မဟာမိတ်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၉၀) ကျော်သေဆုံး

RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။
 
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးဒေသနှင့် ကော့ကရိတ်ဒေသတလျှောက် စစ်ကောင်စီတပ်နှင့် K.T.L.A (Lion Battalion Commando-ဗျူဟာစစ်ကြောင်း )၊ S.O.F၊ ပူးပေါင်းမဟာမိတ်အဖွဲ့များ (၆) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ စခန်း (၂) ခုကျပြီး (၉၀) ကျော်သေဆုံးခဲ့သည်ဟု K.T.L.A – Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

“တိုက်ပွဲများတွင် မိမိတို့ဘက်မှ ၆၀ မမများ၊၄၀ မမများနှင့် RPG စသော လက်နက်ကြီးများဖြင့်သာ ထိုးဖောက်တိုက်ခိုက်ခဲ့ရသော်လည်း BGFနှင့်အကြမ်းဖက်စစ်တပ်တို့ပူးပေါင်းနေထိုင်သော စခန်း (၂) ခုအား သိမ်းပိုက်နိုင်ခဲ့သည်။ ရန်သူ့စခန်းအားတိုက်ခိုက်ချေမှုန်းရာတွင် အနည်းဆုံး(၉၀)ကျော်ကျဆုံးခဲ့ပြီး ထပ်မံကျဆုံးစာရင်းကိုမူအတည်ပြုနေဆဲဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
အဆိုပါ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း Lion-Battalion စစ်ကြောင်းမှစောဘုန်းအောင်(ခ)အနဲလေး၊ စောလဲ့မူး နှင့် SOFအထူးစစ်ဆင်ရေးတပ်ဖွဲမှရဲဘော် (၆) ဦး စုစုပေါင်း (၈) ဦးကျဆုံးခဲ့ရကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသန်းပစ်ခတ်သည့်အတွက် ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အဦ ဘာသာရေးအဆောက်အဦတို့ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြည်သူ (၁၅၀၀) ကျော် စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
 
Red News Agency
By Editor