ကော်သူးလေအုပ်ချုပ်နယ်မြေ တိုက်ပွဲများတွင် (၂) နှစ်အတွင်း စစ်ကောင်စီတပ်မှ (၆၈၇၆) ဦး သေဆုံး

RNA_ဖေဖော်ဝါရီ( ၉)၊၂၀၂၃ ခုနှစ်။
 
ကရင်အမျိုးသားအစည်းအရုံး – KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး (၂) နှစ်အတွင်း တိုက်ပွဲပေါင်း (၈၀၃၈) ကြိမ်ဖြစ်ပွားပြီး အာဏာသိမ်း စစ်ကောင်စီတပ်များမှ (၆၈၇၆) ဦးသေဆုံးကာ (၅၅၁၉) ဦးဒဏ်ရာရကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။
 
ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့အထိ (၂) နှစ်အတွင်း စစ်ကောင်စီတပ်များမှ နယ်မြေစိုးမိုးနိုင်ရေးအတွက် တပ်အင်အားတိုးချဲ့ခြင်းများ၊ စစ်ရေးလှုပ်ရှားမှုများပိုမိုလုပ်ဆောင်ခြင်းများ အဆက်မပြတ်လုပ်ဆောင်လာသည့်အတွက် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) တို့နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေတပ်များအကြား နေတိုင်း ထိတွေ့တိုက်ပွာများ ဖြစ်ပွားခဲ့သည်။

(၂) နှစ်အတွင်း ဒူးသထူခရိုင် တပ်မဟာ (၁) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း (၈၀၁) ကြမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များမှ (၁၅၂၆) ဦးသေဆုံးကာ (၁၃၄၂) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တောအူးခရိုင် တပ်မဟာ (၂) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပါင်း (၂၇၇) ကြိမ် ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်များမှ (၅၀၅) ဦးသေဆုံးကာ (၂၀၁) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း (၅၂၅) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များမှ (၆၀၆) ဦးသေဆုံးကာ (၃၉၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဘိတ်−ထာဝယ်ခရိုင် တပ်မဟာ (၄) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း (၁၃၁) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များမှ (၂၅၉) ဦးသေဆုံးကာ (၂၄၉) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မူတြော်ခရိုင် တပ်မဟာ (၅) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း (၅၆၃၈) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များမှ (၂၇၆၀) ဦးသေဆုံးပြီး (၂၃၄၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်၊ ဒူးပလာယာ တပ်မဟာ (၆) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲ ပေါင်း (၆၆၆) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များမှ (၁၂၂၀) ဦးသေဆုံးကာ (၉၉၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
 
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ စစ်ရေးဦးဆောင်မှုအောက်ရှိ စစ်ကြောင်းများ၊ Drone တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များမှ (၂) နှစ်တာ တိုက်ပွဲများအတွင်း တိုင်းပြည်လွတ်လပ်ရေးအတွက် ရဲရဲဝံဝံ တိုက်ပွဲဝင်ရင်း (၂၁၉) ဦးမှာ အသက်ပေးလှူခဲ့ရပြီး (၆၀၅) ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်အာဏာရှင် စနစ်အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် စည်းလုံးညီညွတ်မှုနှင့် အမိန့်နာခံမှုမှာအရေးကြီးဆုံးအရာဖြစ်ပြီး၊ စစ်အာဏာရှင်စနစ်မကျရှုံးသေးသည့်အတွက် တော်လှန်ရေးတိုက်ပွဲကိုလည်း ဆက်လက် ဆင်နွှဲရအုံးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
 
#RedNewsAgency
By Editor