အားကောင်းသည့် တပ်မဟာ ၁ ခုကို ၁ နှစ်အတွင်း MNDAA အကောင်အထည်ဖော်နိုင်ခဲ့

RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။
 
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တခုဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်က ၁ နှစ်အတွင်း တပ်မဟာ (၆၁၁) ကို တပ်သားသစ်စုဆောင်းခြင်း သင်တန်းပေးခြင်းစသည့် တည်ဆောက် အကောင်အထည်ဖော်ခြင်းနှင့် လက်နက်အပြည့်အစုံ တပ်ဆင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
 
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် တပ်မဟာ (၆၁၁) သည် တနှစ်အတွင်း သင်တန်းများပြုလုပ်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲ ပြုလုပ်ကာ တပ်မဟာ တခုလုံး တိုက်ပွဲဝင်နိုင်သည့် အနေအထားဖြစ်သည့်အတွက် လက်နက်များ တပ်ဆင်ပေးခဲ့ကြောင်း ကိုးကန့်သတင်းကွန်ရက်က ထုတ်ပြန်ကြေညာထားသည်။

၂၀၂၁ ခုနှစ် မင်းအောင်လှိုင်စစ်တပ် အာဏာသိမ်းမှုနှင့်အတူ MNDAA နယ်မြေအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများဖြစ်ပွားမှုနှင့်အတူ တပ်သားသစ်စုဆောင်းခြင်းမှာ မြန်ဆန်ခဲ့ပြီး လက်နက်တပ်ဆင်ပေးခဲ့သည့် တပ်မဟာ (၆၁၁) နှစ်ပတ်လည်နေ့မှာ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ပွဲကို အကြီးအကျယ်ပြုလုပ်ခဲ့ကြသည်။
 
MNDAA တပ်မဟာ (၆၁၁) နှစ်ပတ်လည်နေ့နှင့် သင်တန်းဆင်းပွဲ၊ လက်နက်တပ်ဆင်ပွဲအခန်းအနားတွင် MNDAA ဒုစစ်ဦးစီးချုပ်နှင့် အရာရှိချုပ်တို့ တက်ရောက်ခဲ့ကြောင်း၊ အခမ်းအနားတွင် သင်တန်းသား အရာရှိ စစ်သည်အပါအဝင် ၁၂၂၈ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။
 
Photo – The Kokang
 
Red News Agency
By Editor