ဘုရားသုံးဆူ

ရဲစခန်းစီးနင်းသည့်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ဒိုကြီး ဈာပန

ရဲစခန်းစီးနင်းသည့်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ဒိုကြီး ဈာပန

RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ နယ်မြေရဲစခန်း စီးနင်းတိုက်ခိုက်သည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် နဂါးနီစစ်ကြောင်းမှ ရဲဘော် စိုးမိုးကျော်(ခ) ဒိုကြီး ဈာပနကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း Red Dragon Column - နဂါးနီစစ်ကြောင်း မှ ထုတ်ပြန်ထားသည်။ ဘုရားသုံးဆူမြို့ ရှိ နယ်မြေခံရဲစခန်းကို နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့မှ ဖေဖော်ဝါရီလ (၂၅) ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁၁) ဦးခန့်ကျဆုံးပြီး နဂါးနီစစ်ကြောင်းမှ ရဲဘော် ဒိုကြီီးကျဆုံးခဲ့ရခြင်းဖြစ်သည်။ Red News Agency
Read More
ဘုရားသုံးဆူရဲစခန်း စီးနင်းမှုတွင် စစ်ကောင်စီဘက်မှ (၁၁) ဦးသေ၊ PDF ရဲဘော် (၁) ဦးကျဆုံး

ဘုရားသုံးဆူရဲစခန်း စီးနင်းမှုတွင် စစ်ကောင်စီဘက်မှ (၁၁) ဦးသေ၊ PDF ရဲဘော် (၁) ဦးကျဆုံး

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ယနေ့ နံနက် (၆) နာရီမှ (၈) နာရီထိ (၂) ရီကြာတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၁) ဦးသေဆုံးပြီး၊ ပြည်သူ့ကာကွယ်ရေးဘက်မှ ရဲဘော်(၁) ဦး ကျဆုံးခဲ့သည်။ " တိုက်ပွဲအတွင်း ရဲစခန်းနှင့် စစ်ကောင်စီတပ်များဘက်မှရန်သူ့အင်အား (၁၁)ဦး ကျဆုံးကြောင်းသိရှိရပြီး မိမိတို့ဘက်မှ ရဲဘော်တစ်ဦး နိုင်ငံ့အတွက် အသက်ပေးလှူသွားခဲ့ကြောင်း စစ်မြေပြင်သတင်းအတည်ပြုချက်အရ သိရှိရပါသည်" ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။ (more…)
Read More
နဂါးနီစစ်ကြောင်းနှင့်ဘုရားသုံးဆူလူထု ပူးပေါင်းဆန္ဒပြ

နဂါးနီစစ်ကြောင်းနှင့်ဘုရားသုံးဆူလူထု ပူးပေါင်းဆန္ဒပြ

RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) လက်အောက်ခံ နဂါးနီစစ်ကြောင်း နှင့်ဘုရားသုံးဆူမြို့လူထုသပိတ်တို့ ပူးပေါင်းကာ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ (more…)
Read More
မဟာမိတ်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၉၀) ကျော်သေဆုံး

မဟာမိတ်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၉၀) ကျော်သေဆုံး

RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။   ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးဒေသနှင့် ကော့ကရိတ်ဒေသတလျှောက် စစ်ကောင်စီတပ်နှင့် K.T.L.A (Lion Battalion Commando-ဗျူဟာစစ်ကြောင်း )၊ S.O.F၊ ပူးပေါင်းမဟာမိတ်အဖွဲ့များ (၆) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ စခန်း (၂) ခုကျပြီး (၉၀) ကျော်သေဆုံးခဲ့သည်ဟု K.T.L.A - Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ထားသည်။ (more…)
Read More
Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်ကျဆုံး

Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်ကျဆုံး

Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင် ကျဆုံး၊ တိုက်ပွဲမှာ တောင်စွန်း BGF စခန်း (၂) ကိုသိမ်းပိုက်ထား RNA_ဇန်နဝါရီ၂၊၂၀၂၃ခုနှစ်။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူလမ်းပေါ်ရှိ တောင်စွန်း BGF စခန်း (၂) ခုကို သိမ်းထားနိုင်ပြီး Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင် (ခ) အနဲ့နှင့်ပူးပေါင်းတပ်ဖွဲ့မှရဲဘော်တချို့ကျဆုံးခဲ့ရကြောင်းသိရသည်။ (more…)
Read More