ဖယ်ဒရယ်နှင့်ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် SSPP/SSA လက်တွဲမည်

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။

ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် – SSPP/SSS အနေဖြင့် ဖက်ဒရယ်နှင့် ဒီမိုကရေစီရေး လိုလားသော အင်အားစုများနှင့် လက်တွဲကြိုးပမ်း ဆောင်ရွက်သွာမည်ဖြစ်ကြောင်း ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ၏ ၂၀၂၂ ခုနှစ် တိုးချဲ့ဗဟိုကော်မတီမျက်နှာစုံညီ ( နှစ်ချုပ်) အစည်း အဝေးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့မှ ဖေဖော်ဝါ ရီလ (၁) ရက်နေ့အထိ ဝမ်ဟိုင်း ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီး စဝ်ဆေထင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဗဟိုကော်မတီဝင် (၂၆) ဦး၊ အရံဗဟိုကော်မတီဝင် (၅) ဦးနှင့် ဗဟိုရုံးအဖွဲ့ဝင် (၁၄) ဦးတို့ တက်ရောက်ခဲ့ကြောင်း SSPP က ထုတ်ပြန်ထားသည်။

အစည်းအဝေးတွင် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေး၊ လက်ရှိ နိုင်ငံရေး အကြပ်အတည်းများကို အဖြေရှာ ကျော်လွှားနိုင်ရေးအပါအဝင် ရှေ့လုပ်ငန်းစဉ် (၅) ချက်ကို ချမှတ်နိုင်ခဲ့သည်။

Red News Agency

 

By Editor