၁ နှစ်အတွင်း ဒရုန်းစစ်ဆင်ရေး (၃၄၇)ကြိမ်ပျံသန်းမှုဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂၀၀) ဝန်းကျင်သေဆုံး

RNA_ဇန်နဝါရီ (၅)၊၂၀၂၃ ခုနှစ်။
 
Federal Wings ​ဒရုန်းတပ်ဖွဲ့၏ ၂၀၂၂ ခုနှစ် (၁) နှစ်တာအတွင်း ဒရုန်းစစ်ဆင်ရေး ပျံသန်းမှု (၃၄၇) ကြိမ်ပျံသန်းပြီး စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား (၂၀၀) ဝန်းကျင် သေဆုံးကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း KNU တပ်မဟာ (၃) နှင့် တပ်မဟာ (၆) နယ်အတွင်းရှိ ထိတွေ့တိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲကြီးများတွင် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းများနှင့် ပူးတွဲတိုက်ပွဲဝင်နိုင်ခဲ့ကြောင်း၊ ယခုရက်ပိုင်း ဖြစ်ပွားနေသည့် ကြာအင်းဆိပ်ကြီးတိုက်ပွဲ၊ ကော့ကရိတ်တိုက်ပွဲ၊ တောင်စွန်း တိုက်ပွဲတို့တွင်လည်း မဟာမိတ်များဖြင့် ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရသည်။

“၂၀၂၂ ခုနှစ် (၁) နှစ်တာ ကာလအတွင်း၌ ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း (၄၃၇) ကြိမ်ဖြင့် တိုက်ပွဲဝင်နိုင်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀) ခန့် ခြင်းကျားမြေဩဇာအသွင်ပြောင်းလဲမှုများရှိခဲ့ပြီး ရာပေါင်းများစွာထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း စစ်မြေပြင်သတင်းများအရ သိရှိရသည်။ ၂၀၂၂ ခုနှစ် တိုက်ပွဲများအတွင်း Federal Wings တပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုအနည်းငယ်ရရှိခဲ့သော်လည်း ပြည်သူ့လူထုမေတ္တာကြောင့် သက်သာပျောက်ကင်းခဲ့ကြပြီး သက်ဆိုင်ရာတော်လှန်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြဆဲဖြစ်ပါသည်” ဟု Federal Wings ​က ယနေ့ ထုတ်ပြန်ထားသည်။
 
NUG သတင်းအချက်အလက် နည်းပညာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MOCIT) ၏ ဦးဆောင်မှုဖြင့် Federal Wings Fundraise များမှ ကောက်ခံရရှိငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၆၅ ၂၄၂ ရရှိခဲ့ကြောင်း၊ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာန (MOCIT) နှင့် ချိတ်ဆက်ကာ တော်လှန်ရေးကိစ္စရပ်များကို ဆောင်ရွက်လျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
Red News Agency
By Editor