ ရီမု(၁)ခုစသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
 
#RedNewsAgency
By Editor