လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြင့် အကျဉ်းသား အကျဉ်းသူ ၇၀၁၂ ဦး လွှတ်ပေးဟု စစ်ကောင်စီကြေညာ

RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။
 
ယနေ့ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသား အကျဉ်းသူ ၇၀၁၂ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ လွတ်ပေးကြောင်း စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးကလက်မှတ်ဖြင့် ထုတ်ပြန်ကြေညာထားသည်။

ယနေ့ လွတ်ပေးသည့်အထဲတွင် မတရားဖမ်းဆီးခံထားရသူ ဆရာမ ဒေါ်သန်းမြင့်အောင်၊ ဝန်ကြီး သူရဦးအောင်ကို၊ စာရေးဆရာ ဦးထင်လင်းဦးတို့နှင့် သတင်းမီဒီယာသမား တဦးလွတ်ပေးသည့်အထဲတွင် ပါဝင်သည်ဟု ယခုအချိန်ထိ အတည်ပြုနိုင်ပြီး၊ အခြားသော မတရားဖမ်းဆီးခံထားရသူများ ပါဝင်သည်ကို အတိအကျ မသိရှိရသေးကြောင်း၊ လွတ်ငြိမ်းတွင် ခိုးဆိုးလုနှိုက် အများစုဖြစ်ပြီး လွတ်နီးများကိုသာ လွတ်ပေးသည်ဟုလည်း သတင်းထွက်ပေါ်နေသည်။
 
အင်းစိန်အကျင်းထောင်မှ လွတ်ပေးမည့်အထဲတွင် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ၊ HIV ကူးစက်ခံထားရသူများပါရှိနိုင်ကြောင်း၊ စစ်ကောင်စီသည် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား အများစုကို လွတ်ပေးမည်မဟုတ်ကြောင်း အင်းစိန်ထောင်အသိုင်းအဝိုင်းမှ သိရသည်။
 
#RedNewsAgency
By Editor